ထူးခြားသဒင်း ဗူးခါးဟင်း news

ကမာ္ဘတလွှား အူကြောင်ကျော်ကြား ရွှေပန်းစားလျက်ရှိသော မန်းဒလေးဂေဇက် သဒင်းစာ ဝက်ဆိုက်အား  တမြန်နေ့ကစ၍​ မြန်တျန့်ဂေဇက် ငှက်ဆိုက်ဟု ပြောင်းလဲလိုက်သည်။ မူလက ကြက်ဆိုက်ဟု သုံးနှုန်းရန်  စီစဉ်သော်လည်း ပြည့်တန်ဆာ တန်းတူအခွင့်အရေး ထောက်ခံနေသော ဂေဇက်အပိုဂျီး အုပ်စုမှ ရှက်လှပါသည် အကြောက်အကန် ငြင်းဆန်သဖြင့် တိရိစာ္ဆန် သုံးဘဝ ပြောင်းခဲ့ရကြောင်း လိုင်းပေါင်းစုံ တထသ အသင်းဂျီးမှ စုံစမ်းသိရှိရသည်။

မြန်တျန့်ဂေဇက် သတင်းစာနှင့် အင်တာနက်စာမျက်နှာ ပေါ်ထွက်လာမှုသည် ဘွားဒေါ်ဂျီးအပေါ် တရုတ်အစိုးရ သဘောထား ပြောင်းလာချိန်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း မြန်တျန့်ဂေဇက် အယ်ဒီတာဂျုတ် မာမွတ်ခိုမ်မှ ဆီချက်ခေါက်ဆွဲ ပလုပ်ပလောင်းစားလျက် ငြင်းဆိုသွားသည်။

မြန်တျန့်ဂေဇက် အယ်ဒီတာဂျုတ် အယာတိုလာ မာမွတ်ခိုမ် (ခ) လျှာပွတ်ယိုင်
မြန်တျန့်ဂေဇက် အယ်ဒီတာဂျုတ် အယာတိုလာ မာမွတ်ခိုမ် (ခ) လျှာပွတ်ယိုင်

မြန်တျန့် ဒီမိုကရေစီ ခေါင်းဆောင် ဘွားဒေါ်ဂျီး တလုပ်ပြည်သို့သွားလျင် ပီကင်းဩဇာမခံဘဲ ဒီမိုကရေစီရေး ပြောမည်ဟု တရုတ်တန်း ယူနန်ဘုံကျောင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် တရုတ်ကူမြူနစ်ပါတီအလံ တူ၊တံစဉ် တွေ့ရသည် ဆိုခြင်းမှာ စကားပြောစင်တွင် အလှတင်ထားသော ထမင်းစား ဝါးတူနှင့် သဇင်ပန်းအား နားလည်မှုလွဲခြင်းဟု အန်အယ်လ်ဒီ ပျံကျားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးဂျီး မင်းအောင်လှိုင်နှင့် ပုပ်ကိုယ်ရေး ပြသနာ မရှိကြောင်း အန်အယ်လ်ဒီပါတီ ဖွဲ့ဇီးဗုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် ရှေ့နေဂျီး ဦးကိုနီမှ ပြောကြားလိုက်ပြီး စားသောက်ဆိုင် တခုတွင် ဘေးခြင်းယှဉ်ထိုင် ဟင်းမှာရာ၌ ကာချုပ်က ဝက်သားဟင်း၊ သူက အမဲသားဟင်း မှာစားခြင်းခဲ့ဂို ချဲ့ကားပြောနေဂျင်းဖြစ်ကြောင်း ဗိုလ်စိန်မှန် အားကစားကွင်း လူထုစည်းဝေးပွဲတွင် ပြောဆိုသည်။

မီတာခ တိုးမြှင့်မှုတွင် ပြည်သူဆန္ဒ မတောင်းခံမိ၍ ပြသနာ ဖြစ်ခဲ့ရဂျောင်း၊ နောင်အခါတွင် ပြည်သူကိုအရင် တိုင်ပင်ပါမည်ဟု လျှပ်စစ်ဝံဂျီး၏ တောင်းပန်ချက်အား လူအများ သံသယ ဖြစ်နေဂျသည်။ အဆိုပါဝံဂျီးသည် ပြည်မယကဥက္ကဌ လုပ်ဖူးပြီး မိန်းမ ပြည်မြို့သူ ဖြစ်သည့်အချက်မ စိုးရိမ်ဖွယ်ကောင်းဂျောင်း မြန်တျန့်ဂေဇက် ပြည်အတင်းထောက် ရွေကြည် သဒင်းပေးပို့သည်။

