မေတ္တာရေ ဘယ်မှာခန်း နှမလေးလည်းလွမ်း…………………..

ကာရံMay 14, 20131min01

ချစ်နှမငယ်များအတွက် မေတ္တာလက်ဆောင်ပါ အမှားပါရင် တောင်းပန်ပါတယ်  အပြုသဘောဆောင်ခြင်းပါ

ကောင်းကင်ထက်က နတ်ပန်းချီ

အရောင်အသွေးစုံလို့ညီ

ရိုးသားစိတ်ကလေး အရောင်ရယ်ကင်း

ချစ်နှမလေး ရွှန်းလဲ့ဝင်း

စိုပြေလှပ သူ့ဟန်သွင် မြင်သူတစ်ခါ ငေးမောချင်

မာယာမဲ့တဲ့သူ့နှုတ်ခမ်း ရွှေဝါရောင်ယှက်ကာသန်း

သူ့ပါးဘယ်ညာ ညီလှစွာ သနပ်ခါးလေးနဲ့ချစ်စရာ

ဝင်းပနေတဲ့လမင်းပမာ

အချစ်ဆိုတဲ့အက္ခရာ မြည်းစမ်းမကောင်းတဲ့အရာ

အမှန်တော့တဲ့မေတ္တာတရား ခမ်းခြောက်မသွားတဲ့ အတ္တစကား

အနားမှာမထားနဲ့ ချစ်နှမများ

   ပိတောက်မိုး

One comment

Leave a Reply

Your email address will not be published.