မ​သင်္ကာ​သူ​​အား​​ ​ကိုယ်​တုံး​လုံး​ချွတ်​​ ​ညှင်း​ပန်း​​ စစ်​ဆေး​သည့်​​ ​ရဲ​တပ်​ဖွဲ့လုပ်ရပ်​ ​ဖိ​လစ်​ပိုင်​ ​ရုပ်​သံ​မှ​ ​ပြ​သ…

lu ta loneAugust 25, 20101min04
alt
မ​သင်္ကာ​သူ​​အား​​ ​ကိုယ်​တုံး​လုံး​ချွတ်​​ ​ညှင်း​ပန်း​​ စစ်​ဆေး​သည့်​​ ​ရဲ​တပ်​ဖွဲ့လုပ်ရပ်​ ​ဖိ​လစ်​ပိုင်​ ​ရုပ်​သံ​မှ​ ​ပြ​သစဉ်

ဖိလစ်ပိုင် ​ နိုင်ငံရှိ ရုပ်မြင်သံကြား ဌာန​ တစ်ခုက မသင်္ကာသူ တစ်ဦးအား ကိုယ်တုံးလုံး​ ချွတ်စေကာ ညှင်းပန်း​ စစ်ဆေးနေသည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်ကို ဖော်ပြခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် အချို့အား ရာထူးမှ ရပ်စဲခြင်း ခံလိုက်ရကြောင်း သိရသည်။

ABS-CBN ရုပ်မြင်သံကြား ဌာနက မနီလာရှိ တွန်ဒိုဆင်းရဲသား ရပ်ကွက်မှ ဖမ်းဆီးလာခြင်းဟု ယူဆရသည့် လူတစ်ဦးအား ကိုယ်တုံးလုံးချွတ်ကာ ၎င်း၏ လိင်အင်္ဂါကို ကြိုးဖြင့်ချည်ပြီး ဆွဲငင်ခြင်းဖြင့် နှိပ်စက်နေသည့် လူတစ်ဦး၏ ဗီဒီယိုကို ပြသခဲ့သည်။ အမည်မဖော်လိုသူ သတင်းပေးတစ်ဦးက ပေးပို့ခဲ့သော ဗီဒီယိုသည် ကြည်လင်ပြတ်သားမှု မရှိလှသော်လည်း ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်ထားသည့် ရဲတစ်ဦးက နှိပ်စက်ညှင်းပန်းမှုကို ကြည့်ရှုနေပုံလည်း ပါရှိသည်။ ယင်းဗီဒီယို ပျံ့နှံ့လာပြီးနောက် မနီလာမြို့ပေါ်ရှိ ရဲစခန်းတစ်ခုမှ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအား ရာထူးမှ အနားပေးလိုက်ကြောင်း မနီလာရဲတပ်ဖွဲ့ အကြီးအကဲ လီယိုကာဒီယို ဆန်တီယေဂိုက ပြောကြားခဲ့သည်။

လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်ခဲ့သည့် ယင်းကိစ္စနှင့် ပတ်သက်ပြီး ရဲအရာရှိ တစ်ဦးကိုလည်း စစ်ဆေးနေကြောင်း လီယိုကာဒီယိုကဆိုသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဥပဒေမဲ့ စစ်ဆေးမှုများကြောင့် မသင်္ကာသူ သေဆုံး​ သွားပါက ထောင်ဒဏ် နှစ် ၄ဝ ထိ ချမှတ်နိုင်သည်။ ယင်းဗီဒီယို​ အတွင်း နာကျင်မှုကြောင့် အော်ဟစ်နေသည့် အကျဉ်းသားအား နှိပ်စက်နေသူက မည်မျှပင်အော်အော်၊ ၎င်းအား ကယ်တင်မည့်သူ မရှိနိုင်ကြောင်း လှောင်ပြောင်ပြောဆိုနေသည့် အသံများပင် ပါဝင်ကြောင်း သိရှိရသည်။ ဗီဒီယိုကြောင့် ဖိလစ်ပိုင်တွင် ရဲတပ်ဖွဲ့၏ ကိုင်တွယ်စစ်ဆေးမှုများနှင့် ပတ်သက်ပြီး ​ဝေ​ဖန်​မှု​များ​​ ​ပေါ်​ထွက်​လျှက်​ရှိ​သည်​။

Credit: လူထုအသံ

4 comments

  • winne

    August 25, 2010 at 4:04 am

    အမလေး ကြောက်စရာ ကောင်းပါလား။ ဒါမျိုးတွေ ပျံ့နှံသွားရင် ဒီလို လုပ်ရပ်တွေတော့ ရပ်တန့်ကောင်းမယ် ထင်ပါရဲ့။ လက်ပူးလက်ကျပ် ဖမ်းဆီး နိုင်ပါစေ

    Reply

  • cobra

    August 25, 2010 at 6:19 am

    တို့ ဗမာတွေလောက်မဆိုးပါဘူးကွာ..။

    Reply

    • winne

      August 25, 2010 at 7:25 am

      အဲဒါကိုပြောတာပေါ့ လက်ပူးလက်ကျပ် မိပါစေဆိုတာ

      Reply

  • etone

    August 25, 2010 at 9:09 am

    မသင်္ကာမှူဆိုတာရဲတွေငတ်ရင် လုပ်နေကြပါ ။ ဒီလိုလုပ်ဖို့တော့မကောင်းပါဘူး ။ ရာထူးရပ်စဲယုံမကပဲ အကျဉ်းချသင့်တယ် ။
    ဒီလိုလုပ်ရပ်မျိုးက တရားခံဆိုရင်တောင်မလုပ်သင့်ပါဘူး ။ ထိုက်သင့်တဲ့အပြစ်ဒဏ်ပဲပေးသင့်ပါတယ် ။ လူ့ တိရိစာ္ဆန်တွေများနေတဲ့ခေတ်ထဲမှာ ကိုယ်တိုင်က စပြီး လူ့တိရိစာ္ဆန် မဖြစ်အောင်ပြင်ကြရအောင်လား ။

    Reply

Leave a Reply

Your email address will not be published.