ကယ်လီဖိုးနီယားပြည်နယ်သည် သင့်ဆန္ဒမဲစွမ်းအားကို လေးစားအသိအမှတ်ပြုပါသည်။

kaiDecember 12, 20243min00

ကယ်လီဖိုးနီယားပြည်နယ်သည် သင့်ဆန္ဒမဲစွမ်းအားကို လေးစားအသိအမှတ်ပြုပါသည်။
By Shirley N. Weber, PhD, California Secretary of State
( ကယ်လီဖိုးနီယားပြည်နယ် အတွင်းရေးမှူး။)

ကယ်လီဖိုးနီးယားပြည်နယ်တွင်နေထိုင်သူများ- Californians ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာဖြင့် ယခုကဲ့သို့ လူသိရှင်ကြားပြောဆိုနိုင်ကြပါတယ်။ : ကယ်လီဖိုးနီးယားပြည်နယ်ဟာ ကျမတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ပိုမိုသိသာထင်ရှားတဲ့ပြုပြင်ပြင်ဆင်ခြင်းတွေပြုလုပ်ခဲ့ပြီး တခြားပြည်နယ်များထက် မဲပေးပိုင်ခွင့်တွေကို ပိုပြီးလွတ်လပ်ကျယ်ပြန့်အောင် တိုးချဲ့ခဲ့ပြီးဖြစ်ပါတယ်။

Shirley N. Weber, PhD, California Secretary of State

နောက်နှစ်မှာ Voting Rights Act – မဲပေးခွင့်အက်ဥပဒေ နှစ်၆၀ပြည့်အထိမ်းအမှတ်ကိုကျင်းပမှာဖြစ်သလို ထိုပြီးမြောက်အောင်မြင်ခဲ့ခြင်းရဲ့ ဆက်စပ်မှုဟာ နက်ရှိုင်းလှပါတယ်။ ထိုတရားဝင်ဥပဒေပြုခြင်းမှတ်တိုင်ဟာ ကျမတို့တိုင်းပြည်ရဲ့ ရှည်လျားတဲ့သမိုင်းကြောင်းမှာ အမေရိကန်ပေါင်းမြောက်များစွာ ဆယ်စုနှစ်တွေချီပြီး မဲရုံတွေမှာကြုံတွေ့ခဲ့ရတဲ့ မဲဆန္ဒရှင်တွေကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ မဲပေးခွင့်ကိုချိုးနှိမ်ဖောက်ဖျက်ခြင်းတွေကို ဖယ်ရှားပစ်ဖို့ စတင်ခဲ့ပါတယ်။

ကျမရဲ့မိဘများဟာ စာရင်းငှားလယ်လုပ်သူတွေဖြစ်ကြပြီး လူမည်းများကိုလူမျိုးရေးခွဲခြားဆက်ဆံမှုကြီးစိုးသည့် Jim Crow ကာလမြားက အမေရိကားတောင်ပိုင်းမှာ မဲဆန္ဒရှင်များရဲ့အခွင့်ကို ငြင်းပယ်ခံခဲ့ရသူတွေဖြစ်ပါတယ်။ အာကင်ဆောပြည်နယ်- Arkansas, Hope မြို့ကနေ Los Angeles ကို မရွှေ့ပြောင်းမီအချိန်တွေမှာ ကျမရဲ့မိဘတွေဖြစ်တဲ့ David နဲ့ Mildred Nash တို့ဟာ မဲပေးခွင့် မရခဲ့ကြပါဘူး။ ကျမရဲ့အဖေဟာ မဲဆန္ဒရှင်အဖြစ် မှတ်ပုံမတင်ရသေးမီမှာ အရွယ်ရောက်ပြီးသူ ကလေး၆ယောက်အဖေဖြစ်ခဲ့ပြီး ကယ်လီဖိုးနီးယားမှာ ဒီအခြေခံဥပဒေအရ ရပိုင်ခွင့်ကို ပထမဆုံးအကြိမ်အဖြစ် ကျင့်သုံးနိုင်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အတွင်းရေးမှူးအနေနဲ့ နှစ်တွေအတွင်းမှာ ကျွန်မ့ လုပ်ခဲ့တဲ့ တိုးတက်မှုတွေကို ပေါ့ပေါ့တန်တန် သဘောမထားပါဘူး။ ကျွန်ုပ်နှင့်ကျွန်ုပ်တို့၏ ရွေးကောက်ပွဲများသည် လုံခြုံ၊ လွတ်လပ်၊ တရားမျှတပြီး အားလုံးလက်လှမ်းမီနိုင်စေဖို့ကို သေချာဖို့အတွက် ကျမနဲ့ ကျမတို့ရဲ့ဟာ ဝန်ထမ်းများဟာ ပြီးမြောက်ကျေပွန်တဲ့တာဝန်ကို ထမ်းဆောင်ပါတယ်။ ဒါ့ကြောင့် ဒီနှစ် ဒီဇင်ဘာ ၁၃ ရက် ရွေးကောက်ပွဲအတွက် ရလဒ်များကို အတည်ပြုခြင်းမပြုမီ၊ မဲတိုင်းကို ရေတွက်ကြောင်း သေချာစေဖို့တွက် အဆင့်များစွာကို ဆောင်ရွက်ခဲ့ပါတယ်။ ကျွမတို့ရဲ့ ရေတွက်ခြင်းလုပ်ငန်းစဉ်ဟာ ယုံကြည်စိတ်ချရပြီး ဝင်ရောက်စွက်ဖက်ခြင်းမှ ကင်းဝေးကြောင်းကိုလည်း ကျမတို့ သေချာအောင်ဆောင်ရွက်ခဲ့ပါတယ်။

