ဝင်္ကဘာ အပြေးသမား (The Maze Runner)

mazerunner

အနာဂတ်ကာလ တစ်ခုတွင် နေဖြစ်စဉ်များ ပိုမို လှုပ်ရှားထကြွလာမှုနှင့်အတူ ကူးစက် ကပ်ရောဂါဆိုးများ

ကျရောက်လာကာကမာ္ဘကြီးတစ်ခုလုံး ပျက်စီးမတတ်ဖြစ်နေသည်။ သိပ္ပံအဖွဲ့အစည်းတစ်ခုက မျိုးဆက်သစ်

လူငယ်များ အနေဖြင့် ဤအခြေအနေများကို ခံနိုင်ရှိမရှိ စမ်းသပ် သုတေသနပြုကြသည်။ အစမ်းသပ်ခံလူငယ်

များသည် အလွန်ကြီးမားပြီး အမြဲတမ်းပြောင်းလဲနေသည့်ဝင်္ကဘာကြီး တစ်ခု၏ အလယ်သို့ ပို့ဆောင်ခြင်းခံ

ရပြီး မိမိတို့ နာမည်မှလွဲ၍ မည်သည့်အရာကိုမျှ မှတ်မိခြင်းမရှိချေ။

သောမတ်စ် တစ်ယောက် ဤဝင်္ကဘာအလယ်သို့ ပို့ဆောင် ခံရပြီးနောက် အခြေအနေ အရပ်ရပ်ကို စုံစမ်း

သည်။ သူ့အရင် ရောက်နှင့်နေသော လူငယ်အတော်များများရှိသည်။ သူတို့အဖွဲ့ကို ဂလိတ်ဒ် ဟု အမည်ပေး

ထား၏။ အယ်ဘီက ထိုအထဲတွင် ခေါင်းဆောင်ဖြစ်သည်။ ဝင်္ကဘာဝင်ပေါက်သည် မနက်စောစောတွင်

တစ်ခါပွင့်ပြီး ညနေစောင်းတွင် ပြန်ပိတ်သည်။ ထိုအချိန်အတွင်း ဂလိတ်ဒ်အဖွဲ့အတွင်းမှ ပြေးသူများက

ဝင်္ကဘာအတွင်း ဝင်ရောက် စုံစမ်း မှတ်သားပြီး မြေပုံပြန်ဆွဲကြသည်။ သုံးနှစ်အကြာတွင် ဝင်္ကဘာတစ်

ခုလုံးစာအတွက် မြေပုံဆွဲနိုင်ခဲ့ကြသည်။ အမြဲပြောင်းလဲနေသည့် အစီအစဉ်ပုံစံကိုလည်း အနီးစပ်ဆုံးခန့်

မှန်းနိုင်သော်လည်း ထွက်ပေါက်ကို ရှာမတွေ့နိုင်ခဲ့ပါ။ ဝင်္ကဘာထဲတွင် တစ်ညလုံး အသက်ရှင်နေနိုင်သူဟူ

၍ မရှိ။ အလွန်ကြောက်မက်ဖွယ်ကောင်းသောဂရီဗာ ဟုခေါ်သည့် ပင့်ကူလိုလို စက်ရုပ်တစ်ပိုင်း သတ္တဝါ

တစ်ပိုင်း ဧရာမ အကောင်ကြီးများကြောင့်ပင် ဖြစ်သည်။

 

သောမတ်စ် တစ်ယောက် ဝင်္ကဘာအတွင်းသို့ အယ်ဘီကို ကယ်ရန် စွန့်စွန့်စားစား ဝင်ရောက်ကာ ဂရီဗာ

တစ်ကောင်ကို သတ်ပစ်နိုင်ခဲ့သည့်နောက် ဒုတိယခေါင်းဆောင် နျူတ် က ပြေးသူအဖြစ် သတ်မှတ်လိုက်

သည်။ အတိုက်အခိုက်သမား ဂယ်လီက သောမတ်စ်ကိုအမြင်မကြည်ပါ။ သို့သော် သောမတ်စ် ဂရုမစိုက်

ပါ။ အပြေးသမား မင်ဟိုနှင့်အတူ အခြားသူများကို ခေါ်ပြီး ဝင်္ကဘာအတွင်းက ဂရီဗာအသေကောင်ကို

သွားရောက်စူးစမ်းပြီး အကောင်၏ ဦးနှောက်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူခဲ့သည်။ ထိုပစ္စည်းသည်

ဝင်္ကဘာထွက်ပေါက်အတွက် သော့ဖြစ်လာခဲ့သည်။ ဂယ်လီအနေဖြင့် သူတို့ ဂလိတ် အဖွဲ့နှင့် ဂရီဗာ

