“နိုင်ငံတော်အခြေပြလား.. ကန်ပိန်းလား.. မကွဲပြား”

kaiMarch 11, 20242min00

“နိုင်ငံတော်အခြေပြလား.. ကန်ပိန်းလား.. မကွဲပြား”

မနေ့ညက… သမ္မတရဲ့… နိုင်ငံတော်အခြေပြမိန့်ခွန်းဟောကြားပါတယ်..။ ဟောက်စ်.. စိနိတ်နဲ့.. စူပရင်းကိုသ့်အပါအဝင်.. ကက်ဘိနက်ဝန်ကြီးများ.. ဗိုလ်ချုပ်ကြီးများ.. အားလုံးရှေ့မှာ.. ဟောကြားပြီး.. မီဒီယာတွေကလွှင့်ထုတ်တာပါ..။

သမ္မတကြီးဟောင်းထရမ့်ကို…. ၁၃ကြိမ်ထိခိုက်ပြောသွားတာမှာ… တကြိမ်မှ.. ထရမ့်ဆိုတဲ့နာမည်ကိုမသုံး.. ငါ့အရင်လူလို့သာသုံးပါတယ်..။

ထရမ့်အမာခံ.. မက်ဂါဖိုက်တာ.. Marjorie က… ဘိုင်ဒန်ခမ်းမထဲဝင်လာကထဲက… ရင်ထိုးတံဆိပ်လေးပေးပြီး.. အဲဒီအမေရိကန်က.. တရားမဝင်ခိုးဝင်သတ်တာခံရသူမို့.. အမည်ကိုပြောပါလို့.. တိုက်တွန်းခဲ့ပြီး.. မိန့်ခွန်ဟောနေတုံးလည်း.. ဖြတ်ပြီးဝင်အော်တာမှာ… ဘိုင်ဒန်က.. နာမည်ထုတ်ပြောခဲ့ပါတယ်..။ ထူးဆန်းတာက.. undocumented immigrant, အစား.. ဒီမိုကရက်တွေသုံးလေ့မရှိတဲ့.. “illegal,” လို့သုံးသွား..။

မိန့်ခွန်းထဲပါတဲ့.. ဘိုင်ဒန်.. လုပ်ပြီး.. လုပ်ပြ.. လုပ်မှာတွေကတော့.. ဒီမိုကရက်တွေထုံးစံတွေအတိုင်းမို့.. ထူးပြီးပြောစရာမရှိ..။ အမေရိကားစီးပွားရေးကတက်နေပြီး.. အလုပ်လက်မဲ့နှုန်းက.. ကျနေတာမို့… စီးပွားရေးအခြေအနေကောင်း..။

အထူးသတိထား.. လူမကြိုက်တဲ့.. နယ်စပ်ခိုးဝင်ကိစ္စနဲ့.. အစ္စရေး-ဟားမားစစ်ကို.. လည်းပြောသွားတာမှာ.. နယ်စပ်ကိစ္စ.. နောက်သက်တမ်းလည်း.. အရမ်းကြီးပိတ်ထားမယ့်ပုံမပေါ်သလို.. အဝင်ခံဦးမှာပါ..။

Two-state solution ခေါ်တဲ့.. အစ္စရေး.. ပါလက်စတိုင်း… ၂နိုင်ငံအတူယှဥ်‌တွဲနေရေးကို.. တွန်းလုပ်သွားမယ့် .. သဘောပါ..။

အသက်အငယ်ဆုံးစိနိတ်တာကနေ.. အသက်အကြီးဆုံးသမ္မတအထိ.. နှစ် ၅၀ကျော် နိုင်ငံရေးလုပ်နေတဲ့.. နိုင်ငံရေးသတ္တဝါကြီးမို့.. သူ့အတွက်.. ဘာမှခက်ပုံမရ..။

ဟောပြောချိန်… ၁နာရီ၇မိနစ်မှာ.. အဝင်အထွက်.. အကုန်ပေါင်း.. ၂နာရီလောက်.. တောက်လျှောက်ပွဲကြမ်းသွားတာပါ..။

စာရင်းချုပ်လိုက်ရင်.. သမ္မတသက်ကြားအို.. ဆိုလိုတာက… ငါမအိုသေးပေါ့လေ..။

အသက်က… သူနောက်တကြိမ်အရွေးခံရဖို့မှာ.. အကြီးမားဆုံး.. အတားအဆီးပါ..။

နိုင်ငံတော်အခြေပြမိန့်ခွန်းနေရာ.. ကင်န်ပိန်းစကားတွေနဲ့.. စည်းရုံးရေးဆင်းလုပ်စားသွားတဲ့.. ဘိုင်ဒန်က.. မထူးဆန်းပေမယ့်… သူ့မိန့်ခွန်းကို.. (ထုံးစံအတိုင်း) ရီပါ့ဗလစ်ကန်ပါတီဖက်ကတုံ့ပြန်တာမှာ.. ရွေးထားသူက.. ထူးခြားပါတယ်..။

အသက်၄၀ကျော်.. အယ်လဘားမားစိနိတ်တာ.. ရီပါ့ဗလစ်ကန်သမိုင်းမှာ.. အသက်အငယ်ဆုံး ရုပ်ချောတဲ့အမျိုးသမီး Katie Britt ကို.. သုံးသွား..။ မဲ့ကာရွှဲ့ကာနဲ့.. ဟောလိဝုဒ်ဇတ်လမ်းရိုက်သလို.. ပညာပြသွားတဲ့.. ကေတီဘရစ်သ်က… ထရမ့်… ဒုသမ္မတဖြစ်နိုင်ချေရှိသူလည်းဖြစ်ကြောင်း..။

ဒီနေ့မှာ.. ထရမ့်က.. သူ့နှစ်၃၀ကျော်ကမုဒိမ်းမှုအတွက်.. နစ်နာကြေး သန်း၉၀ကျော်ပေးရမယ့်ကိစ္စနဲ့.. ဂျွမ်းပြန်… .အလုပ်ရှုပ်နေ..။

အမျှ.. သာဓု.. 😛

https://www.whitehouse.gov/state-of-the-union-2024/

Leave a Reply

Your email address will not be published.