နေရီသာမှောင် (ကိုယ်တွင်းပြည့် ပိုဒ်စုံရတု)

တောက ကိုရင်December 24, 20121min02

နေရီသာမှောင်
(ကိုယ်တွင်းပြည့် ပိုဒ်စုံရတု)

နေရီသာမှောင် တမ်းတယောင်ရမ်း လလောင်ကျွမ်းလို­
ညဉ့်နက်အိုဆွေး နွေကြိုတေးလှ သွေးစွန်းကျလျက်
မြေခသက်သေ နှင်းဖွဲ့ဝေမှ ခိုးခြွေချစဉ်
ဆယ်နေမြင်လို သူကြဉ်ပိုနွမ်း အိမ်ပြန်လမ်းဆီ
နွေကျွမ်းပြီလားနေကွယ်သွားလျှင်ခိုနားရင်မှာ
တိတ်ဆိတ်စွာဖြင့် မျှော်လာခွင့်ကို ခင်တွယ်လိုသား
နေခြည်မှားမို့ မမြင်လို…။

ဝေသီစွာယောင် နွမ်းလျကြောင်ကန်း မြဆောင်ခန်းကို
သိခက်ဆိုသေး ဖွေပိုဆွေးရ ဝေးလွန်းလှခက်
ကြွေကျမျက်ရည် ညှင်းသွဲ့လေခ မိုးစွေကျလျှင်
ဖယ်သွေကြဉ်လို ယူငင်ဆိုတမ်း တိမ်ယံနန်းမှီ
ဖွေလွမ်းမြည်သားဝေမယ်လားထင် ပျိုနားယဉ်စွာ
ထိတ်ထိတ်ပြာရှင့် ပျော်ပါနှင့်ဆိုမြင်ကွယ်လိုငြား
သွေဖီသွားဖို့ မနှင်လို…။

နွေဆီမှာသောင် လွမ်းရမှောင်လမ်း ညယောင်ရမ်းဆို
ချိလျက်ငိုကြွေးသွေပိုဝေးမှ မေးခွန်းကခက်
နွေညနက်လေ ပျင်းတွဲ့သေရ နိုးစေမှပင်
တွယ်နေရင်အို ပူပင်ဖိုကျွမ်း ဂိမ္မာန်ကမ်းချီ
ရေခမ်းပြီထား နွေရယ်ခါးချင် ပိုမှားမြင်လာ
ကြိတ်မှိတ်ကာနှင့် ခေါ်လာဖွင့်ဆို ပင်လယ်အိုနား
ရေကြည်လားလို့ မထင်လို…။ ။

တောက ကိုရင်
၂၇.၁၁.၂၀၁၂

2 comments

  • မောင်ပေ

    December 24, 2012 at 8:44 pm

    နေရီသာမှောင်
    ပွေလီနှာထောင်
    စေမည်ကြာအောင်
    ရေသည်လာပေါင်
    ငွေစီမှာနောင်

    Reply

  • Mr. MarGa

    December 25, 2012 at 10:08 am

    ကိုရင်ရေ
    အဲလို ကဗျာလေးတွေ ဖတ်ချင်နေတာဗျာ
    အရင်ခေတ်က ကဗျာတွေပဲ ဖတ်နေရတယ်
    အားပေးသွားပါတယ်ဗျာ

    Reply

Leave a Reply

Your email address will not be published.