California Governor အဖြစ် ရွေးကောက်ခံမည့် San Jose Mayor၏ အနာဂတ်မူဝါဒများ

kaiMay 10, 20265min0

by Myanmar Gazette

San Jose Mayor နှင့် California Governor အဖြစ် ၂၀၂၆၊ ဇွန်၂ Primary Election တွင် ရွေးကောက်ခံမည့်  Matt Mahan က ၎င်းကိုယ်တိုင်အား အစိုးရ၏ တာဝန်ခံမှုအပေါ် အာရုံစိုက်သည့် “Millennial pragmatist” (လက်တွေ့ဆန်သော မီလီနီယယ်လ်မျိုးဆက် ခေါင်းဆောင်) တစ်ဦးအဖြစ် မေ၇၊ ၂၀၂၆တွင် American Community Media က ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ Mahan က အိမ်ရာစျေးနှုန်းကြီးမြင့်မှု၊ Immigration ပြုပြင်ပြောင်းလဲမှုနှင့် AI နည်းပညာ တဟုန်ထိုးတိုးတက်လာမှု အစရှိသော California ပြည်နယ်၏ အရေးကြီးဆုံး ပြဿနာများကို ဖြေရှင်းရန်အတွက် ၎င်း၏ San Jose မြို့မှ အောင်မြင်မှုများကို စံနမူနာပြကာာ ပြောကြားခဲ့သည်။

Moderator ဖြစ်သူ Pilar Marrero အား Mahan က ၎င်းစီမံခန့်ခွဲနေသော မြို့၏ ၄၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံခြားတွင် မွေးဖွားသူများဖြစ်ကြောင်းနှင့် ၎င်းကိုယ်တိုင်မှာလည်း စိုက်ပျိုးရေးမြို့လေးတစ်မြို့တွင် ကြီးပြင်းခဲ့သူဖြစ်၍ “Working-class struggle” (အခြေခံလူတန်းစားတို့၏ ရုန်းကန်ရမှု) ကို နားလည်သူဖြစ်ကြောင်း ကိုလဲ ပြောဆိုခဲ့သည်။

Immigration: သင်္ကေတများထက် လက်တွေ့ကျမှုက ပိုအရေးကြီး။

သဘောထားကွဲလွဲမှုများရှိနေသော “Abolish ICE” လှုပ်ရှားမှုနှင့် ပတ်သက်၍ Mahan က ၎င်းသည် “Symbolic” (သင်္ကေတ သဘောတရား) သာဖြစ်သည်ဟု ဆိုကာ ဘက်စုံပြုပြင်ပြောင်းလဲရေးဘက်သို့ သူ၏ဆွေးနွေးမှုကို ဦးတည်ခဲ့သည်။ အထောက်အထားမဲ့ နေထိုင်သူများ၏ လူသားဆန်မှုကို အသိအမှတ်ပြုသည့် စနစ်တစ်ခုအတွက် တိုက်တွန်းခဲ့သည်။

ကျွန်တော်ဟာ အိမ်နီးချင်း သုံးပုံတစ်ပုံလောက်က အထောက်အထားမဲ့တွေဖြစ်တဲ့ စိုက်ပျိုးရေးမြို့လေးမှာ ကြီးပြင်းခဲ့တာပါ။ သူတို့ဟာ ကျွန်တော်တွေ့ဖူးသမျှထဲမှာ အလုပ်အကြိုးစားဆုံး လူတွေဖြစ်ပြီးတိုင်းပြည်အတွက် ကူညီနေကြသူတွေ၊ အလုပ်လုပ်နေကြသူတွေနဲ့ အခွန်ပေးဆောင်နေကြသူတွေ ဖြစ်ပါတယ်” ဟုဆိုသည်။

ခေတ်သစ်လုံခြုံရေးခြိမ်းခြောက်မှုများကို ဖြေရှင်းရန်အတွက် “Common sense” ရှိသော နယ်စပ်လုံခြုံရေးနှင့်အတူ နိုင်ငံသားဖြစ်ခွင့်ရရှိရေး လမ်းစကိုလည်း ထောက်ခံခဲ့သည်။ San Jose မြို့အနေဖြင့် Trump Administration ကို အကြိမ်ပေါင်းများစွာ တရားစွဲဆိုခဲ့ကြောင်းနှင့် Immigrant များအတွက် ဥပဒေရေးရာ အရင်းအမြစ်များကို တိုးမြှင့်ပေးခဲ့ကြောင်း ၎င်းက ဂုဏ်ယူစွာ ပြောကြားခဲ့သည်။ ထို့အပြင် Governor အဖြစ် အရွေးခံရပါက California ၏ Sanctuary laws ကို ချိုးဖောက်သော မည်သည့် Federal agents ကိုမဆို တရားစွဲဆိုသွားမည်ဟု လဲ ဆိုသည်။

