တတိယ အ​ရွေ့နိယာမ

Mr. MarGaFebruary 25, 20171min010

သက်ရောက်မှု တိုင်းမှာ
တန်ပြန်သက်ရောက်မှု ရှိတယ် ဆိုတဲ့
နယူတန်ရဲ့ နိယာမ ဟာ
အချစ်မှာ ကျရှုံးခဲ့သူတွေအဖို့
အပြစ်တင်စရာချည်း ဖြစ်လို့နေတယ်။

နယူတန်သာ အသက်ရှင်နေတုန်း ဆိုရင်
တုန့်ပြန် ဖြေရှင်းခွင့် မရှိဘဲ
တဖက်သတ် အပြစ်တင်ခံခဲ့ရတာကို
ဘယ်လောက်များ မချိတင်ကဲ ဖြစ်လိမ့်မယ် မသိ

တကယ်တမ်း ပြန်တွေးကြည့်ရင်
နယူတန် မမှားခဲ့ပါဘူး
သက်ရောက်မှုတိုင်း တန်ပြန်သက်ရောက်မှု ရှိပေမယ့်
သိသာတဲ့ ပမာဏ မဟုတ်ခဲ့ရင်
တန်ပြန်သက်ရောက်မှုဟာ ဘယ်လိုလုပ် မြင်သာတော့မလဲလေ….

အချစ် ဆိုတာကလည်း
ပေးသလောက် ပြန်ရတဲ့ အရာမှ မဟုတ်ခဲ့တာ….

 

မစ္စတာ မာဃ

10 comments

  • kai

    February 25, 2017 at 5:06 am

    ပြန်မပေး လုပေါ့ကွယ်
    အချစ်နဲ့စစ်မှာ မတရားတာမရှိ
    တရား၏၊ ကောင်း၏။ ။

    Reply

    • Mr. MarGa

      March 12, 2017 at 12:22 pm

      ကားတင်ပြေးရမလားပဲ 😀

      Reply

  • Thint Aye Yeik

    February 25, 2017 at 10:12 am

    .ပေးတာထက်တောင်
    ပိုပြီး ပြန်ရခဲ့တဲ့ အချစ်ခံရသူတွေ
    ပိုပြီးပြန်ပေးတဲ့ ချစ်တဲ့သူတွေလည်း ရှိပါ့။

    အချစ်ဟာ တစ်ပွင့်ထဲ ပွင့်တဲ့ပန်းတော့ မဖြစ်သင့်။
    နောက်တစ်ပွင့်မက ပွင့်ကြည့်ပြီး. . .
    ကဗျာတွေလည်း ထပ် ရေးသင့်
    :k:

    Reply

    • Mr. MarGa

      March 12, 2017 at 12:22 pm

      တော်
      တန်
      တိတ်

      Reply

  • Win Lwin Lay

    February 27, 2017 at 1:19 pm

    အချစ်ကြောင့် လူကိုသေစေတယ်တဲ့
    သေနေတဲ့စိတ်ဟာ အချစ်ကြောင့်ပြန်လည်နိုးထစေတယ်တဲ့

    Reply

    • Mr. MarGa

      March 12, 2017 at 12:23 pm

      ဆိုကြတာပါပဲလေ :hee:

      Reply

  • ဇီဇီ

    February 27, 2017 at 1:21 pm

    တတိယ အရွေ့ ဆွာ
    တတိယ မြောက် ရဲဇားရဖို့ လှုပ်ရှားမေ လို့ ပြောဂျင်ဒါယားး

    :k:

    Reply

    • •*¨နန်းတော်ရာသူ •*¨

      March 5, 2017 at 2:18 pm

      တတိယအရွေ့အစ်အီးကွဲတူသာ့ဒ်ဂဲလ်ဖရင့် ကိုး ပေါက်ပြီ :/

      Reply

    • Mr. MarGa

      March 12, 2017 at 12:20 pm

      အဓိပ္ပါယ်တွေ လွဲကုန်အောင် မလုပ်ကြပါနဲ့ 🙁
      အဲ့သဟာက နယူတန်ရဲ့ Third Law မို့ အဲ့လိုလေး ခေါင်းစဉ်တပ်မိတာပါ
      😥

      Reply

  • သျှားသက်မာန်

    March 17, 2017 at 1:38 pm

    ကိုယ်ပေးသော်လည်းပေးတိုင်းပြန်မရတာ….အချစ်လို ့ခေါ်သလားပေါ့။

    Reply

Leave a Reply

Your email address will not be published.