တစ်ခါတစ်ခါ

MyFirstGreenSeptember 28, 20101min00

ငါ တစ်ခါတစ်ခါ ပြုံးနေတတ်တယ်
ဝမ်းနည်းမှုတွေနဲ့ပေါ့

ငါ တစ်ခါတစ်ခါ မှိုင်တွေနေတတ်တယ်
အတိတ်တွေကို သတိရရင်းပေါ့

ငါ တစ်ခါတစ်ခါ ပျင်းနေတတ်တယ်
စိတ်လေစွာနဲ့ပေါ့

ငါ တစ်ခါတစ်ခါ ကြိုးစားနေတတ်တယ်
အနက်ရှိုင်းဆုံးမာနတွေနဲ့ပေါ့

ငါ တစ်ခါတစ်ခါ မုန်းနေတတ်တယ်
လူတွေရဲ့ အတ္တ,တစ်ကိုယ်ကောင်းဆန်မှုကိုပေါ့

ငါ တစ်ခါတစ်ခါ ချစ်ခြင်းကို အယုံအကြည်ကင်းနေတတ်တယ်
ငါ့ ချစ်သူကလွဲလို့ပေါ့

ငါ တစ်ခါတစ်ခါ လွမ်းနေမိတယ်
မေမေနဲ့ သိပ်ချစ်ရတဲ့ချစ်သူကိုပေါ့

ပြီးတော့….
ငါ တစ်ခါတစ်ခါ သေချင်မိတယ်
သေတဲ့သူတွေနေတဲ့ သေရွာဆိုတာ ရှိခဲ့ရင်ပေါ့။

My First Green

Leave a Reply

Your email address will not be published.