မတူသောအကြည့်များ

ဘာပြောလိုက်တယ် ပြန်ဆုံကြမယ် ဟုတ်လား

မင်း နှုတ်ဖျားကစကား ပြန်ရုပ်သိမ်းသွားပါ

မင်းမှာလည်း မျက်စိတစ်စုံ

ငါ့မှာလည်း မျက်စိတစ်စုံဆိုပေမယ့်

မတူညီတဲ့ အကြည့်တွေကြားမှာ

မင်းဘက်ကကြည့်တော့ လမ်းဆုံ

ငါ့ဘက်ကကြည့်တော့ လမ်းခွဲ

ပြီးသွားခဲ့ပြီပဲ

ကြွေပြီးသား သစ်ရွက်

ပင်စည်နဲ့ပြန်မဆက်နိူင်သလို

ပြာကျပြီးသား စက္ကူစ

ဥုံဖွ လို့ ဘယ်လောက် မန်း မန်း

သူ့သက်တမ်းက ကုန်ခဲ့ပြီပဲ

ရွှေမျက်ရည်လည်း လာမဝဲနဲ့

ကျူးလှခဲ့တဲ့ မင်း စကားသံ

ငါ့နားထဲမှာ လျှံနေတုန်း

လွယ်လွယ်နဲ့ မုန်းခဲ့တာမဟုတ်

အရုပ်လိုလဲ ငါမနေနိူင်လှ

အခြေခိုင်စ ငါ့ဘဝနား

လား လား တောင်လှမ်းမလာနဲ့

ဇာတ်သိမ်းခန်းရဲ့ နိဂုံး

ပြီးဆုံးသွားခဲ့ပြီ ။

9 comments

  • kokothandar

    February 9, 2013 at 3:02 pm

    တယ်လဲနာကြည်းတတ်သူပါလား တစ်ဖက်သား သနားစရာ ဘာတွေကြောင့် ဒီလောက်တောင်ပြတ်သားပါလိမ့် ညညကျိတ်ပြီးငိုချင်ငိုနေအုံးမှာပါလေ

    Reply

  • surmi

    February 9, 2013 at 3:03 pm

    အဆုံးဆိုတာ
    အစရဲ ့ အစ တဲ ့
    ဘဝသံသရာမှာတော ့
    ဇာတိနဲ ့ မရဏ
    ကျောခြင်းကပ်လို ့ပြောရင်
    သဂျီးကငြင်းလိမ် ့မယ်
    အို ..ဘာပဲဖြစ်ဖြစ်
    ခဏမစဲ ဖြစ်ပျက်အစဉ်မှာ
    သဂျီးသေရင်ဖြင် ့
    နောက်လာမည် ့သဂျီး အသင့်ဖြစ်နေပေါ ့
    ကြွေသာကြွေမယ်
    ရနံ့ မပျယ်တဲ ့
    ခရေပန်းချောက်လေးလိုပဲ ……
    :harr:

    Reply

  • ခင်ခ

    February 9, 2013 at 3:06 pm

    ငြိမ်းချမ်းရေး ဆွေးနွေးကြပါ။
    အပစ်အခက် ရပ်စဲကြပါ……. တဲ့။
    ကချင်ပြည်နယ် အတွက် ဘုတ်ထောင်သွားတာလေး
    တွေ့လိုက်ရတာကို ကြုံတုန်းပြောမလို့ပါ။

    Reply

  • P chogyi

    February 9, 2013 at 4:13 pm

    သံယောဇဉ်ဆိုတာ မုန်းခြင်းကလည်းအပါအဝင်ဖြစ်တယ်လို့ဆိုတယ်။
    လွယ်လွယ်နဲ့ မုန်းခဲ့တာမဟုတ်ဆိုရင်
    လွယ်လွယ်နဲ့ သံယောဇဉ်ဖြတ်နိုင်ပါ့မလား။

