ကွန်ပျူတာ ဘာကြောင့် နှေးသွားရတာလဲ

“ကျွန်တော့် ကွန်ပျူတာက ဘာလို့ အလွန်နှေးနေတာလဲ” လို့ သင့်ကိုယ်သင် မကြခဏမေးဖူးပါသလား။ သူတို့ရဲ့ ကွန်ပျူတာက နှေးသွားတဲ့အခါ ကွန်ပျူတာ သုံးသူတိုင်းက ဘာမှ မလုပ်တတ်ကြတော့ပါဘူး။ တစ်ချိန်တုန်းက အဖြေကို ရှာခဲ့တာကြောင့် ကျွန်တော် သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် ကွန်ပျူတာက အကြောင်းပြချက်မရှိဘဲနဲ့ နှေးသွားတတ်လို့ပါ။ ကျွန်တော့် ကွန်ပျူတာပေါ်မှာ Spyware တွေကြောင့် ပါလို့ တစ်ချို့ လူတွေက ပြောပါတယ်။ ဒါပေမယ့် Spyware ကို ရှင်းလင်းလိုက်ပေမယ့် ကျွန်တော့် ကွန်ပျူတာရဲ့ စွမ်းရည်ကို အကျိုးမသက်ရောက်ပါဘူး။ အဲဒီကတည်းက ပြသာနာက စစ်စတမ်ထဲက လာတယ်ဆိုတာ တွက်ဆမိပါတယ်။

၁။ ကွန်ပျူတာတစ်လုံးက ဘာကြောင့် နှေးသွားရတာလဲ။

အွန်လိုင်း ဝက်ဆိုဒ်များနဲ့ ဖောရမ်များမှာ ပိုမို လွန်ကဲတဲ့ လေ့လာမူတွေကို လုပ်ပြီးတဲ့ နောက်တွင် ကွန်ပျူတာ Registry က Error တွေကြောင့် ဖြစ်တဲ့ ကွန်ပျူတာနှေးကွေးမူရဲ့ အဓိကအကြောင်းရင်းကို လေ့လာခဲ့ပါတယ်။ လူအများစုက Registry ဟာ ဘာအတွက်ဆိုတာရယ် ဒါမှမဟုတ် ကွန်ပျူတာတစ်လုံးကို ဘယ်လိုနည်းနဲ့ နှေးနိုင်တယ်ဆိုတာကို မသိကြပါဘူး။

၂။ ကွန်ပျူတာ Registry ဆိုတာ ဘာလဲ။

ကွန်ပျူတာထဲမှာရှိတဲ့ Registry ဖိုင်များမှာ သင့် ဟာ့ဝဲ နဲ့ ဆော့ဝဲ ကို မှန်မှန်ကန်ကန် ဘယ်လို လည်ပတ်ရမယ်ဆိုတာ ပြောဖို့ ညွှန်းကြားချက်များနဲ့ Setting များ ပါဝင်ပါတယ်။ Application တစ်ခုကို လုပ်ဆောင်တဲ့ အခါ ကွန်ပျူတာက မှန်ကန်တဲ့ Registry Key များကို ရှာဖွေဖို့ ရှေ့ဆက်ပါတယ်။ အချိန်ကြာလာတဲ့ အမျှ Registry မှာ Error များ ပိုမို ပါဝင်လာပါတယ်။ ဒါမှမဟုတ် စစ်စတမ်က အဲဒါတွေကို အကြိမ်ကြိမ် ရွေ့ပြောင်းပြီးတဲ့ အခါတွင် Registry Key များက ရှုပ်ပွလာပါတယ်။ စစ်စတမ်ကနေ ပျောက်ဆုံးနေတဲ့ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ အပိုင်းများကို တွေ့တဲ့အခါ ကွန်ပျူတာက ကြောက်စရာကောင်းလောက်အောင် နှေးသွားပါတယ်။ ဒါမှမဟုတ် Hang တောင် ဖြစ်သွားနိုင်ပါတယ်။

၃။ သင့် ကွန်ပျူတာ Registry ကို ဘယ်လိုနည်းနဲ့ ပြင်ဆင်မလဲ။

သင့် ကွန်ပျူတာကို ပြင်ဆင်တာက လွယ်ကူပါတယ်။ ဒါပေမယ့် သင်က Registry Setting များကို ပြောင်းလဲခြင်းနဲ့ အတွေ့အကြုံ မရှိဘူးဆိုရင် သင်ကိုယ်တိုင် လုပ်ဆောင်ဖို့ မကြိုးစားသင့်ပါဘူး။ အမှတ် အမြင့်ဆုံး Registry Cleaner တစ်ခုကို အင်တာနက်ကနေ ကျွန်တော် ဒေါင်းလုပ် လုပ်ခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ကွန်ပျူတာရဲ့ Registry ထဲမှာရှိတဲ့ Errors ပေါင်းရာချီကို မဖော်ထုတ်ခင်မှာ ကျွန်တော့် ကွန်ပျူတာကို Scan ဖတ်ပါတယ်။ နောက် ဆယ့်မိနှစ်လောက် ကြာတော့ ကျွန်တော့် ကွန်ပျူတာကို ရှင်းလင်းပေးလိုက်ပြီး သူရဲ့ လုပ်ဆောင်မူနူန်းက သိသိသာသာကို တိုးလာပါတယ်။ ကျွန်တော့် ကွန်ပျူတာက နောက်တစ်ကြိမ် အသစ်တစ်လုံးလို ခံစားရပါတယ်။

၄။ သင့် Registry ကို ထိန်းသိမ်းခြင်း

သင့် Registry ကို ရှင်းလင်းပြီးတဲ့နောက်တွင် အဲဒီအပေါ်မှာ သင့်အနေနဲက ထိန်းသိမ်းခြင်းကို လုပ်ဆောင်သင့်ပါတယ်။ သင့် Registry Cleaner ကို သင့် ကွန်ပျူတာ ချောချောမွတ်မွတ် လည်ပတ်နေစေဖို့ ရက်သတ္တပတ် အနည်းငယ် တစ်ကြိမ် Scan လုပ်ပေးပါ။ သင့် Registry ဖိုင်များကို ပြင်ဆင်ပါ။ သင့် ကွန်ပျူတာကို နောက်တစ်ခါ အသစ်တစ်လုံးကဲ့သို့ လုပ်ဆောင်ပေးပါ။

(ဝန်ခံချက်။ ။စာရေးဆရာ Austin Porter ရဲ့ ဆောင်းပါး Why is My Computer So Slow? ကို မြန်မာ ဘာသာသို့ ပြန်ဆိုပါတယ်။)

3 comments

  • sithuphyo

    September 12, 2010 at 9:43 am

    မှန်ကန်တဲ့ဆွေးနွေးချက်ပါ။ ဒီပြဿနာကို ကွန်ပြူတာစသုံးတဲ့သူအတော်များများ ဖြစ်ပါတယ်။ ဒီလိုမျိုးအသိပညာတွေ မျှဝေတဲ့အကိုကိုကျေးဇူးပါ။

    Reply

  • Gong Zhu

    September 17, 2010 at 7:21 am

    ဟုတ်တယ် ဒီမှာလည်း လေးလေးပြီး နှေးနှေးနေတယ် . . .

    Reply

  • Mobile

    January 30, 2013 at 11:22 pm

    ကျုပ်လည်းကွန်ပျူတာ ကိုအင်မတန်သုံးစွဲသူဖြစ်လို့
    အကျိုးများလှပါတယ်။

    Reply

Leave a Reply

Your email address will not be published.