သာယာရွှေပြည် တို့ရွာဆီ

manawphyulaySeptember 30, 20141min05

သာယာရွှေပြည် တို့ရွာဆီ
သာယာရွှေပြည် တို့ရွာဆီ

စားပါ သောက်ပါ စေတနာနှင့်
သာယာကြည်အေး လေချိုသွေးသည်
တို့ရွာလေး၏ စေတနာ….

လာပါ ရေးပါ ချစ်ပျူငှာနှင့်
မေတ္တာချိုမွှေး လေချိုသွေးသည်
တို့ရွာလေး၏ အကြင်နာ…

ရေးကာဖတ်ကာ၊ ကူညီရှာကြ
ညင်သာကြည်အေး၊ လေချိုသွေးသည်
တို့ရွာလေး၏ ကရုဏာ…

အခေါက်ခေါက် အခါခါ ရောက်ခဲ့မိသည်
ရင်မှာ မမေ့ စိတ်ချမ်းမြေ့သည်
ယနေ့ထက်တိုင် တို့ရွာထဲတွင်
ရနံ့
ကြိုင်ဆဲ လှိုင်ဆဲ သင်းပျံ့ဆဲ….ပါတကား….

မနောဖြူလေး
၃၀.၉.၂၀၁၄

5 comments

  • Myo Thant

    September 30, 2014 at 12:58 pm

    ဪ ရွာ ရွာ ရွာ

    ငါ မခွာနိူင်သေးပါလား . . . . .

    Reply

  • ခင် ခ

    September 30, 2014 at 1:53 pm

    ရွာထဲဝယ် တဝဲ လည်လည် ဆိုသလိုပေါ့ဗျာ။

    Reply

  • Mr. MarGa

    October 1, 2014 at 12:50 pm

    ရွာ ဆိုတဲ့ စကား တစ်လုံးနဲ့တင်
    အဲ့ဒီ အဓိပ္ပာယ်တွေ အကုန်ပြည့်စုံနေတာကလား

    Reply

  • kyeemite

    October 1, 2014 at 2:33 pm

    .ဂွတ်ပိုဝမ်ပါမနောရေ..ရေးတတ်တာချီးကျူ းပါတယ် 🙂

    Reply

Leave a Reply

Your email address will not be published.