စောဘွဲ့မှုးအမှတ်တရ – ထူးအယ်လင်း၊ကဗျာဘွဲ့မှုး၊မီးမီးခဲ (မတ်လ ၂၈)

kaiMarch 29, 20101min02

ပွဲမကြည့်တာကြာပြီမို ့ဒီနေ့အယ်လ်အေမှာ ဖြစ်တဲ့ပွဲကြည့်ဖြစ်ပါတယ်။  စောဘွဲ့မှုးအမှတ်တရပွဲဖြစ်ပါတယ်။
စောဘွဲ့မှုးရဲ့ သမီး၂ယောက်နဲ့ သားမက်တို့ အဓီကပါတဲ့ပွဲမှာ သားဖြစ်သူ ဘွဲ ့လေးကိုတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ရုံပြည့်မတတ် အားပေးကြတာမို ့ အခြေအနေတော်တော်ကောင်းတဲ့ပွဲလို့ဆိုရမှာပါ။
ပွဲကို အဓိကတာဝန်ခံလုပ်ပေးတဲ့ NewStrengthFoundation ဆိုတာက မြန်မာ-ထိုင်းနယ်စပ်ကကလေးတွေနဲ့ ယူအက်စ်ရောက် ပြောင်းခိုသူတွေကို အကူအညီပေးနေတဲ့ အသင်းကြီးဖြစ်တော့ လက်ခံရရှိတဲ့ငွေတွေကို အရင်းတွေနှုတ်ပြီးရင် ကျန်တာတွေ လှူတန်းပစ်မှာဖြစ်ပါတယ်လို့ ပြောပါတယ်။

ညနေ၄နာရီကစပြီး ရနာရီ မခွဲခင်မှာ ရပ်လိုက်ရတဲ့ ဒီပွဲဟာ ပရိသတ်အတွက်တော့ ကျေနပ်စရာကောင်းပါတယ်။ ြိငိမ်ြိငိမ်သက်သက်ပဲ အားပေးကြပြီး အေးအေးဆေးဆေးပဲ အိမ်ပြန်ကြတာပါ။
တော်တော်လေးအနှောက်အယှက်ဖြစ်စရာကောင်းတာက လုံခြုံရေးတာဝန်ကျတွေပါပဲ။ သူတို့ကဗမာတွေမဟုတ်လေတော့ နေရာတကာ လိုက်ချောင်းနေပြီး ပြီးခဲ့တဲ့တခေါက် လေးဇီးကလပ်တုံးကလို ဒဏ်ကြေးငွေများ ရမလားရယ်လု့ိများတွက်နေသလားတော့ မသိပါ။ တကယ်လည်း ပွဲခင်းထဲဘီယာပုလင်းအဖုံးလေးတွေ့သွားတာမို ့ပြသနာဖြစ်တဲ့ ဒီပွဲကို အခြေခံပြီး ရေးစရာပြောစရာတွေ အများကြီးရှိပါတယ်။

ဒါပေမဲ့….

ရွှင်လန်းချမ်းမြေ ့ကြစေဗျား…။

2 comments

  • susunosuki

    April 18, 2010 at 5:03 pm

    မြန်မာပြည် ရဲ့ အစားထိုးမရတဲ့ ပညာရှင်တစ်ယောက်ပါ
    သူ့သီချင်းလေးတွေက ပုံပြင်လေးလိုရိုးစင်းပြီး ထပ်ခါထပ်ခါနားထောင်ချင်စေတယ်

    Reply

  • kopauk mandalay

    May 5, 2010 at 1:18 am

    မြန်မာပြည်က အဖိုးထိုက်တန်တဲ.အစားထိုးမရတဲ.အနုပညာသည်တစ်ယောက်ရဲ.
    အမှတ်တရပွဲကို ဘာကြောင်.များမြန်မာပြည်မှာမလုပ်ဘဲ အယ်လ်အေမှာလုပ်တာလဲဗျ

    Reply

Leave a Reply

Your email address will not be published.