နောက်ဆုံးသတ်မှတ်ထားတဲ့ရက်မှာ အခက်အခဲအနှောက်အယှက်မရှိစေဖို့အတွက် ကယ်လီဖိုးနီးယားက ကောင်တီ၈၅ခုက ရွေးကောက်ပွဲဝန်ထမ်းတွေကို သတ်မှတ်ထားတဲ့ရက်မှာ သူတို့ရဲ့တရားဝင်ရလာဒ်တွေကို တင်ပြပေးဖို့ ကယ်လီဖိုးနီးယားမှာ လိုအပ်ပါတယ်။ ဒီနှစ်ပါ အဲ့ဒီနေ့စွဲဟာ ဒီဇင်ဘာ၆ရက်ဖြစ်ပါတယ်။

ဥပဒေအရ ကျမတို့ပြည်နယ်မှာရှိကြတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းဟာ စာတိုက်ကပို့ပေးတဲ့ စာတိုက်ကနေမဲပေးနိုင်တဲ့ ဆန္ဒမဲပြား(vote-by-mail ballot) ကို ရရှိကြပါတယ်။ ဒီအချက်ဟာ မှတ်ပုံတင်ထားသူမဲဆန္ဒရှင်တိုင်းဟာ သူတို့ရဲ့မဲပေးပိုင်ခွင့်ကို ကျင့်သုံးဖို့ သေချာစေပါတယ်။

သင်ဟာ သင့်မဲပြားကို သီးသန့်ပြုလုပ်ပေးထားတဲ့မဲပုံးမှာထည့်တာဖြစ်စေ၊ မဲပြားကို စာတိုက်ကနေပေးပို့ပြီးမဲပေးတာဖြစ်စေ၊ ဒါမှမဟုတ် မဲရုံမှာ သင်ကိုယ်တိုင်မဲသွားထည့်တာဖြစ်စေ၊ ဆန္ဒမဲတွေဟာ လုံခြုံပြီး စိတ်ချရပါတယ်။ မဲဆန္ဒရှင်တွေကို ကိုယ်ပေးလိုက်တဲ့ဆန္ဒမဲပြားရဲ့အခြေအနေကို the Where’s My Ballot? Tool ကိုသုံးပြီး သိဖို့ ဖုန်းစာတို၊ အီးမေးလ်း၊ ဒါမှမဟုတ် အသံနဲ့ဖုန်းခေါ်တဲ့သတိပေးခြင်းတွေကိုလက်ခံဖို့ sign up လုပ်ခွင့်ကို ကျမတို့က ပေးထားပါတယ်။
.

စာတိုက်ကမဲပေးကြတဲ့ မဲဆန္ဒရှင် Californians ကယ်လီဖိုးနီးယားမှာနေထိုင်သူတွေရဲ့ မဲပြားတွေကိုလည်း ကာကွယ်ပေးထားပါတယ်။ The United States Postal Service စာတိုက်ဟာ ပြည်နယ်နဲ့ မိတ်ဖက်ပြုလုပ်ပြီး မဲပြားတွေကို အချိန်မီစာဝေဖို့ သေချာအောင်အလုပ်လုပ်ပါတယ်။ မှတ်ပုံတင်ထားတဲ့မဲဆန္ဒရှင်တစ်ဦးချင်းစီတိုင်းအတွက် စာတိုက်ကနေ mailed-in ballots မဲပြားအားလုံးကို တံဆိပ်ခေါင်းခွန်ပေးထားပြီးသားစာအိတ်နဲ့အတူ First Class mail ပထမတန်းစာပို့စနစ်နဲ့ ပေးပို့ပါတယ်။

Election Security ရွေးကောက်ပွဲလုံခြုံစိတ်ချမှုရှိဖို့ဟာ ကျမတို့ရဲ့ ပထမဦးစားပေးပါပဲ။ ဒါ့ကြောင့် ကျမရဲ့ရုံးဟာ ဒီကတိကဝတ်နဲ့လုပ်ဆောင်ချက်ကို ကျောထောက်နောက်ခံအရန်ထားဖို့အတွက် အစီအစဉ်ပရိုဂရမ်တခုကို ရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။