အကောင်ကြီးများအကြား ပုံမှန်အနေအထားပျက်ယွင်းပြီး အန္တရာယ်ဖြစ်လာမှာ စိုးရိမ်လာခဲ့သည်။နောက်

ဆုံးတစ်ယောက်အဖြစ်ပို့လိုက်သော ကောင်မလေး ထရီဆာက သောမတ်စ် နာမည်ကို ရေရွတ်ကာ

ရောက်ရှိလာသည်။ သူနှင့်အတူ ဆေးထိုးပြွတ် နှစ်ခုပါလာခဲ့သည်။ ဂရီဗာ အဆိပ်သင့်ခဲ့သော အယ်ဘီ

ကို ထိုဆေးတစ်လုံးထိုးပေးလိုက်သောအခါ အယ်ဘီ အသက်ပြန်ရှင်လာခဲ့ပြီးမှတ်ဉာဏ်များပါ ပြန်ရလာ

ခဲ့သည်။

 

သောမတ်စ် နှင့် ထရီဆာတို့သည် သူတို့ကို ဝင်္ကဘာအတွင်း ထည့်သွင်းသူများတွင် ပါဝင်ပက်သက်သူများ

ဖြစ်ကြောင်း အယ်ဘီသိခဲ့သည်။ အယ်ဘီ သတိရသော ညနေတွင်ဝင်္ကဘာတံခါးပြန်မပိတ်တော့ အခြား

သုံးဘက်မှ တံခါးများပါပွင့်ထွက်လာပြီး ဂရီဗာများက သူတို့ စခန်းနေရာကို ဝင်ရောက် စီးနင်းသောင်း

ကျန်းလေရာ အတော်များများ သေဆုံးပြီး သူတို့တည်ဆောက်ထားသော အရာများလည်း ပျက်စီးကုန်သည်။

ဂရီဗာများကိုဝင်ရောက်တိုက်ခိုက်ရင်း အယ်ဘီ သေဆုံးသွားသည်။အယ်ဘီသေဆုံးသွားသောအခါ

သောမတ်စ်ကိုယ်တိုင် ဂရီဗာ အဆိပ်ကို ထိုးသွင်းပြီး သူ့မှတ်ဉာဏ်များ ပြန်ရအောင်လုပ်ခဲ့သည်။ ကျန်ဆေး

ထိုးပြွတ်တစ်ခုဖြင့် သောမတ်စ် အသက်ကို ကယ်ဆယ်ခဲ့ရသည်။ ထို့နောက် ဂယ်လီတို့အဖွဲ့က သောမတ်စ်နှင့်

ထရီဆာတို့ကို အပြစ်ပုံချကာ သတ်ဖြတ်ရန်လုပ်သည်။ သို့သော် ဂလိတ်အဖွဲ့ဝင် အတော်များများက သောမတ်စ်

တို့နှင့်ပူးပေါင်းပြီး သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး စွန့်စားရန် ဝင်္ကဘာအတွင်း ဝင်ရောက်ခဲ့ကြသည်။

ထို့နောက်တွင်…..။ (ဇာတ်လမ်းလည်း ကုန်ပါပြီ ဟီဟိ။)

 

အမေရိကန် စာရေးဆရာ ဂျိမ်းစ် ဒက်ရှ်နာ ၏ ဝတ္ထုကို ဒါရိုက်တာ ဝက်စ်ဘောလ် ရိုက်ကူးသည် ဝင်္ကဘာ

အပြေးသမား the maze runner သည် ကြည့်ကောင်းသော တန်းမြင့် သိပ္ပံအက်ရှင်ကားကောင်း

တစ်ကားဖြစ်ပါကြောင်း။ ဒေါ်လာ ၃၄သန်းအကုန်အကျခံရိုက်ကူးထားသော ဤဇာတ်ကားသည်

လောလောဆယ် box office တွင် ၁၄၈သန်း ဝင်ငွေရရှိထားပြီဖြစ်သည်။ ထို့ပြင် နောက်ဆက်တွဲ

the scorch trials ကို ၂၀၁၅တွင် ရုံတင်မည်ဖြစ်သည်။ လက်ရှိ ဂျိမ်းစ် ဒက်ရှ်နာ အနေဖြင့်ရေးသားပြီး

စီးသော စာအုပ်များမှာ the maze runner(2007). the scorch trials(2010). the death cure(2011).

the killorder(2012) နှင့် ၂၀၁၆ တွင် ထွက်မည်ဟု ကြော်ငြာထားသော the fever code တို့ဖြစ်ပေရာ

ဤ ဇာတ်လမ်းသည်  HungerGames ကဲ့သို့ ဇာတ်လမ်းရှည်ကြီး ဖြစ်ပေလိမ့်မည်။

14 comments

  • ကေဇီ

    September 30, 2014 at 1:42 pm

    ရုံတင်တုန်း က
    လိုက်ပြမဲ့သူရှိတာတောင် မကြည့်လိုက်ရဘူးးး
    :a:
    မအားလို့။
    ခု အွန်လိုင်းမှာရှာတော့ မကြည်သေးဘူးးး နောက်လ လောက်မှ တစ်ခါ ကြည့်ရမယ်။
    Thank you.

