မပြောင်းလဲခြင်းလမ်းကလေး

naywoon niMay 14, 20131min09

ငါ………
ဒီလမ်းလေးထဲကို
ကာလအတန်ကြာ
ကြိမ်ဖန်များစွာ
ဖြတ်သန်းသွားလာဖူးပါရဲ့…….။
လမ်းနံဘေးက
မြက်ရိုင်းပင်တို့ရှည်လာတာ
ခင်းထားတဲ့ ကျောက်ခဲလေးတွေ
ယိုယွင်းလာတာကလွဲပြီး
ဘာမှမပြောင်းလဲသေးပါဘူး……။
လမ်းနံဘေးက
ရေနံဝနေတဲ့ အိမ်အိုကြီးကလည်း
အရင်အတိုင်းပါပဲ…..
အိန္ဒြေယ နေလိုက်တာ
တိတ်ဆိတ်လို့ ဘာသံမှမကြားရဘူး……။
အိမ်ရှေ့က ရေမြောင်းလေးမှာတော့
ဒိုက်တွေ ပိုများလာတာကလွဲပြီး
အရင်အတိုင်းပါပဲ…..။
အတိတ်ကို ထိန်းသိမ်းထားနိုင်တာ ဂုဏ်ယူရမလား
မပြောင်းလဲ(မတိုးတက်တာ) ကို ဝမ်းနည်းရမှာလား
လမ်းကလေးထဲကိုဝင်လာရင်း
အတွေးတွေ ရှုပ်နေလိုက်တာ…………
အိမ်ကို တောင်ကျော်လာခဲ့ပါပကောလား……။

နေဝန်းနီ

9 comments

  • kyeemite

    May 15, 2013 at 9:20 am

    အတိတ်ကို ထိန်းသိမ်းထားနိုင်တာ ဂုဏ်ယူရမလား ❓
    မပြောင်းလဲ(မတိုးတက်တာ) ကို ဝမ်းနည်းရမှာလား ❓
    ဆြာနီ ပြောတာစဉ်းစားစရာပဲဗျ….
    ကျနော် အညာဖက်ကရွာတစ်ရွာကို နှစ်၂ဝ ကျော်ကြာပီးမှရောက်သွားဖြစ်တယ်..
    ဘာမှမပြောင်းလဲသေးဘူး…အရင်လိုပဲ (သူတို့အခေါ်) ပထဝီအိုးနဲ့ မီးထွန်းနေရတုံး
    ရွာကနေ ကားစီးလို့ရမဲ့ အခြားရွာကြီးတစ်ခုဆီ ကန်သင်းရိုးတွေဖြတ်ပီး လမ်းလျျှောက်ရတုံး..
    ဒါကိုတွေ့တော့ ဆြာနီလိုပဲ တွေးခဲ့မိပါဂျောင်းးးး 🙄

    Reply

  • MaMa

    May 15, 2013 at 9:39 am

    ရေနံဝနေတဲ့ အိမ်အိုကြီးကို မပြိုမပျက်အောင် ထိန်းသိမ်းထားပြီး ရှေးဟောင်းပစ္စည်းအနေနဲ့ ကမာ္ဘလှည့်ခရီးသွားတွေကို ပြစားလို့ရတယ်။
    ပြိုလဲပျက်စီးမသွားအောင် ထိန်းသိမ်းထားနိုင်ရင် မဆိုးဘူးလို့ ခေါ်ရမယ်။ :hee:

    Reply

  • ဦးကြောင်ကြီး

    May 15, 2013 at 10:04 am

    မပြောင်းလဲ
    ကောင်းဆဲ
    ဂေါင်းခဲ
    မြောင်းထဲ
    ပေါင်းဖြဲ
    စောင်းလဲ
    လောင်းရွှဲ
    နှောင်းသဲ..

