အိမ်မက်ထဲက..မြို့ကြီး

naywoon niOctober 15, 20101min01

အဲဒိမြို့ကြီးမှာ
လိမ်ညာမှုတွေမရှိဘူး..။
အဲဒိမြို့ကြီးမှာ
ညစာစားဖို့ရာတွက်
အစာရှာထွက်ရတာမရျှိဘူး..။
အဲဒိမြို့ကြီးမှာ
စီးပွားရေးဈေးကွက်နဲ့တွက်ချက်
နိုင်ငံခြားထွက်ကြတာမရှိဘူး..။
အဲဒိမြို့ကြီးမှာ
ခောတ်ကိုနောက်ပြန်ဆွဲ
ကျွန်စိတ်သွင်းတဲ့ရုပ်ရှင်ကားတွေမရှိဘူး..။
အဲဒိမြို့ကြီးမှာ
မိတ်ဆွေအတုတွေလည်းမရှိဘူးတဲ့..။
အဲဒိမြို့ကြီးမှာ
အာရုံခံစားမှုအတုနဲ့ဖန်တီး
အပေါစားအချစ်ဝတ္ထုတွေလည်းမရှိဘူး..။
အဲဒိမြို့ကြီးမှာ
လောင်းကစားဖို့တစ်ကြိုထုတ်တဲ့
ဘောလုံးဂျာနယ်တွေလည်းမရှိဘူး..။
အဲဒိမြို့ကြီးမှာ
ချစ်သူတွေကစိတ်မကောက်တတ်ကြဘူးတဲ့..။
အဲဒိမြို့ကြိးမှာ
ဘယာကိုအကြောင်းပြုပြီး
နတ်ကန႖ားပေးတာမရှိဘူး..။
အဲဒိမြို့ကြီးမှာ
လာဒ်လာဘမျှော်ကိုးတဲ့
ဗေဒင်ဆရာတွေလည်းမရှိဘူး။
အဲဒိမြီု့ကြီးမှာ..
လမ်းဘေးမှာကြော်ငြာတဲ့
အရက်ကြော်ငြာတွေလည်းမရှိဘူး..။
အဲဒိမြို့ကြီးမှာ
……………….မရှိဘူး
………………မရှိဘူးတဲ့..။
ယုတ်စွအဆုံး
ကိုယ့်ကိုကိုယ်ဘာကောင်မှမဟုတ်ပဲ
ယောင်ချာချာကိုအဟုတ်ကြီးမှတ်နေတဲ့
ဟော့ဒီကနေဝန်းနီဆိုတဲ့အကောင်လည်းမရှိဘူးတဲ့…။။

နေဝန်းနီ

One comment

  • michaelaungpu

    October 15, 2010 at 12:58 pm

    ဒီ
    ကဗျာလေးလား ဘာလေးလားတော့ မသိဘူး ဖတ်လိုက်တဲ့တစ်ခဏလေးမှာ
    လူ နတ် ဗြဟ္မာ သူ ငါမဟုတ် နာမ်နှင့်ရုပ် ဆိုတဲ ့ သဘောလေးကို ပြေးပြီး မြင်ယောင်မိပါတယ်။

    Reply

Leave a Reply

Your email address will not be published.