အိမ်ရာနှင့် စျေးနှုန်းကြီးမြင့်မှု။

ရွေးကောက်ပွဲတွင် ပါဝင်သူများထဲ၌ တစ်ဦးတည်းသော Millennial ဖြစ်သူ Mahan က ၎င်း၏ ညီမများပင် ပြည်နယ်မှ ထွက်ခွာသွားရသည်အထိ ဖြစ်လာသော ကုန်စျေးနှုန်းကြီးမြင့်မှုအပေါ် စိတ်အားထက်သန်စွာ ပြောဆိုခဲ့သည်။ အိမ်ရာစျေးနှုန်းကြီးမြင့်မှုမှာ ဖြေရှင်းမရသော ပြဿနာမဟုတ်ဘဲ Policy Breakdown (မူဝါဒ ပျက်ယွင်းမှု) သာဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

California မှာ ကျွန်တော်တို့တွေ Condo တွေ မဆောက်နိုင်တော့ဘူးဆောက်လုပ်ရေး ချို့ယွင်းချက်ဆိုင်ရာ တာဝန်ယူမှု ဥပဒေတွေက ဘဏ္ဍာရေး အထောက်အပံ့ ရဖို့ကို မဖြစ်နိုင်သလောက် ခက်ခဲစေပါတယ်။”

အိမ်ယာ၊ စွမ်းအင်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကဲ့သို့သော အခြေခံလိုအပ်ချက်များအပေါ် “စည်းမျဉ်းဥပဒေတွေနဲ့ ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ” ထပ်ဆင့် တိုးပွားစေသည့် စည်းမျဉ်းပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲရန် အဆိုပြုခဲ့သည်။

AI: “အစားထိုးဖို့ မဟုတ်ဘဲ အသုံးချဖို့

AI နည်းပညာကြောင့် အလုပ်အကိုင်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသော ကျောင်းသားများအတွက် Mahan က ၎င်း၏ “Capital of Silicon Valley” အတွေ့အကြုံကို အသုံးပြု၍ ရှင်းလင်းခဲ့သည်။ ၎င်းက ယခုအခါ မြို့ပေါင်း ၉၀၀ ကျော်တွင် အသုံးပြုနေသော Gov AI Coalition အကြောင်းကို ဆွေးနွေးခဲ့သည်။

ဒီကိရိယာတွေဟာ ကျွန်တော်တို့ရဲ့ အလုပ်သမားတွေကို အစားထိုးဖို့ မဟုတ်ဘဲ သူတို့ကို အားဖြည့်ပေးဖို့နဲ့ ကူညီပေးဖို့ ဖြစ်စေချင်တာပါ။

Mahan က AI ကုမ္ပဏီကြီးများထံမှ အခွန်ကောက်ခံ၍ အလုပ်သမားများ၏ ကျွမ်းကျင်မှု မြှင့်တင်ရေးနှင့် Apprenticeships များအတွက် အသုံးပြုမည့် “Shared Prosperity Fund” ထူထောင်ရန် ထောက်ခံခဲ့သည်။ ထို့အပြင် Healthcare၊ Criminal justice နှင့် အလုပ်အကိုင်ဆိုင်ရာ ဆုံးဖြတ်ချက်များတွင် “Human-in-the-loop” (လူသား ပါဝင်ရမည်ဟူသော လိုအပ်ချက်) ကိုလည်း တိုက်တွန်းခဲ့သည်။

ရလဒ်များအပေါ် အာရုံစိုက်မှု

Mahan က နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို တိုက်ဖျက်ရန် အကောင်းဆုံးနည်းလမ်းမှာ မြင်သာသော ရလဒ်များ ထွက်ပေါ်လာအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျွန်တော်ဟာ ရလဒ်တွေနဲ့ တရားမျှတတဲ့ ရလဒ်တွေအပေါ်မှာ မလျှော့သော ဇွဲနဲ့ အာရုံစိုက်ပါတယ်။ အာဏာရှင်စနစ်ကို အကောင်းဆုံး တွန်းလှန်နိုင်တာဟာ ရလဒ်တွေပဲလို့ ကျွန်တော် ယုံကြည်ပါတယ်အဲဒါကတော့ အစိုးရကို ပြည်သူတွေအတွက် တကယ် အလုပ်လုပ်အောင် ဖန်တီးပေးတာပါပဲ။”