ဟန်တာဘိုင်ဒင်ကို.. ထရပ်ဖစ်တစ်ကက်ပေးတာမျိုး….

kaiJune 20, 20232min00

ထရမ့်က.. အဲလိုဆိုပါတယ်..။ သမ္မတဘိုင်ဒင်ရဲ့သား.. ဟန်တာဘိုင်ဒင်ရင်ဆိုင်နေရတဲ့.. အမှုတွေအတွက်.. အမေရိကတရားရေးဌာနက.. ပေးလိုက်တဲ့.. အပြစ်အတိမ်အနက်ကို.. နှိုင်းပြောလိုက်တာပါ..။

ထရပ်ဖစ်တစ်ကက်ဆိုတာက.. အင်မတန်အ‌ပေါ့စားပစ်မှုပါ..။ ငွေလျှော်လိုက်ရင်ပြီးပါတယ်..။

အခုလိုဖြစ်လာတဲ့.. ဇတ်လမ်းအစက .. ၂၀၁၈ ထရမ့်သမ္မတဖြစ်နေတုံးကစပါတယ်..။ ဟန်တာဘိုင်ဒင်ကို.. ၅နှစ်လောက်.. တရားရေးဌာနက.. စုံစမ်းစစ်ဆေးပြီးသကာလ.. ဟန်တာဘိုင်ဒင်ကို.. ပစ်မှုထင်ရှားတယ်ဆုံးဖြတ်.. ဟန်တာကလည်း.. အပြစ်ရှိကြောင်းဝန်ခံလိုက်တာပါ..။

အခွန်မဆောင်မှုနဲ့.. မူးယစ်ဆေးစွဲနေတုံး.. သေနတ်ကိုင်မှုတို့အတွက်.. အပြစ်ရှိတာမို့.. အခွန်မဆောင်တာကို.. ဆောင်..။ သေနတ်မကိုင်ရတာကို… မကိုင်ပဲ.. အတိုင်းအတာတခုနေလိုက်ရင်.. ပြီးမယ့်သဘော..။ ထောင်ကျမယ့်ပုံမပေါ်..။

အမှုလိုက်ခဲ့တဲ့.. ယူကရိန်းစွမ်းအင်ဌာနဆီက.. ‌လာဘ်ငွေလက်ခံမှု.. ၊ ချိုင်းနားကုမ္ပဏီဆီက.. စိန်တုံးကြီးရထားမှုတို့.. ဘာဖြစ်သွားသလဲ.. မသိ..။

သမ္မတဘိုင်ဒင်ကတော့.. ရှေးက.. သူ့သားဟန်တာမှာအပြစ်မရှိကြောင်းပြောဖူး..။ အခုလည်း.. ဂုဏ်ယူပါတယ်လို့.. ပြောလိုက်ကြောင်း..။

သူ၂၀၂၀မှာ.. သမ္မတဖြစ်လာပေမယ့်.. ထရမ့်လုပ်သွားတဲ့.. တရားရေးဌာနက.. သူ့သားအမှုလိုက်တာကိုတော့.. ပိတ်ပစ်ထားခြင်းရှိပုံမရ..။

သမ္မတကြီးဟောင်းထရမ့်ကတော့.. ဖက်ဒ်ရယ်ပြစ်မှု ၃၇ခုနဲ့.. နှစ်ပါးဆက်သွားရမယ့်ဖြစ်ပြီး.. အမှုဆက်ကြားနာမယ့် နေ့ကို… .. သြဂုတ်လ ၁၄ရက်နေ့လို့.. အကြမ်းသတ်မှတ်ထားပါသတဲ့..။

သူ့အမှုတွေက.. ဝန်ခံလိုက်ရင်.. ထောင်ထဲ.. နှစ်ရာချီနေရမှာမျိုး..။

ထရမ့်မိသားစုမှာလည်း.. ပြစ်မှုပြဿနာ‌တွေရှိပါတယ်..။ ထရမ့်သားမက်.. ခွတ်ရှနာက.. ချိုင်းနားမှာ ဆော်ဒီမှာ… ယူထားဝါးထားတာတွေ.. တပုံတပင်.. မီဒီယာတွေ.. ရေးနေတာပါ..။ အခုထိ.. ဘာမှ အရေးယူကြားနာတာ.. မရှိ.. သေး…။

အဲဒီတော့.. ၂၀၂၄ သမ္မတရွေး‌ပွဲမှာ.. နိုင်အောင်လုပ်ရမလိုဖြစ်နေကြောင်း..။ ချိုင်းနား.. ရုရှားတို့ကလည်း. ကူမယ့်သဘောရှိ ..။

အမေရိကားလည်း.. အနိစ္စ..။ မြန်မာပြည်ကျနေပုံ ..

https://www.foxnews.com/politics/trump-hunter-biden-traffic-ticket-slams-corrupt-justice-system

Leave a Reply

Your email address will not be published.