သာမီးဂလေး ခြစ်သုဝေမှ သူ့ဘဲ (နောင်တွင်လင်ဖြစ်လာမည့်သူ) အဆိုတော်လင်းလင်း ဒဂိုယ်ဒေါ် ဆိုလိုရှိုးတွင် စုံတွဲသီဆိုခဲ့အပြီး မြန်တျန့်ဂေဇက်ရွာသား မောင်အလက်စင်း သတ်သေလိုက်သည်။ ၎င်းတို့ ဖျော်ဖြေနေစဉ် ရုံအတွင်း ရန်ဖြစ်ရာ အနီးရှိနေသူ အလက်စင်း သက်သေလိုက်ရန် ရဲအရာရှိ ရာမညမှ ဆင့်ခေါ်သည်ဟုလည်း ထပ်မံ စုံစမ်းသိရသည်။

စတြာဝဠာမယ်ပြိုင်ပွဲ ပြန်ရောက်လာသော မြန်မာမယ် မိုးစက်ဝိုင်အား မုံရွာ လက်ပံတောင်း မူလတန်းကျောင်းမှ ကျောင်းသားလေးများက လေဆိပ်တွင် နွားလှည်းဖြင့် သွားရောက် ကြိုဆိုဂျပြီး နွားလှည်းစီးရန် ဖိတ်မန္တကပြုရာ မိုးစက်ဝိုင်က နင်တို့ကို ဆိတ်နာဒယ်ဟု အဓိပါယ်ရသော my goat hates you !@#$ သိုးဆောင်းစကားနှင့် တုံ့ပြန်ကာ ဘတ်စ်ကားပေါ် စောင့်အောင့်တက်သွားသည်။

9 comments

  • Wow

    November 12, 2013 at 9:53 am

    ဂေဇက်လိုဂိုကို ဒေါင်းပုံအစား အပေါ်က ဒဂျီးပုံပြောင်းသုံးပါလား :mrgreen:

    Reply

  • KZ

    November 12, 2013 at 10:04 am

    အိုအေ။
    က ဒေါင်းလေးက လှပါတယ်။
    ရှေ့နဲ့နောက်မှား မရိုက်ပြီးတာပဲ။
    ခွိ :mrgreenn:

    Reply

    • Wow

      November 12, 2013 at 10:39 am

      သေချာကျိတော့မှ ဒဂျီးက ခြေထိုးနေတာပဲ :mrgreen:

      Reply

  • kyeemite

    November 12, 2013 at 2:26 pm

    ဟားဟားဟားဟား
    😀 😀 😀 😀

    Reply

  • Khant Khant

    November 12, 2013 at 2:55 pm

    ဒီဗူးခါးဟင်း က တယ်ကောင်းလှချေလား။

    အတောက်ပွေး ပြီး ဟားသွားပါတယ် :mrgreen:

    Reply

  • Ko chogyi

    November 12, 2013 at 10:17 pm

    ချာပါတီစားရင်းမပြောဘဲ၊ ဆီချက်ခေါက်ဆွဲစားရင်းပြောသည့်အချက်က
    ပြည်ကြီး ဆက်နွယ်မှုရှိကြောင်း သုံးသပ်ရပါသည်။
    ဦးကြောင် သေသေချာချာပြန်စုံစမ်းပါ။

    Reply

  • captainamerica

    November 13, 2013 at 10:07 am

    အော် ဒီလိုပါလား :mrgreen:

    Reply

  • captainamerica

    November 13, 2013 at 11:01 am

    ဇာတ်လမ်းစုံက ဒီလိုပါလားလို. :mrgreen:

    Reply

  • alinsett

    November 14, 2013 at 10:00 pm

    ဟွန် ့

    တု ထူးခြားသဒင်းထဲ
    အနော့်နာမည်က ကန့်လန့် ကန့်လန့် ပါလာရသေးဒယ်
    မရှင်းမရှင်းနဲ ့။

    🙂

    Reply

Leave a Reply

Your email address will not be published.