မိန်းကလေးများ၏ နှစ်သက်မှုရရှိစေရန်

Aung MyintOctober 15, 20101min04
မိန်းကလေးတွေရဲ့နှစ်သက်မှု၊ ယုံကြည်ကိုးစားခံရမှု ရရှိစေလိုခြင်းဟာ ယောက်ျားလေးတိုင်းရဲ့စိတ်မှာတည်ရှိပြီးဖြစ်တဲ့ အခြေခံစိတ်ပဲဖြစ်ပါတယ်။ အနည်းနဲ ့အများပဲကွာခြားမှုရှိတာပါ...

မိန်းကလေးများ၏ နှစ်သက်မှုရရှိစေရန်

မိန်းကလေးတွေရဲ့နှစ်သက်မှု၊ ယုံကြည်ကိုးစားခံရမှု ရရှိစေလိုခြင်းဟာ ယောက်ျားလေးတိုင်းရဲ့စိတ်မှာတည်ရှိပြီးဖြစ်တဲ့ အခြေခံစိတ်ပဲဖြစ်ပါတယ်။ အနည်းနဲ ့အများပဲကွာခြားမှုရှိတာပါ။ ယောက်ျားလေးတစ်ယောက်အနေနဲ့ မိမိချစ်သူကောင်မလေး(သို့မဟုတ်) မိမိနှင့်ပတ်သက်ဆက်နွယ်နေသည့် ကောင်မလေးများရဲ့ နှစ်သက်လိုလားမှုကို ရရှိစေဖို့အတွက် အောက်ဖော်ပြပါအချက်များကို ဂရုစိုက်လိုက်နာဖို့လိုအပ်ပါသည်-

နေ့စဉ် ဖက်လှဲတကင်း အနည်းဆုံး တစ်ကြိမ်ပြုလုပ်ပါ။

ဖုန်းပြောပြီးတိုင်း I Love You ဟု ပြောပါ။( ကိုယ့်ချစ်သူဆိုလျင်)

အတူဆုံတွေ့စဉ် ဆိုင်တစ်ဆိုင်မှာထိုင်သည့်အခါတွင် ခုံကိုထုတ်ပေးဖို့မမေ့ပါနှင့်။

သူမရဲ့တစ်နေ့တာအကြောင်းကို မေးမြန်းပါ။

သူမကြည့်တဲ့ ဗွီဒီယိုကား(ကိုရီးယားကားဖြစ်ပါစေ) လိုက်ကြည့်ပါ။ စိတ်မဝင်စားခဲ့ရင်တောင် သူမပြောသမျှ နားထောင်ဖို့မမေ့ပါနှင့်။

ကိုရီးယားမင်းသားတွေချောကြောင်းပြောလျင် သဝန်မတိုတတ်ပဲ နားလည်ခွင့်လွတ်ပေးပါ။

ဆံပင်ပုံစံသစ်ညှပ်လာရင် (သရဲပုံပေါက်နေပါစေ) လှတယ်လို့ပြောပါ။

အကျီ င်္အသစ်ဝယ်လာရင် အရမ်းကောင်းမွန်ကြောင်း ပစ္စည်းဝယ်တော်ကြောင်းပြောဖို့မမေ့ပါနှင့်။ မိန်းကလေးအများစုသည် ဈေးဝယ်တော်သည်ဟု ချီးမွှမ်းခံလိုကြသည်။

အငြင်းပွားရင် သူမကိုအနိုင်ပေးပါ။(အကြိမ်တိုင်းနီးပါး)

သူမကြိုက်တဲ့ သောက်စရာတစ်ခုခု အမြဲလုပ်ပေးပါ။(လဘက်ရည်၊ကော်ဖီ၊ ဝိုင် စသည်ဖြင့်)

သူမစိတ်ညစ်နေသည့်အခါတိုင်း ၊ ဖုန်းဖြင့်စကားကြောရှည်နေတိုင်း ပြောသမျှကို နားထောင်ပေးဖို့မမေ့ပါနှင့်။

4 comments

  • intro

    October 15, 2010 at 12:47 pm

    ဒီလောက်နဲ့ဆို ကြည်ပြီပေါ့… ဟုတ်လား

    Reply

  • The Reds

    October 15, 2010 at 3:33 pm

    ကျန် တာ အ ကုန် လက် ခံ တယ် ဗျာ နောက် ဆုးံ နှစ် ချက် က တော. စဉ် စား ရ မယ် နဲ. တူ တယ် … ဘာ လို. လဲ ဆို … ကော် ဖီ မ ကြိုက် ပ ဲ အ ရက် ကြိုက် နေ ရင် ကော .. ပြီး ရင် ပြော သ မျှ တာ နား ထောင် နေ ရင် ဖုန်း ဘေ တွေ တက် ပြီး အိမ် က နေ ဆင်း ရ နိုင် တယ် ..

    Reply

  • Gong Zhu

    October 15, 2010 at 7:18 pm

    အရက်ကြိုက်နေရင် အရက်ဆိုက်လိုက်ပေါ့ 😛 ( လာကွာ တူတူသောက်တာပေါ့လို့ )

    Reply

  • snique

    October 20, 2010 at 3:39 pm

    ကို က အခု မှ စ လိုက်မယ်ဆိုရင် အဲဒီ ပထမ ဆုူံး တစ်ချက် က တစ်ခြား နိုင်ငံမှာ ဘာမှ မဖြစ်ပေမဲ ့မြန်မာ ပြည်မှာတော့ ပါး အနားမရ မဲ ့ကိန်းပဲ း)

    Reply

Leave a Reply

Your email address will not be published.