ကောင်းကင်ထက်က ပန်းချီတစ်ချပ်

ကာရံJuly 27, 20131min04

ပင်လယ်ပြာမှာရေးတဲ့စာ

ကောင်းကင်မှာဆွဲခဲ့ပန်းချီ

လေထဲမှာဆောက်တဲ့အိမ်

မုန်တိုင်းတွေ ပြေရော့ပါလို့

မေတ္တာရဲ့အတိမ်အနက်သဘောက

နက်ရှိုင်းသည့်သွင်

အလွမ်းကြောင့် ကျမျက်ရည်

ချစ်ပြီးမှ မခွဲချင်ပေမယ့်

အမုန်းသံသရာကြောမှာ

နစ်မြောနေခဲ့ငါ

တစ်ယောက်ထဲချစ်ခဲ့ပြီးခါမှ

ထားရစ်ခဲ့သူနှင့်ကျန်ရစ်သူသို့

အထိနာရင်မှာလွမ်း အဆွေးဆိုတဲ့စာသားအောက်မှာ

ငါလှအောင်ရေးတက်ဖို့ လိုနေပြီထင်ပ

အဝေးတစ်နေရာ ဆုံမှတ်ထင်ရအောင်

အလှမ်းကျယ် အလည်လှပ်ပြီမို့

အတွေးခက်လှတဲ့ မေတ္တာကြောမှာ

ငါသစ္စာဆိုတဲ့ စာသားမှတ်မိဖို့ထက်လိုပြီမို့

ရှေးကုသိုလ် ကံခေသမျှတော့

ချစ်သောသူနှင့်လည်း ထက်ပြီးဝေးရဦးမှာပေါ့

                                                            ပိတောက်မိုး……….

4 comments

  • မင်းမင်း

    July 30, 2013 at 12:36 pm

    ကဗျာတွေများတော့ ဖွဲ့တတ်လိုက်ကြတာ။

    ကဗျာရေးဖို့ ကြိုးစားဖူးတယ်။

    အမလေးမလွယ်ရေးချမလွယ်။

    တခြားစာတွေက လိုက်တုရေးလို့ ဖြစ်နိုင်တယ်။

    ကဗျာကတော့မရဘူးဗျိုးး။

    ခံစားချက်ကိုထိထိမိမိ ဖော်ကြူးနိုင်တာကဗျာပါပဲ။

    Reply

  • padauk moe

    July 30, 2013 at 8:50 pm

    ကိုမင်းမင်း ဘာမှအားမငယ်ပါနဲ့ဗျာ ကျွန်တော်လဲမရေးတက်ပါဘူး ဒါပေမယ့် ရင်ထဲကခံစားချက်ကို ရိုးရိုးလေး စဉ်းစားပြီး လွယ်လွယ်လေး ရေးဖွဲ့ထားခြင်းပါ ကောင်းသည် ဆိုးသည် ဆိုတာထက် ရင်ထဲက ခံစားချက် နည်းနည်းတော့ ပေါ့ပါးတာပေါ့ ဟုတ်ဘူးလား အားပေးနေပါ့မယ်

    Reply

    • အလင်း ဆက်

      July 30, 2013 at 8:52 pm

      ပိတောက်မိုး…
      ရွာထဲမှာလည်း..ရေး./ တင်
      မတင်ရသေးတဲ့ကဗျာ အသစ်လေးတွေ ကိုလည်း.
      နာတို ့ကဗျာပြခန်းကို..ပို ့ပေးဦး..
      🙂

      Reply

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 9:40 pm

    ချစ်သော သူနဲ့ …
    ဘယ်သူများ ဝေးချင်မလဲ …
    ကြယ်ကြွေ ညများထဲ …..
    ဆိုတဲ့ .. မျိုးကြီး သီချင်းကို သတိရလိုက်မိတယ် ….။
    ချစ်သောသူနဲ့ ထပ်ဝေးရတဲ့ အဖြစ်မျိုးတွေ နောက်အခါ မကြုံရလေအောင် ….
    ကိုယ့်ကို ချစ်တဲ့ သူတွေကိုလည်း မခွဲခွာနဲ့ပေါ့ …။

    Reply

Leave a Reply

Your email address will not be published.