ဒီ့အပြင် ကယ်လီဖိုးနီးယားဟာ ကြိုတင်ကာကွယ်မှုတွေနဲ့ ကျမတို့ရဲ့မဲပေးတဲ့နည်းပညာပိုင်းမှာ ကျမတို့ရဲ့ရွေးကောက်ပွဲတွေကို လုံခြုံစိတ်ချရစေပြီး မဲပေးသူတိုင်းရဲ့မဲတွေကို ကာကွယ်ပေးပါတယ်။

ဥပမာပြရရင် cyberthreats-ဆိုင်ဘာနည်းပညာဆိုင်ရာခြိမ်းခြောက်မှုတွေကနေကာကွယ်ဖို့အတွက် ကောင်တီကမဲပေးတဲ့စနစ်တွေဟာ အင်တာနက်နဲ့ချိတ်ဆက်မထားပါဘူး။ ပြည်နယ်ဟာ မဲပေးတဲ့စနစ်တွေဟာ အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ကိုသေချာဖို့အတွက် တင်းတင်းကျပ်ကျပ်နဲ့နှံ့နှံ့စပ်စပ်ပုံမှန်စမ်းသပ်ချက်ကို ဆောက်ရွက်ပြီး အခွင့်အာဏာရှိသူသည်သာ သတ်မှတ်ထားတဲ့ဝင်ရောက်ခွင့်ကိုပေးထားပါတယ်။

ဝန်ထမ်းတွေကို အင်တာနက်ကနေလိမ်လည်လှည့်ဖျားခြင်းသတိပြုဖွယ် (phishing) နဲ့ ဆိုင်ဘာလုံခြုံရေးလေ့ကျင့်သင်ကြားပေးခြင်း(cybersecurity) တွေလုပ်ပေးပါတယ်။

VoteCal လို့ခေါ်တဲ့ ပြည်နယ်ရဲ့ ဗဟိုမဲဆန္ဒရှင်မှတ်ပုံတင်စနစ်ဟာ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒီစနစ်ကို ပုံမှန် updated လုပ်နေပြီး မဲဆန္ဒရှင်တွေရဲ့လက်မှတ်တွေကို အတည်ပြုဖို့အတွက် ဒီစနစ်ကို အရင်းအမြစ်အနေနဲ့ အသုံးပြုပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ မဲရေတွက်တဲ့နေရာတိုင်းမှာ လုံခြုံရေးလည်း ထားရှိပြီး ballot drop-off boxes မဲထည့်တဲ့မဲပုံးတွေဟာ သေသေချာချာ လုံခြုံပြီး မဲပုံးတွေကို သေသေချာချာ မျက်ခြေမပြတ်စောင့်ကြည့်ပါတယ်။

သတ်မှတ်ထားတဲ့နာရီပိုင်းတွေအတွင်းမှာ ရွေးကောက်ပွဲအစီအစဉ်အားလုံးကို စောင့်ကြည့်လေ့လာဖို့ ဖွင့်ပေးထားပါတယ်။

ကျမရဲ့ Secretary of State of California ကယ်လီဖိုးနီးယားပြည်နယ် အတွင်းရေးမှူးအနေနဲ့ ကျမတို့ရဲ့ဒီမိုကရေစီကိုကာကွယ်ဖို့ထက် ပိုပြီးအရေးကြီးတာ ဘာမှမရှိပါဘူး။ မဲပေးခွင့်တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ Californians ကယ်လီဖိုးနီးယားမှာနေထိုင်သူများနဲ့အမေရိကန်တိုင်းက ယုံကြည်ပြီး လမ်းညွှန်ချက်နဲ့မျှော်လင့်ချက်ကိုရှာဖွေနိုင်တဲ့ မူဝါဒတွေနဲ့ လက်တွေ့ကျင့်သုံးခြင်းတွေကို ကိုင်စွဲပြီး ကျမတို့ပြည်နယ်ကို ဦးဆောင်ဖို့ ကျမ ကတိကဝတ်ပြုပါတယ်။

California Office of the Secretary of State ကို 1-800-345-Vote ဖုန်းခေါ်ခြင်း(သို့မဟုတ်) elections@sos.ca.gov ကို အီးမေးလ်ပို့ခြင်းဖြင့် သိလိုသည်များကိုစုံစမ်းုခြင်းများ၊ သို့မဟုတ် သံသယဖြစ်ဖွယ်များနှင့် မူုမမှန်ခြင်းများကိုအသိပေးခြင်းများပြုလုပ်နိုင်ပါတယ်။ နောက်ဆက်တွဲသတင်းများကို www.sos.ca.gov နှင့် ရုံးရဲ့လူမှုကွန်ယက်ပလက်ဖောင်းများမှာ ဖတ်နိုင်ပါတယ်။

Instagram: @californiasos_
Facebook: Facebook.com/CaliforniaSOS
X: @CASOSVote

Leave a Reply

Your email address will not be published.