သိချင်တဲ့ ဗေဒင် အကြောင်း

awra-choJune 29, 20121min019

သားလေးတစ်ယေက်မွေးဖို့ မလွယ်ပါလား၊ မဒမ်က ဖိအားပေးနေတယ်ဗျို့၊ ခွဲမွေးရမှာဆိုတော့ ဗေဒင်တွေ နက္ခတ်တွေ ရှုပ်လာတာပေါ့။ ကိုယ့်ဟာကိုယ် ဆိုရင်တော့ဒီတိုင်း မွေးပလိုက်တယ်၊ တစ်ခါတစ်လေ တော့ခေါင်းမာလို့ မရဘူးဗျာ၊ ကိုယ်တိုင်လဲ ဗေဒင် မတွက်တတ်၊ မဟာဘုတ်တိုင် တောင် မထူတတ်တော့ ဒွတ်ခ၊ ကိုယ့် ကလေးဆိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပေါ့ဗျာ။ ရက်လေးဘာလေး တွက်ြ့ပီး ရွေးရ အုံးမယ်ဗျာ၊ ဇူလိုင် ၁၅ နဲ့ ၂ဝ ကြားလို့တော့ ဆရာဝန်က ရက်ကော်မန်း ပေးသဗျို့၊ အဲဒါ ဘယ်နေ့ ဘယ်အချိန် မွေးရမလဲ ကြံရာ မရလို့ ရွာထဲ အကူအညီ တောင်းတာပါဗျာ၊ ကူညီကြအုံးဗျို့၊ ရာသီဖွား(ပုတိ၊ ဘင်က၊ အစရှိသဖြင့် ပေါ့ဗျာ) အဟောတွေ  (မြန်မာလိုနော်)ဘုတ်တိုင်ထူတာတွေ  ဘယ်ဆိုဒ်မှာ ကြည့်ရမလဲ ။ကိုယ်တိုင်တွက်တတ်ရင်လဲ နည်းနည်းရှဲပါအုံးလို့။ သားလေးမွေးရင် ရွာသူတွေ  ယောက္ခမ တော်နိုင်ပါတယ်ဗျာ။ ဟဲဟဲ။။(ကျေးဇူး ကြိုတင်ထားပါတယ်ဗျာ)။

19 comments

  • ကျိကုန်း

    June 29, 2012 at 6:09 pm

    ကဲ ဒါကာ ကိုယ်တော်ဟောပေးပါမယ်
    ဘုတ်ချမယ်
    ပွဲ အောင် လံ ထု စစ် သူ ကြီး ပု ဆိုး ပြဲ
    ၁ ၂ ၃ ၄ ၅ ၆ ရ ၈ ၉ ၁၀
    မဟာဘုတ်အရဆိုတော့
    ယောက်ျားလေးမွေးမယ်
    ချောချောမွန်မွန်မွေးမယ်
    တနင်္ဂနွေသား
    ကောင်း ဒါကာ အဆင်ပြေမှာပါ Don’t worry

    ဥုံ မာနီ မာနီ ဟုန်

    Reply

  • MaMa

    June 29, 2012 at 8:37 pm

    သမီးလေး မွေးရင်လည်း အားမငယ်ပါနဲ့။
    သဂျီးဆီမှာ တန်းစီနေတဲ့ သားမက်လောင်းတွေ အမြန်လာ နေရာယူကြလိမ့်မယ်။ 😆

    Reply

    • amatmin

      June 30, 2012 at 10:33 am

      ပြောပြလိုက်ပါ..အန်တီမမရာ..
      သားတော့ အတင်းထိုးပေးတယ်.
      သမီးကျတော့ ဖျောက်ထားချင်တယ်..
      ဒါမျိုးဘယ်ရပါ့မလဲရယ်.. 🙂

      Reply

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 9:55 pm

    ဒီရွာထဲမှာ ကျုပ်သိသလောက် ..
    ကိုရင်စည်သူရယ် …
    အမအေးရယ်တော့ ဗေဒင်တွေနဲ့ပတ်သက်လို့
    တတ်သိတယ် …
    သူတို့တွေကို မေးကြည့်ပါ …

    အကယ်၍ သူတို့ ဒီပို့စ်ကို ဖတ်မိရင်လည်း
    ဖြေပေးကြလိမ့်မယ် ထင်မိကြောင်းရယ်ပါ …
    ကျုပ်ကတော့ ဘာမှမတတ် …. 😀

    Reply

  • thar ag

    June 29, 2012 at 10:20 pm

    ကိုယ်ကမေးမလား လို့ ကိုယ်ကို သူကတပြန် ပြန် မေးနေတာဘဲ

    Reply

  • လူ ဟား

    June 30, 2012 at 1:18 am

    ဒါလေးများ…. သားလေး မွေးရင် ” မန်းလေးချို” လို့ ပေးလိုက်…
    သမီးလေးမွေးရင် ” gazette cho” လို့ပေးလိုက်ပေါ့ဟ…