    Reply

  • pooch

    February 9, 2013 at 4:19 pm

    ကျန်သေးတယ်
    တချို့တွေ လမ်းခွဲသွားပြီဆို ပြန်ဆက်မရတော့တဲ့ သူတို့ သံယောဇဉ်ကို တင်စားကြပုံတွေ

    မှန်တချပ် ကျကွဲသွားသလိုပဲ တဲ့ ပြန်ဆက်လို့ မရအောင်ကို အပိုင်းပိုင်းအစစ ပဲ့ကြွေနေတာတဲ့ လေ

    တကယ်ဆိုရင်တော့ မြေအိုးလို သံယောဇဉ်က အကောင်းဆုံးပေါ့

    အိုးကျကွဲသွားရင်တောင် ရေနဲ့ ဖျော်ပြီး အကောင်းတိုင်းဖြစ်အောင် ပြန်ပုံဖော်လို့ရသေးတယ်

    ဆိုတော့ မှန်လို မချစ်ပဲ မြေလိုချစ်မယ်ဆိုရင်တော့ အထိခိုက်နည်းလိမ့်မယ် ထင်ရဲ့

    Reply

  • Mr. MarGa

    February 9, 2013 at 6:30 pm

    များများ မပြောတော့ပါဘူး
    ထွက်ပြီးဆင်စွယ် ဝင်တယ်မရှိ
    ဖြတ်ခဲ့တဲ့ သံယောဇဉ် အတွေးထဲမှာတောင် ပြန်မဆက်ချင်ဘူး သိလား

    Reply

  • တောက်ရမ်း မိုက်တယ်ဗျာ …
    ခိုက်တယ်ဗျို့ …..
    ဒီလို အရေးမျိုးဆို ကျုပ် သိပ်ကြိုက်တာ …
    ခပ်မိုက်မိုက် အရေးအသားကို
    ခပ်မိုက်မိုက် ကျုပ်က အားပေးသွားပါတယ်ဗျို့ ……..။

    Reply

    • ဗုံဗုံ

      February 9, 2013 at 7:28 pm

      အယ် အပေါ်က နှစ်ယောက်ကလည်း ယောက်ဂမဂျီးလို ကလေးတစ်ယောက်အဖေ လူပျိုကြီးတွေမို့ အားကျရှာကြတယ်တော့ :mrgreen:
      ဘာဘဲဖြစ်ဖြစ် ကောင်းကောင်းလေးကိုတော့ မိသားစုလေးနဲ့ အေးချမ်းပျော်ရွင်စေချင်တာပေါ့ရှင် မိဗုံတို့ ဆန္ဒကို ပြောပြတာပါ ကာယကံရှင်ရဲ့ ခံစားချက် ခံယူချက်ကိုလည်း နားလည်ပါတယ် အန်ကယ်ဂျီး ဘာဘဲဖြစ်ဖြစ် အဆင်ပြေအေးချမ်းပါစေရှင်

      Reply

  • Traditional Medicine

    February 10, 2013 at 12:10 pm

    အတူ လက်တွဲခဲ့ တဲ့ချစ်သူ အတူစွန်စားခဲ့ တဲ့ချစ်သူ ရေဆန်လမ်းမုန်တိုင်းကြားမှာ ရင်ဆိုင်ဖို့ နောက်ဆုတ်သွားပြီ..လမ်းတစ်ဝက် အရောက်မှာထားခဲ့ တော့မလားလေ.. မင်းအချစ်တွေဒီ အချိန် ပြောင်းလဲနေပြီလား …ယုံ ကြည်ချက်တို့ မြေမှာလဲပြို..ခုတော့အားလုံးပဲ ရှုံးရ ပီလား. တို့အိမ်မက်တွေ မျှော်လင့်ခြင်း တွေပြန်ရုတ် သိမ်းခဲ့ တဲ့ မင်းရဲ့ ကတိတွေ အပြစ်မတင် ရက်ပါ.. ကြင်နာသူရေ……….ဖြုဖြုရဲ့ လမ်းခွဲပါ…..

    Reply

Leave a Reply

Your email address will not be published.