ခါနွေဦးမို့ လွမ်းရသူပါ

ကာရံFebruary 10, 20141min02

ခါနွေဦးမို့ လွမ်းရသူပါ

ချစ်သူရယ် အလွမ်းနှစ်ကူးမို့

နွေဦးအလှလေးကတော့

တစ်မျိုးချစ်စရာပေါ့

စိမ်းလန်းခြင်းကင်းတဲ့ နွေဦးလေးမှာ

လေရူးတို့ တစ်သုန်သုန်

အရိပ်မဲ့ မြူခိုးတွေတောင် ကခုန်နေကြပြီ

ဒီချိန်ဆို အလွမ်းတွေအပြည့်နဲ့

စမ်းရေအေးရဲ့ ဘေးနံဘေးက

ချစ်သူလေးကတော့ ရွှေငါးလေးကို

ရေတွက်ရင်း မျှော်နေပြီလား

ပြန်ဆုံနိုင်မယ့်တစ်နေ့ လက်ချိုးရေရင်း

နွေဦးရယ် မြန်မြန်ကုန်ခဲ့ရင်လေ

ပြောလဲ့ချင်စမ်းပါဘိ

ခါနွေဦးမို့ လွမ်းရသူသို့

    ကာရံ 10.2.2014

2 comments

  • Mr. MarGa

    February 19, 2014 at 11:41 am

    ခါနွေဆန်းမို့ ပန်းလှသူပါကွယ်… :mrgreenn:

    Reply

Leave a Reply

Your email address will not be published.