    Reply

  • ရဲစည်

    June 30, 2012 at 7:47 am

    ခွဲမွေးမှာဆိုတော့ ဇူလိုင် ၁၉ရက်နေ့ ခွဲလိုက်ပါ
    မွေးဖို့အချိန်ကောင်း တွေကတော့ ဗေဒင်အရ………….
    နံနက် ၃း၁၅ ကနေ ၆း၃ဝထိ ကောင်းပါတယ်။
    ၁၁း၂ဝ နောက်ပိုင်းတော့ အတန်သင့်ပေတယ်။
    ညနေ ၄း၄ဝကနေ ရး၃၆ အထိပြန်ပီး ကောင်းမွန်ပါတယ်။
    အထက်ပါ အချိန်တွေက ဗေဒင်သဘောအရ ကောင်းပေမဲ့ ခွဲပေးမဲ့ ဆရာဝန်/ဆရာမတွေ အားတဲ့အချိန်က ပိုအကောင်းဆုံးပါဘဲ 🙂
    ဖြစ်နိူင်ရင်တော့ သူဖာသာ ထွက်လာတဲ့ အချိန်က အကောင်းဆုံးပါဘဲ…….
    ကမာ္ဘကျော်ပုဂ္ဂိုလ်တွေ တစ်ယောက်မှ ခွဲမွေးတယ်လို့ မကြားဖူးပါ မြန်မာပြည်မှာဘဲ သောက်ရူးထနေကြတာပါ ဆြာဝံတွေ အကြံအဖန်လဲ ပါတာပေါ့.. 🙁

    မခွဲမဖြစ်ခွဲရမယ် ဆိုရင်တော့ မဆိုလိုပါ… ဒါပေမဲ့ ၁၉၈၉ လောက်အထိ နှလုံးရောဂါသည်လဲ သူ့ဖာသာ ပလွတ်လိုက်တာပါဘဲ
    အဲဒါမို့ ကျနော် ကျပ်မပြည့်တာလားတော့မသိ 🙂

    Reply

  • ဆူး

    June 30, 2012 at 10:17 am

    ကမာ္ဘကျော် ပုဂ္ဂိုလ်တွေ ဘယ်သူမှ ခွဲ မွေးကြတယ်လို့ မကြားဖူးဘူး ဆိုပြီး ကိုရဲစည် ပြောလို့ တခုလောက် ဝင်ပွားချင်တယ်။
    တခါတရံ ကံကြမ္မာတွေက ထူးဆန်းကြတယ်။ ဗေဒင်ဆရာတွေက သိပ်ကောင်းတဲ့ အချိန် နှစ်ပေါင်း ၂၀ဝ မှာ မှ ဒီတရက်ပဲ ရမယ် ဒီ တချိန်ပဲ ရမယ် နဲ့ လူထူးလူဆန်းတွေ မွေးဖို့ ကြိုးစားကြတဲ့ မိဘတွေ ရှိတယ်။ တကယ်တမ်း ကလေးရဲ့ ကံက လက်မခံချင်တော့ မွေးမဲ့ အချိန်ထက် ၂ရက်လောက် စောပြီး မဖြစ်မနေ မွေးလိုက်ရတာမျိုး.. တခါတရံမှာ ဆရာဝန်က အရေးတကြီး ကိစ္စ ရှိလို့ မလာနိုင်လို့ အချိန်ကျော်သွားတာ လွဲသွားတာတွေ နဲ့ ကြုံရတာမျိုးတွေ ခဏခဏ ကြားဖူးနေမိတယ်။

    Reply

  • lu lay

    June 30, 2012 at 11:46 am

    အချန်တန်ရင်တော့ရမှာပါ
    ဘာမှမေးမနေနဲ့
    ဘယ်လိုဖြစ်ဖြစ်
    ကိုယ့်သွေးကကိုယ်သွေးပါပဲ
    ရတာပဲယူ
    ဒါပဲ…………………….
    မလိုချင်ရင် ရွထဲပို့လိုက်

    Reply

  • ma haw

    June 30, 2012 at 1:23 pm

    မင်းသိင်္ခ လဲသေပြီ ရယ်

    Reply

  • ko khin kha

    June 30, 2012 at 1:49 pm

    ရာသီဖွား(ပုတိ၊ ဘင်က၊ အစရှိသဖြင့် ပေါ့ဗျာ) အဟောတွေ (မြန်မာလိုနော်)ဘုတ်တိုင်ထူတာတွေ ဘယ်ဆိုဒ်မှာ ကြည့်ရမလဲ ။မေးထားလို့ ဗေဒင်ဆရာမဟုတ်ပေမယ့် သိသလောက်လေး share ပါ့မည်။
    ယခုမြန်မာသက္ကရာဇ် ၁၃၇၄ နှစ်ရဲ့ မဟာဘုတ်အရ
    သောကြာနေ့မွေးဖွားပါက – အဓိပတိဖွား
    တနင်္ဂနွေနေ့မွေးဖွားပါက – အထွန်းဖွား
    ဗုဒ္ဓဟူးနေ့မွေးဖွားပါက – သိုက်ဖွား
    စနေနေ့မွေးဖွားပါက – ရာဇာဖွား
    ကြာသပတေးနေ့မွေးဖွားပါက – မရဏဖွား
    တနင်းလာနေ့မွေးဖွားပါက – ဘင်္ဂဖွား
    အင်္ဂါနေ့မွေးဖွားပါက – ပုတိဖွား ဖြစ်ပါမယ်။
    အကောင်းတွေရွေးပြီးမွေးချင်ရင်တော့ သောကြာနေ့၊တနင်္ဂနွေနေ့၊ဗုဒ္ဓဟူးနေ့၊စနေနေ့ စသည့်(၄)ရက် ထဲက တစ်ရက် ရက်ကိုရွေးပါလို့ဆိုပါတယ်။

