အ​မျိုး​သ​မီး​များ​ ​ရင်​သား ​ပြည်​တည်​နာ​ ​ဖြစ်​စေ​နိုင်​သည့်​ ​အ​​ကြောင်း​ရင်း

etoneSeptember 24, 20101min01

ဆေးလိပ် သောက်ခြင်းနှင့် ရင်သား ထိပ်ဖျားတွင် အပေါက် ဖောက် အလှဆင်ခြင်းများက အမျိုးသမီး များ၏ ရင်သားတွင် ပြည်တည်နာ ဖြစ်ပေါ် စေနိုင်ကြောင်း သုတေသီများက ပြောကြား လိုက်သည်။

အမေရိကန် သုတေသန ပညာရှင်များက ယခု လေ့လာမှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ လုပ်ဆောင်မှုများကြောင့် ရင်သားတွင် ပြည်တည်နာ ဖြစ်ပေါ်မှုကို သာမန်ထက် ၄ဝ မှ ၅ဝ ရာခိုင်နှုန်း တိုးပွား လာစေကြောင်း သတိပေးခဲ့ကြသည်။ လိုဝါ ကာဗာ ဆေး ကောလိပ်မှ ဒေါက်တာ ဗီနော့ဂိုလာပါလီက လိုဝါဆေးရုံနှင့် ဆေးခန်းများမှ မှတ်တမ်းများနှင့် ရေဒီယို ကုထုံး စနစ်များဖြင့် ကုသ ခံရသူများကို စုံစမ်း လေ့လာမှုများ ပြုလုပ် ပြီးနောက် ယခု တွေ့ရှိမှုအား အတည်ပြု နိုင်ခဲ့သည်။ အမျိုးသမီး ၆၈ ဦးသည် ယခင်က ရေဒီယို ကုသမှု၊ ရင်သားခွဲစိတ် ကုသမှုမျိုး မရှိခဲ့သလို ရင်သား ကင်ဆာ ရာဇဝင်လည်း မတွေ့ရကြောင်း၊ သူမတို့သည် ရင်သားပြည်တည်နာကို ခံစားနေရပြီး နောက်ကြောင်းအခြေအနေကို ဖော်ထုတ်ခဲ့ရာ နို့သီးဖျားတွင် အပေါက်ဖောက် အလှဆင်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းများ ရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း     ဒေါက်တာဗီနော့ကဆိုသည်။

စီးကရက်ကြောင့် အဆိုပါ ရောဂါမျိုး ဖြစ်ပွားသည်ဟု ယူဆရသော အမျိုးသမီးများသည် အလွန်အကျွံ သောက်သုံးသူများ ဖြစ်ကြပြီး တစ်နေ့လျင် စီးကရက် ဆယ်လိပ်ထိ သောက်လေ့ရှိကြောင်းလည်း ဒေါက်တာဗီနော့က ပြောဆိုသွားသည်။

One comment

  • Gong Zhu

    September 24, 2010 at 8:04 pm

    မသောက်ပဲနဲ့ အငွေ့ရှုမိရင်ရော ဖြစ်တတ်လား . . .

    Reply

Leave a Reply

Your email address will not be published.