ရွှေအကြောင်းသိကောင်းစရာ 21,22

Zaw AungJune 19, 20141min04

ရွှေအကြောင်းသိကောင်းစရာ(၂၁)

‘ရွှေ့တယ်’ ဆိုတာက ညနေအထိကိုယ်လေနဲ့ဝယ်ထားတဲ့ပစ္စည်းကို ပြန်မရောင်းရသေးရင် သိမ်းဖို့ငွေကလဲမရှိရင်
ဒါမှမဟုတ် မနက်ဖြန်ဈေးတက်မယ်ထင်လို့ တစ်ရက်လောက် အောင်းထားချင်ရင် ရွှေ့ခပေးပြီး တစ်
ရက်ရွှေ့လို့ရပါတယ်

ရွှေ့ခကတစ်ခါတစ်လေ ဝယ်သူကပေးရသလို တစ်ခါတစ်ရံ ရောင်းသူကပေးရပါတယ် ဘယ်ဘက်ကမှမပေးရဘဲ
‘ ဒဲ့ ‘ ရွှေ့လို့ရတဲ့အခါလည်းရှိပါတယ်

ရွှေ့ခကလည်းတစ်ကျပ်သားကို 100 ကနေ 1000 အထိရှိတတ်ပါတယ်

ရွှေအကြောင်းသိကောင်းစရာ(၂၂)

‘ လမ်းကြောင်းကိုင် ‘ ဆိုတဲ့အလုပ်ကလဲ ပဲကုန်သည် ဆီကုန်သည် လောကမှာမရှိဘဲ ရွှေကုန်သည် လောကမှာပဲ ရှိတဲ့အလုပ်လို့ထင်ပါတယ်

ပွဲစားတို့ ဝယ်ရောင်းတို့ ဆိုတာကတော့ ကုန်သည်လောကတိုင်း
စီးပွားရေးလောကတိုင်းမှာ ရှိမှာပါ

အမှတ်(၂၀) မှာပြောခဲ့တဲ့ လမ်းကြောင်းစနစ်နဲ့ ဝယ်ရောင်းလုပ်တဲ့သူတွေဟာ တစ်နေ့တည်းမှာ အကြိမ်များစွာ လူများစွာဆီက ဈေးအမျိုးမျိုးနဲ့ ဝယ်လိုက်ရောင်းလိုက် လုပ်တတ်ပါတယ်

အားလုံးကိုစာရွက်ထဲမှာပဲ မှတ်သားထားတာပါ ညနေကျမှအဲဒီစာရင်းကို လမ်းကြောင်းကိုင်လက်ထဲအပ်ပြီး
သူကစာရင်းရှင်းပေးပါတယ်

ရှုံးတဲ့လူဆီကငွေ လိုက်ကောက်ပြီး မြတ်တဲ့လူကိုရှင်းပေးပါတယ် သူလဲ ပွဲခရပါတယ်

4 comments

  • alinsett (gazette)

    June 20, 2014 at 9:19 am

    ဟိုလေ
    တစ်ခု သိချင်လို့
    လှိုင်သာယာမီးခွက်ဈေးဘက်မှာ
    ရွှေ ဒုံးရောင်းတယ်ဆိုပြီး ဆိုင်တွေအများကြီး
    အကြီးအကျယ်ရောင်းနေကြတယ်
    ဒုံးဆိုတော့ အလျော့တွက် လက်ခ မပါဘူးပေါ့။

    တခုရှိတာက အဲဒီ ဒုံးဆိုတာ ရွှေထည် အသစ် သူများမဝတ်ရသေးတာတွေလည်း တွေ့တယ်။
    အလျော့တွက်လက်ခ မပါပဲ
    အထည်ခတ်ပြီးသားကို ဒုံးဆိုပြီးရောင်းတော့
    သံသယတစ်ခုရှိတယ်
    အဲဒီက ဒုံးတွေက ရွှေရည်ရော ပြည့်ပါ့မလား
    အလေးချိန်ရော မှန်ပါ့မလားလို့
    အဲဒီဘက်က ဒုံးဆိုင်တွေရဲ့ လုပ်ကွက်အကြောင်း နည်းနည်းသိချင်လာလို့
    ပြောပြနိုင်မလားဟင်

    Reply

  • kyeemite

    June 20, 2014 at 9:49 am

    ရွှေအကြောင်းဗဟုသုတအဖြစ်ဖတ်မှတ်သွားပါတယ်ဗျ

    Reply

  • ဝင့်ပြုံးမြင့်

    June 20, 2014 at 6:01 pm

    ရွှေအကြောင်း အစဉ်တစိုက်ရေးပေးနေတာ ကျေးဇူးပါ။ ဟီး … ဝယ်နိုင်လို့တော့ ဟုတ်ဘူး။ ရွှေဝယ်နိုင်မယ့်လမ်း မမြင်ဘူး။

    Reply

Leave a Reply

Your email address will not be published.