    :k:

    Reply

    • Crystalline

      October 1, 2014 at 6:52 am

      စနေ..တင်းနွေ..တနေ့သုံးလေးကားကြည့်တဲ့ဇီဇီ မကြည့်ရသေးတဲ့ကားရှိတယ်ပေါ့.. ရုပ်ရှင်ကြည့်လေ့မရှိဘူး.. အော်စကာ နော်မီနိတ်တွေ
      ဘာတွေတော့ အားရင်ကြည့်ဖြစ်တယ်… :))

      Reply

      • ကေဇီ

        October 1, 2014 at 8:41 am

        အဲလောက် ကြည့်တာတောင် အလျှင်မမှီဘူးး
        ရုပ်ရှင်တွေနှယ် ရိုက်နိုင်ချက်အေ။

        :mrgreen:

        Reply

  • Mr. MarGa

    September 30, 2014 at 3:17 pm

    မြို့မမှာ တင်ထားတာတွေ့တယ်
    အားရက်မှာ သွားကြည့်ဖို့ အဖော်စပ်ကြည့်ဦးမှ

    Reply

    • မောင်ဘလိူင်

      October 1, 2014 at 12:46 pm

      ကြည့် ကြည့်..။ ကောင်းတယ် ဦးမာဃရေ..။ အဖော်စပ်မနေနဲ့ တစ်ဖက် လေးငါးရာဆို
      ရုံလျှံနေပြီပဲဟာကို။

      Reply

  • kyeemite

    October 1, 2014 at 11:13 am

    .ဇတ်ကားအညွှန်းလေးအတွက်ကျေးကျေးပါဗျ :))

    Reply

    • မောင်ဘလိူင်

      October 1, 2014 at 12:51 pm

      ဦးလေးမိုက် သွားကြည့်တော့မယ်ပေါ့။ ရှေ့ဆောင် နဲ့ စံပြမှာ ပြနေပါပြီ။
      (မင်္ဂလာ ရုပ်ရှင်က ကြော်ညာခတောင် ပေးသင့်နေပြီ ဟီဟိ)
      :mrgreen:

      Reply

  • Wow

    October 1, 2014 at 3:02 pm

    ကျနော်က ကျပ်မပြည့်တော့ သိပ်ဉာဏ်သုံးပီး ကျိရတဲ့ကားတွေ နားမလယ်ဘူးရယ်.. :mrgreen:
    အာတစ်ဖစ်ရှယ် အင်တဲလီးဂျန့် ကားတုံးကလဲ မင်းသားအားပြုပီး ကျိလိုက်ရတယ်… သဘောတရားဒွေ နားလယ်ဘူး 👿

    Reply

    • မောင်ဘလိူင်

      October 1, 2014 at 6:19 pm

      အင်..ဒီကားက ဘာဉာဏ်မှ သုံးစရာမလိုပါဘူး အစ်မ Wow ခင်ဗျ။
      :k:

      Reply

  • အလင်းဆက်

    October 1, 2014 at 7:04 pm

    ကျိချင်ဒယ်ဗျ

    အခွေရှာဝယ်ကြည့်ဦးမယ်

    Reply

  • hmee

    October 2, 2014 at 12:46 pm

    တိုက်​တိုက်​ဆိုင်​ဆိုင်​ အခုပဲ အဲ့အ​ခွေ ဝယ်​လာတယ်​။ ပုံ​လေးကြည်​့ရတာ ​ကောင်​းမယ်​ထင်​လို့။ 🙂

    Reply

  • မောင်ဘလိူင်

    October 2, 2014 at 1:20 pm

    အခွေဝယ်ကြည့်ရင်တော့ ကြည်ဦးမယ် မထင်သေးဘူး..
    မောင်ဆက် နဲ့ အစ်မ မှီ ရေ။

    Reply

  • pooch

    October 2, 2014 at 4:14 pm

    မြို့မတော့ တင်နေတယ် US နဲ့တပြိုင်ထဲ ထင်ပါ့
    ခွေကြည်မှပဲ ကြည့်တော့မယ်

    Reply

Leave a Reply

Your email address will not be published.