လ ကလေး ရဲ့ ရှင်းတမ်း…..

အရိပ္စစ္November 12, 20131min04

 

လ..
သူ့ဘာသာ သူ သာနေတာပါ
တစ်ပွင့်စ နှစ်ပွင့်စ ကြယ်မှုန်စလေးတွေ ခပ်ဝေးဝေးခ လို့
သူ့ အနီးနားမှာ လင်းတဲ့ ကြယ်လေးတွေလည်း ရှိချင် ရှိမှာပေါ့
သူ့ ဘုန်းကြောင့် အရောင်တွေ ဖျော့တော့လိုက်ရတာ နေမှုာ
လ..
သူ မပြည့်သေးပါဘူး
ကမ္ဘာတစ်ခြမ်းက လူတွေ နဲ့ ဝေဝေမျှမျှ လရိပ်လှုံနေချိန်
သက်ရှိတော်တော်များက သူ့ အရိပ်အေးမြမြအောက်မှာ
စိတ်ချ လက်ချ အိပ်မော ကျ လို့
လ..
ဘာပဲ ဟုတ်ဟုတ် သူ ပျော်မှာပါ
နေ့ နဲ့ ည လို
အများနည်းတူ ကွယ်လိုက် ပေါ် လိုက်ရတာကို က
မျှော်လင့် ခြင်း တွေ အသက်ဆက် နေတာမို့……..။

အရိပ်စစ်

 

4 comments

  • KZ

    November 12, 2013 at 2:03 pm

    သနားစရာ လ ကလေးးးးး
    ရှင်းတမ်းထုတ်စရာလိုပါဘူးကွယ်။
    လူတွေက လ ကလေးကို
    မ သာ လည်း တ
    သာ လည်း တ ပါတယ်။

    :chit:

    Reply

    • အရိပ်စစ်

      November 13, 2013 at 7:23 am

      လရောင် ရဲ့ ညို့ယူမူ အောက်မှာ
      ဖြစ်ပေါ်လာတဲ့ ကဗျာလေး…..

      Reply

  • alinsett

    November 12, 2013 at 7:22 pm

    ကဗျာနာမည်လေးကို.. ချစ်စရာကောင်းလိုက်တာ..လို ့ အရင်ဆုံးတွေးပြီးမှ..
    ကဗျာလေးကို.. ညင်ညင်သာသာလေး..ဖတ်လိုက်တယ်..။

    Reply

  • အရိပ်စစ်

    November 13, 2013 at 7:28 am

    လေးနေတဲ့ မျက်ခွံတွေကို ရုတ်တရက် ကျယ်သွားစေအောင် ထိ
    လ ကလေး က အတင်းရေးခိုင်း လို့ ရေးမိ သွားတဲ့ ကဗျာလေး
    တိမီး ကိုယ်တိုင်လည်း အဲဒီ ကဗျာလေး ကို ချစ်ပါတီ….

    Reply

Leave a Reply

Your email address will not be published.