    Reply

  • ခင်ခ

    May 15, 2013 at 10:14 am

    ထိန်းသိမ်းထာနိုင်ရင် နှစ်တွေကြာတော့ ရှေးဟောင်းအမွေအနှစ်တဲ့။
    အဲ ခေတ်နဲ့အညီမပြောင်းလဲဘဲ ထိန်းသိမ်းထားတော့ မတိုးတက်ဘဲ ခေတ်နောက်ပြန်ဆွဲတဲ့။
    ထိုနှစ်ခုကြားဘယ်ဟာရွေးမလဲ စဉ်းစားရတာတော့ အတော်ခက်မယ်နော်။
    ဒါပေသည့် ခင်ခ သဘောပြောရရင်တော့ ခေတ်နဲ့အညီပြောင်းလဲခြင်းက နေသူအများ အကျိုးများမယ်ထင် ပါတယ်။ ရှေးဟောင်းအမွေအနှစ်ဖြစ်ခြင်းက အစိုးရအတွက်သာ ခံစားရတာ များမယ်ထင်ကြောင်း။

    Reply

  • kyeemite

    May 15, 2013 at 3:29 pm

    ကျေးရွာတွေမှာ ရေမရတာ
    လျှပ်စစ်မီးမရ သေးတာ
    ဆေးရုံဆေးခန်းမရှိတာ
    ကျောင်းကောင်းကောင်းမရှိသေးတာ….
    ဒီအခြေခံလိုအပ်ချက်တွေကတော့ ရှေးဟောင်းအမွေအနှစ် လိုထိန်းသိမ်းမထားသင့်ပါဘူး.. 😈

    Reply

    • Shwe Ei

      May 15, 2013 at 4:30 pm

      အူးမိုက် နောက်ကဘဲလိုက်တော့မယ်။

      မှန်လိုက်တာ ယောက်ခမရီးရယ်. :mrgreen:

      Reply

  • မောင် ပေ

    May 15, 2013 at 9:08 pm

    လူတွေ ဘွဲ ့ရပေမယ့် ပညာမတတ်သူတွေ ပိုများလာတဲ့ လမ်း
    သောက်စည်းကမ်း တစ်နေ ့ထက် တစ်နေ ့ ပို မဲ့ လာတဲ့ လမ်း
    သစ်ပင်တွေ မကျန်တော့တဲ့ လမ်း
    ရာသီဥတုတွေ ပျက်စီးနေတဲ့ လမ်း
    ခရမ်းလွန်ရောင်ခြည် စိုးရိမ်မှတ်ထက် ကျော်ပြီး ကျနေတဲ့ လမ်း

    Reply

  • rain pricess

    May 16, 2013 at 12:32 pm

    အရင်အတိုင်းပါပဲ…..။
    အတိတ်ကို ထိန်းသိမ်းထားနိုင်တာ ဂုဏ်ယူရမလား
    မပြောင်းလဲ(မတိုးတက်တာ) ကို ဝမ်းနည်းရမှာလား
    လမ်းကလေးထဲကိုဝင်လာရင်း
    အတွေးတွေ ရှုပ်နေလိုက်တာ…………
    အိမ်ကို တောင်ကျော်လာခဲ့ပါပကောလား……။

    အရမ်းကောင်းတဲ.စာသားတွေပါ….

    Reply

  • ဟက်လူဂျီးးး
    အတွေးများလို့ အိမ်တောင် ကျော်တွားဒါ ဟုတ်ရို့လားဂျ …
    ဟိုဒင်း ဖစ်နေလို့ ကျော်တွားဒါ မီဟုတ်ဝူးလား … :mrgreen:
    လဂါး နောက်ဒါဘာ …
    ကဗျာလေးက မိုက်တယ်ဗျာ ….
    အဟောင်းကြီး အတိုင်း ပစ်မထားဘဲ တိုးတက်မှု ရှိလာအောင် ဖော်ဆောင်သင့်ပါတယ် …

    Reply

Leave a Reply

Your email address will not be published.