မယ်စကြာ ဝဠာ ရွေးချယ် ပွဲ ဖော်ချွတ် ဓာတ်ပုံ များ ရိုက်ကူး ခံမှု ကြောင့် ဂယက်ရိုက်…

lu ta loneAugust 25, 20101min00
မယ်စကြာ ဝဠာ သရဖူအား ဆွတ်ခူးရရှိခဲ့သည့် အသက် ၂၂ နှစ် အရွယ်ရှိ မက္ကဆီကို နိုင်ငံသူ လေး Jimena Navarret ယှဉ်ပြိုင်မှု အနေအထား အမျိုးမျိုး ဖြင့် တွေ ့ရစဉ်

ယနေ ့နောက် ဆုံး အဆင့် အနေဖြင့် မယ်စကြာ ဝဠာ ဆု ရွေးချယ် ပွဲ ကို အမေရိကန် နိုင်ငံ လာစ်ဗီးဂတ်(စ) မြို့ရှိ Mandalay Bay Hotel ဉ်  ကျင်းပရာ အသက် ၂၂ နှစ် အရွယ်ရှိ မက္ကဆီ ကို နိုင်ငံ သူ Jimena Navarret ကဆွတ်ခူးရရှိ ခဲ့သည်။  ထိုပြိုင်ပွဲကို နိုင်ငံတကာ မှ မယ်စကြာဝဠာ ပေါင်း ၈၃ ဦး ပါဝင် ယှဉ်ပြိုင် သည့် အနက် မှဆွတ်ခူး ရရှိ ခဲ့ခြင်းဖြစ် သည်။

ထရီနီဒက် နှင့် တိုဘာဂိုး နိုင်ငံ ကိုယ်စားပြုအလှ မယ် တစ်ဦး ခန္တာ ကို အလှ ကို ဆေးခြယ်၍ ဓာတ် ပုံ အရိုက် ခံစဉ်

သူမအား ဒိုင် အဖွဲ ့က မေးခွန်း များ မေးမြန်းရာ ဉ် အင်တာနက် သည် လူငယ် များ အတွက် အကျိုးသက်ရောက်မှုများ ရှိမရှိ မေးမြန်းရာ သူမ က အင်တာနက် သည် လူငယ်များ အတွက် မရှိ မဖြစ် ကိရိယာ ဟု ပြန်လည် ဖြေကြား ခဲ့သည်။

ယခုနှစ် ကျင်းပ သည့် မယ်စကြာဝဠာ ရွေးချယ် ပွဲ တွင် ပါဝင်ယှဉ်ပြိုင် သည့် အလှမယ် များမှာ ခန္တာ ကိုယ်ပေါ်တွင် ပန်းချီများ ဆွဲ ပြီး ခန္တာ ပကတိ နီးပါး ဖော်၍ ဓာတ်ပုံ များ အရိုက် ခံခြင်း ကြောင့် ဝေဖန်ခံရမှု များ လည်းရှိသည်။

မယ်စကြာဝဠာ ပြိုင်ပွဲ တွင် ရေကူးဝတ်စုံ နှင့် ယှဉ်ပြိုင် ရသည့် ကဏ္ဍရှိ သော် လည်း  ခန္တာ ကိုယ် မမြင်အပ်သည့်နေရာ များ အား ဖော်ချွတ်ပြသခြင်း ကို တားမြစ်ထားသည်။

Credit: Freedom News Group