    Reply

    • aye.kk

      July 2, 2012 at 4:42 pm

      ယောက်ကျားလေးမွေး…
      သောကြာဖွားလေးဖြစ်စေဖို ့…
      ဆုမွန်ကောင်းတောင်းလိုက်ပါရစေဗျား….။။

      Reply

    • aye.kk

      July 2, 2012 at 4:46 pm

      ယောက်ကျားလေးမွေး…
      သောကြာဖွားလေးဖြစ်စေဖို ့…
      ဆုမွန်ကောင်းတောင်းလိုက်ပါရစေဗျား….။
      သားဦး….
      သောကြာပဒေသာ…။
      ဝါဆိုလ..
      သားယောင်္ကျားမွေး..
      ထူးမြတ်လှတယ်လေး။။။

      Reply

  • mayjuly

    June 30, 2012 at 2:55 pm

    သူ့ဇာတာနဲ့ သူလာတာပဲ ကောင်းပါတယ်နော်..

    လုပ်ယူလို့ရတဲ့ ဇာတာကတော့ အမှန်မဖြစ်ဘူးထင်တာပဲ …

    Reply

  • မောင်ပေ

    June 30, 2012 at 7:47 pm

    တနင်္လာနေ ့မွေးသော် ကိုပေ
    အင်္ဂ ါနေ ့မွေးသော် ဆိုးပေ
    ဗုဒ္ဓဟူးနေ ့မွေးသော် ဝါးပေ
    ကြာသပတေးနေ ့မွေးသော် မောင်ပေ
    သောကြာနေ ့မွေးသော် ဟန်ပေ
    စနေနေ ့မွေးသော် ထူးပေ
    တနင်္ဂနွေနေ ့မွေးသော် အောင်ပေ
    အဲ့လို မပေးပါနဲ ့လို ့။

    Reply

  • aye.kk

    July 1, 2012 at 2:51 pm

    သဘာဝကိုမလွန်ဆန်စေချင်ပါဘူး..
    လုပ်ယူပြီးမွေးတာက
    ကိုယ်နဲ ့သဟဇာတမဖြစ်ရင်
    ခလေးမှာခိုက်တတ်ပါတယ်
    ဆယ်ငါးနဲ့၂ဝကြားမှာမွေးရင်
    စိတ်ပူစရာမလိုပါဘူး
    ဖွားမဲ့လကကောင်းတယ်
    လာခြင်းကောင်းမဲ့ခလေးပါ။
    စေတနာအရပြောပေးတာပါ။။

    Reply

  • ဖိုးထောင်

    July 1, 2012 at 4:34 pm

    ကဲ ရွာသားတွေလာကြပါဦး ဘုတ်တိုင်ထူရအောင် ပြီးမှဆက်ဟောမယ်
    ရက်စွဲအနေနဲ့ မွေးချင်တယ်ဆိုရင် ဖေဖော်ဝါရီလ ၃ဝ ရက်နေ့ရွေးပြီးခွဲမွေး ကမ္ဘာကြီးကို အုပ်စိုးတဲ့လူဖြစ်လိမ့်မယ် အချိန်က ညဉ့် ၈၁ ချက်အတီး အပြီးမွေးရမယ် ဒါဗြဲ

    Reply

  • awra-cho

    July 2, 2012 at 4:02 pm

    အမှန် ဆိုအနော်ကလဲ သဘာဝအတိုင်း ပဲ ကြိုက်တာပါဗျာ၊ အခုတောင် အလုပ်ရှုပ်ရပြီ လေ၊ သားက ဆိတ်ကြီး တယ် ထင်ပါ့ဗျာ၊ ငုတ်တုတ်ထိုုင်နေတော်မူသတဲ့။ မဒမ်ကလည်း မော်ဒယ်က အရှုံး ပေးရမှာဗျို့။ ပိန်လိုက်တာ ဆိုတာ လက် လေးတွေများ ချွန်နေသာ အပ်တွေလားမှတ် ရတယ်၊ ပိုက်ပိုက်က လဲ ပိုကုန်အုံးမယ် ဗျို့။ ကူညီကြတာ ကျေးဇူး ပဲဗျို့။ ဘာပဲပြောပြော အားရှိတယ်ဗျ။

    Reply

Leave a Reply

Your email address will not be published.