သန္ဓေ​ တားဆေးများက​ ​အ​မျိုး​သ​မီး​များ​​ အား​ ဉာဏ်ရည်​ ထက်မြက်​စေ​နိုင်…

lu ta loneAugust 24, 20101min03

သန္ဓေ တားဆေးများသည် အမျိုးသမီးများအား ဉာဏ်ရည်​ ထက်မြက်အောင် လှုံ့ဆော်ပေး နိုင်သည့် အာနိသင် ရှိကြောင်း  သုတေသီများက ပြောကြား လိုက်သည်။
သန္ဓေ တားဆေးများကြောင့် ဦးခွံ အတွင်းရှိ ဦးနှောက် အစိတ်အပိုင်း တစ်ခု ဖြစ်သော Grey Matter​ များ ကြီးလာ လေ့ရှိပြီး အမျိုးသမီးများအား တွေးခေါ် မြော်မြင်မှု စွမ်းရည် မြင့်မား စေနိုင်ကြောင်း ဗြိတိန် အမျိုးသမီး ၃.၅ သန်းကျော်ကို လေ့လာခဲ့သည့် စစ်တမ်း အရ ဖော်ထုတ် နိုင်ခဲ့သည်။ ဦးနှောက်အား စွမ်းအင်မြင့် ပုံကြီးချဲ့ ကိရိယာများဖြင့် စောင့်ကြည့်ခဲ့ရာ သန္ဓေတားဆေး သုံးစွဲပြီးကာစ အခြေအနေတွင် အမျိုးသမီးများ၏ ဟိုမုန်း အပြောင်းအလဲ အခြေအနေကြောင့် Grey Matter ကို ၃ ရာခိုင်နှုန်းမျှ ကြီးထွား လာစေသည်ကို မြင်တွေ့ရကြောင်း ဆဲလဘက် တက္ကသိုလ်မှ ဒေါက်တာ ဘလင်ဒါပက်ဇာက ရှင်းပြခဲ့သည်။ အဆိုပါ အခြေအနေသည် အမျိုးသမီးများအား ပေါင်းသင်း ဆက်ဆံရေး ကဏ္ဍတွင် သွက်လက် ထူးချွန်စေသလို ဉာဏ်ရည် ဉာဏ်သွေးလည်း ထက်မြက် ကောင်းမွန်နေစေကြောင်း ဒေါက်တာပက်ဇာက ပြောကြားသွားသည်။

Oestrogen သို့မဟုတ် Progesterone အမည်ရှိ သန္ဓေမရရန် ဟန့်တားသော ဓာတ်ပစ္စည်းများသည် အာရုံကြောများကိုလည်း သက်ရောက်လှုံ့ဆော်လေ့ရှိပြီး ယင်းက ဉာဏ်ရည်ထက်မြက်မှုကို ဖော်ဆောင်ပေးကြောင်း ဒေါက်တာပက်ဇာက ရှင်းလင်းပြောဆိုခဲ့သည်။

Source: လူထုအသံ

3 comments

  • marnat

    August 24, 2010 at 9:25 am

    နောက်တစ်ခေါက်ဆိုတိုက်ရမယ်

    Reply

  • laaminnthar

    August 29, 2010 at 5:17 am

    အဲဒါကြောင့်ထင်တယ်
    မိန်းမတွေယောကျင်္ားရရင်ဉာဏ်နီဉာဏ်ဝါတွေထွက်လာကြကုန်ရော။

    Reply

  • Gong Zhu

    September 14, 2010 at 9:41 pm

    သန္ဓေသားကိုထိခိုက်စေတယ်ဆိုတာရောတစ်ကယ်မဟုတ်ဘူးပေါ့ ?
    မိန်းမတွေမှ မဟုတ်ပါဘူး ယောကျာ်းတွေလည်း ဉာဏ်နီဉာဏ်ဝါ တင်မကဘူး
    ဉာဏ်ပြာဉာဏ်စိမ်း တွေနဲ့ တောလိမ်တောင်လိမ်နဲ့
    မယုံရင် ရဲအောင် အကယ်ဒမီ ရသွားတဲ့ အကယ်ဒမီရှော့ကြည့်ကြည့်ပါလား 😛

    Reply

Leave a Reply

Your email address will not be published.