စုံထောက် ပြည်ထဲရေး နှင့် U Ko Ni အမှု သုံးသပ်ချက်

အန်အယ်လ်ဒီရှေ့နေကြီးဦးကိုနီ အသတ်ခံရတဲ့ကိစ်စနဲ့ ပတ်သက်လို့ ပြည်ထဲရးဝံဂ ျီး နဲ့ ရဲဂ ျ ုတ် သတင်းစာရှင်းလင်းပွဲ ကြည့်လိုက်တယ်။ ထားပါတော့ တင်ပြတဲ့ အချက်အလက်တွေ ကိုယ်လဲ ရေရေရာရာ မသိ။ တရားခံအချို့မိတယ်၊ ဆက်စုံစမ်းနေတယ် ဘာညာကွိကွ…။ ပုံကြည့်တာတော့ ဒုမှူ ဂ ျီးဟောင်း အောင်ဝင်းခိုင် မမိလ ျင် ဒီမှာတင် နိဋ္ဌိတံတော့မည့်ပုံ။။။ အောင်ဝင်းခိုင်ကလဲ ကိစ်စတုံး အရှင်းခံရလ ျင်ရ မရလ ျင် တပ်ထဲမှာ နှပ်နေပြီ။ (ဘင်လာဒင် ပါကစ်စတန် စစ်တကသိုလ်အနီး ခြံနဲ့ဝန်းနဲ့ မိန်းမအသစ်လေးနဲ့ ငြိမ့်နေသလိိုပေါ့။) ဒီချုပ်အစိုးရကလဲ ဘယ်နှစ်နှစ် ခံမည်မသိ၊ ဒီပုံနဲ့ နှစ်အနည်းငယ် အကြာ နိုင်ငံဒေါ်ဂ ျီး ချောက်ထဲမက ျအောင် ကယ်တင်အူးမည့် တမတ်သားတွေလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်ရ ပြန်လွတ်ပါလိမ့်မယ်။ ထားပါဒေါ့ ထားပါဒေါ့… အဖမ်းအဆီး ထောင်တန်းစကားပြောရတာ အကုသိုလ်များလှတယ်။

တခုပဲ ပြောချင်တယ်.. ရှင်းလင်းပွဲမှာ သတိပြုမိတာ ထောက်ပြချင်ရရင်.. သတ်ဖြတ်လုပ်ကြံရာမှာ လွတ်မြောက်နေသူ ဦးအောင်ဝင်းခိုင်နဲ့ စပ်ဆက်လို့ ဘုရား၊ စေတီတွေမှာ ဆုတောင်းတာ၊ ချိန်းဆိုတာ အချက်အလက်နေနဲ့ ပြည်ထဲရေးဝံဂ ျီး ထည့်သွင်းတင်ပြသွားတယ်။ ဘာသာရေးလေးစားသူ၊ အမျိုးခြစ်လွန်းသူအဖြစ် လူသနားခံရအောင် ပုံဖေါ်ချင်တာများလား.. ဘာလား ညာလား။။

အမျိုး ဘာသာ သာသနာ ကယ်တင်ရှင် ကြောင်ကြီး

7 comments

  • kai

    February 25, 2017 at 1:32 pm

    ဘာဘာ..ဘာမှလုပ်မရ..
    ဇတ်ဆုံးနေတာက.. ဘီးမလိုတဲ့.. သူဌေးဂျီးဖြစ်ပုံရ..။
    ထုံးစံအတိုင်း..
    အနှစ်၁၀၀ဝ ကျိန်စာ..။ :k:

    Reply

  • Thint Aye Yeik

    February 25, 2017 at 1:35 pm

    အခု ဦးကိုနီအမှုတွေ ၈လောင်းပြိုင်အမှုတွေထက်
    ပို ဂယက်ထနေကြတာကတော့ မြန်မာပြည်သိန်းတန်တို့ရဲ့ အိုင်ဒေါပွဲပဲ။
    အိုဘယ့် မြန်မာပြည်

    Reply

    • kai

      February 25, 2017 at 2:18 pm

      အဲဒါပုံမှန်ပဲ..
      မြန်မာတွေ ဘာသာရေး၊နိုင်ငံရေး စိတ်ဝင်စားလွန်းနေတာ… မှားတယ်..။
      အမေရိကန်တွေလည်း.. AI က.. သမ္မတရွေးပွဲထက်တောင်လူစိတ်ဝင်စားခဲ့သေးတယ်..။
      အခုထိဆိုလည်း.. စူပါဘောန်းက.. သမ္မတရွေးပွဲထက် လူပိုကြည့်များ.. စိတ်ဝင်စားသဗျ..။

      Reply

      • မင်း ခန့် ကျော်

        February 25, 2017 at 9:26 pm

        သမ္မတ ရုံးက သတင်းထုတ်ပြန်သင့်/မသင့်
        ခုထိတော့ မတွေ့သေး။
        ပထရ နဲ့ ပြည်သူ ထိပ်တိုက်တွေ့စေချင်သလိုလို
        ဘာလိုလို ထင်ကြေးတွေfb မှာတွေ့နေရပြန်တယ်။
        အတိုင်ပင်ခံ သဘောကတော့ သူပြောခဲ့သလို
        နိုင်ငံအရေးမှာပြည်သူကိုမထိစေချင်ဘူးလို့
        ဆိုထားတဲ့အတွက် တစ်မျ ိုး တွေးစရာ။
        ပွဲဆက်တွေ ဆက်တိုက်နဲ့ ပြည်သူတွေခမြာလဲ
        သနားစရာ လား ဝမ်းသာစရာလား(ပြောစရာကုန်ကြမ်းတွေရလို့)
        မပြောတတ်။
        မတ်လမှာလုပ်မဲ့ ပွဲအတွက် ခုကတည်းက
        ဝင်မရှုပ် သိပ်မပွား(စကား)နိုင်အောင်
        အိမ်စာများပေးထားသလား မပြောတတ်။

        Reply

  • hmee

    February 25, 2017 at 8:12 pm

    ဦးကြောင် ဘာတွေရေးမလဲလို့ လာချောင်းသွားပါတယ်။

    Reply

  • ဦးဦးပါလေရာ

    February 26, 2017 at 6:39 am

    ကိုယ်သိတိုင်းလဲ သတင်းထုတ်ပြန်လို့တော့မရဘူးပေါ့…
    တရားစွဲနိုင်လောက်တဲ့ သက်သေရှိမှ ထုတ်ပြောလို့ရမယ်
    မဟုတ်ရင် ကိုယ့်ဆီ ပြန်ပတ်မယ်လေ…
    စိတ်လျော့လိုက်ပါ ကိုကြောင်..
    ဗိုလ်ချုပ်အောင်ဆန်းတုန်းကတောင်
    ဂဠုံဦးစောမှာတင် လမ်းဆုုံးဇတ်သိမ်းသွားတာ မမေ့ပါနဲ့ ….

    Reply

  • ဇီဇီ

    February 27, 2017 at 1:18 pm

    ဘာသာရေးကိုင်းရှိုင်းသူ လူသတ်သမားလေးး
    အရန်း လေးဇားဘီယေ။

    😥

    Reply

Leave a Reply

Your email address will not be published.