အမြင်မတူတာတွေကတော့ … မပြောပါနဲ့တော့

fattyOctober 7, 20101min05

တချို့ကပြောကြတယ် … အပျိုကြီးလူပြိုကြီးများဟာ … အိမ်ထောင်သည်တွေထက် ပိုပြီးကျန်းမာကြတယ်တဲ့ ….။
တချို့ကတော့ …… အပျိုကြီးတွေဟာ ….အိမ်ထောင်သည်မိန်းမတွေထက် ပိုပြိး …. အရွယ်တင်တယ်တဲ့ …..။

တချို့ကတော့ …….အပျိုကြီး လူပြိုကြီးတွေဟာ ……အိမ်ထောင်သည်တွေထက် ..ပိုပြီး ..ဇီဇာကြောင်တတ်ကြတယ်တဲ့ …။
တချို့ကတော့ …….အပျိုကြီးတွေဟာ …. အိမ်ထောင်သည်တွေထက် ..ပိုပြီး ….ဘရက်စ် ကင်ဆာ ဖြစ်တတ်ကြတယ်တဲ့ …။

တချို့ကတော့ …….. အိမ်ထောင်သည်တွေဟာ ….လူပျိုလူလွတ်တွေထက်ပု်ပြီး …. အသက်ရှည်ရှည်နေရတယ်တဲ့ ….။
ကျနော့အမြင်ကတော့ ….. အိမ်ထောင်သည်တွေဟာ …ပိုပြီးအသက်ရှည်ရှည်နေရတာမှုတ်ပါဘူး …..လူ့ဘဝနေရတဲ့အချိန်ဟာ …ပိုပြီးရှည်ကြာတယ်လို့ထင်တတ်တာပါလို့.။

5 comments

  • bigcat

    October 7, 2010 at 4:17 am

    ကျနော်ကလည် ဦးဖက်တီးကို နာမည်သာဝတာ လူ တကယ်ဝမယ်လို့ မထင်ပါဘူး။ ဦဖက်ရဲ့ပညာတွေကြောင့် နာမည်ကြီးယောင်လာတာဖြစ်ပါလိမ့်မယ်။ လူကတော့ အားကစားသမားတွေလို ကျစ်ကျစ်လစ်လစ်နဲ့လို့ပဲ တထစ်ချ ယုံကြည်ထားပါတယ်။

    Reply

  • fatty

    October 7, 2010 at 4:41 am

    နာမည်ကြီးလာတာကတော့ကောင်းပါဗျား ….. ယောင်လာတာကတော့ ….ကျောက်ကပ်ပျက်ပြီနဲ့တူတယ် …။

    Reply

    • ဆူး

      October 7, 2010 at 6:38 am

      ကျောက်ကပ်ဆိုရင်တော့ အထိုင်များပြီး ဆီးချုပ်လို့ ဖြစ်ရမယ်.. အဲဒါဆို.. မန်းလေး ဂေဇတ်ကို လျော်ကြေးတောင်း.. ဟားဟား.. နောက်တာနော်..

      Reply

  • kai

    October 7, 2010 at 9:00 am

    ဒီစာလေးဖတ်ပြီး..မန္တလေးဂေဖက်ရဲ့ ၂၀၀၆ ခုနှစ်ထဲက ပါခဲ့တဲ့ဆောင်းပါးတပုဒ် ပြန်ရှာတင်ဖြစ်သွားတယ်..။
    http://myanmargazette.net/27661/arts-humanities.html

    အပျိုကြီးလူပြိုကြီးလို့ရေးတာလေးနဲ့ ပါတ်သက်ပြီး ပြောမလို့..
    အမျိုးသမီးတွေကျတော့..အပျိုကြီး..တဲ့..။ယောက်ျားတွေကျ.. လူပြိုကြီး..တဲ့..။
    ဂေးတွေကို ဘယ်လိုပြောမှာလည်းဟင်…
    ဂပြိုကြီး..လား…?

    Reply

    • ဆူး

      October 7, 2010 at 11:34 am

      အခြောက်အိုကြီး အဲလိုဘဲ နာတို့ ရွာမှာ လွယ်လွယ်ခေါ်တယ်..

      ခေတ်စကားနဲ့ဆို.. လိင်တူအိုးကြီး.. အဲမှားလို့.. ခေါ်ချင်သလိုသာ ခေါ်ပေါ့..

      Reply

Leave a Reply

Your email address will not be published.