လူတွေရဲ့ အပြုံး

MyFirstGreenSeptember 28, 20101min00

လူတွေရဲ့ အပြုံးကို
နားလည်လိုက်တဲ့ အချိန်မှာ
ငါ့နှလုံးသားက
မျက်ရည်တစ်ပေါက် ခြွေချလိုက်တယ်။

နွေးထွေးခြင်း စစ်မှန်တဲ့ အပြုံးဆိုတာ
ဘယ်…မှာ…လဲ

ငါအဝေးက သီချင်းလေးတစ်ပုဒ် ကြားလိုက်ရတယ်
ငါ့ရင်ထဲ နွေးထွေးလှုပ်ရှားသွားလို့
အနားဆီ သွားကြည့်လိုက်တော့
သူ..ငါ့ကို..ပြုံးပြတယ်

ပြောင်းလဲခြင်းမျိုးစုံနဲ့
ပြောင်းလဲတတ်ကြတဲ့ လူသားတွေက
ပြောင်းလဲပြီးရင်း
ပြောင်းလဲခဲ့တယ်

နွေးထွေးခြင်း စစ်မှန်တဲ့ အပြုံးဆိုတာ
ဘယ်…မှာ…လဲ

ငါနားလည်လိုက်ပါပြီ
” လမင်းပမာ ” ဆိုတဲ့ တရားတော်ကို
မင်းသိချင်ရင် ရှာဖတ်ကြည့်ပါ
ငါကတော့..
တစ်ယောက်တည်းဘဲ ပျော်တော့တယ်။ ။

My first Green

Leave a Reply

Your email address will not be published.