ကျ ရှူံး ခြင်း၊ အောင် မြင် ခြင်း

yan layNovember 22, 20121min014

ဒီ နေ့ ကျ နော် စဉ်း စား မိ တယ်၊ ကျ ရှူံး ခြင်း၊ အောင် မြင် ခြင်း၊ ဘာ ကြောင့် လဲ ဆို တော့ ကျ နော် ဒီ နေ့ တော် တော် စိ်တ် ဓါတ် ကျ နေ တယ်။ ဘာ ပဲ ဖြစ်ဖြစ် ရင် ဆိုင် မယ် လို့ ဆုံးဖြတ် လိုက် တယ်။ လာ ထား!!!

စိုင်း ထီး ဆိုင် သီ ချင်း ကို သတိရတယ် — ဘာ တဲ့– ကိုယ်စွမ်း သလောက် သာ ကိုယ် ကိူးစား ခဲ့ ပါတယ် ထိပ် ဆုံးထိ မရောက် တောင် သူများ အောက် မ ရောက် ဘူးရယ်–

အဲ ဒိ သီ ချင်း ကြား တော့ ၁ဝ တန်း ကျောင်း သား ဘဝ သတိရ တယ်၊ သူငယ်ချင်းတွေ အောင် စာရင်း ကြည့် ပြီး ၁ဝ တန်း ကျ တော့ သူငယ်ချင်း တစ် ယောက် ရဲ့ အိမ် အပြန် အဲ ဒိ သီ ချင်း ဆို မိ တော့ သူငယ်ချင်း အဖေ ကသူ့ ကို ကန် ချ တာ မှတ် မိ တယ်၊ အဲဒီ တုန်းက ကျ ရှူံး ခြင်း ကို ပျော် ပျော် ပဲ လက်ခံ တယ်၊ ကိုယ် မှ မ ကိူးစားခဲ့ တာ ကိုး။

အခုတော့ ကိူးစား ရင်းနဲ့ ပဲ ကျ ရှူံး တော့ မယ် ထင် တယ်။

ဒီ လို ရေး ပြီး ဒီမှာ တင် လိုက် တော့ စိတ်ထဲ မှာ ပေါ့ သလိုခံစား ရ တယ်၊ ကျေး ဇူးတင် ပါ တယ် admin ။

14 comments

  • yan lay

    November 22, 2012 at 7:46 pm

    အော် မေ့ လို့၊ ဒီ နေ့ အမူး အ မှောက် သောက် ပီ ဗိူ့ ။

    Reply

  • အလင်းဆက်

    November 22, 2012 at 8:00 pm

    သောက်သောက်…

    ငါ့ ကျတော့ မတိုက်ဘူး ။

    ဟွန်း ။

    :kwi:

    Reply

  • yan lay

    November 22, 2012 at 8:48 pm

    ဟား ဟား ကျန် သေး တယ် အများ ကြီး ကို အ လင်း ဆက် ရေ။ လာ ဗိူ့

    Reply

  • ကျုပ် ဆရာကြီး ပြောဖူးတဲ့ စကားကို
    သွားပြီး သတိရမိတယ် ….။

    “အစွမ်းကုန် အလုပ်လုပ်၍ ရလာဒ်ကို ကျေနပ် နှစ်သိမ့်ခြင်း” … တဲ့ ခည ..။
    အိုက်ဒါ ရောင့်ရဲခြင်းလို့ ဆိုသကိုး …။

    ပြီးတော့လည်း ကြိုးစားတဲ့ လူတစ်ယောက်အတွက် ဘယ်တော့မှ ကျရှုံးတယ်ဆိုတာ မရှိဘူးလို့ ကျုပ်ကတော့ ယုံကြည်တယ် …။
    တိုက်တယ် .. ရှုံးတယ် .. ထပ်တိုက်တယ် .. ထပ်ရှုံးတယ် .. ထပ်တိုက်ပြန်တယ် .. ထပ်ရှုံးပြန်တယ် ..
    ဒီလိုနဲ့ နောက်ဆုံး အောင်ပွဲ ရသွားရော ……… ဆိုပဲ ……။

    ဘာဒွေဒုန်းတော့ သိဝူးးးး
    ပြောချင်ရာ ပြောပြီးသွားလို့ လစ်ပီ …. ဝှစ် .. ဝှစ် … :kwi:

    Reply

  • yan lay

    November 22, 2012 at 9:43 pm

    စာလုံးပေါင်းမှားသွားတယ်ဗျကြိုးစားဖြစ်ရမှာ။ကိုအံရေအချိန်မရှိတော့ဘူးဗျို့။

    Reply

  • Mobile

    November 22, 2012 at 10:56 pm

    လဲနေပြန်ထ အဲ့ဒါဘဝကွ

    Reply

  • jullies cezer

    November 23, 2012 at 11:05 am

    ကြိုးစားနေခြင်းသာလျှင်ဘဝပါတဲ့ အောင်မြင်ခြင်းမအောင်မြင်ခြင်းထက်
    ကြိုးစားနေတဲ့သူဟာ ဘာမှမလုပ်တဲ့သူထက်စာရင်အများကြီးသာပါတယ်

    Reply

  • ရွာသူ jujuma .

    November 23, 2012 at 11:09 am

    အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲနေသလိုပဲ ..
    အောင်မြင်ခြင်းနဲ့ ကျရှုုံးခြင်းဆိုတာလဲ တူတူပါပဲ ..
    အမြဲမရှိနိုင်ပါဘူး .. :hee:

    Reply

  • Thu Wai

    November 23, 2012 at 3:08 pm

    အဲလိုပဲ စရေးကြရတာပါပဲ ရေးပါ ရေးနိုင်သလောက်ဆက်ရေးပါ။
    မင်မကုန်၊ စာရွက်မကုန်၊ စာမူတို်က်ကိုလဲသွားပို့စရာမလိုတာ ဒီတစ်ဆိုဒ်ပဲရှိတယ်။ ရေးပါ။

    Reply

  • etone

    November 23, 2012 at 4:43 pm

    ကျရှုံးခြင်းနဲ့ အောင်မြင်ခြင်းဆိုတာ လမ်းကြောင်းတစ်ခုတည်းပေါ် ပြေးနေတာချင်းအတူတူ … ဆန် ့ကျင်ဘက်လားရာမျိုးအနနဲ့ ရပ်တည်နေတာမျိုးပါ ။
    ရုပ်ဝတ္ထုအနေနဲ့ အောင်မြင်ခြင်း ၊ ကျရှုံးခြင်းကို တိုင်းတာရ မြင်သာပေမယ့် ၊ စိတ်ဓါတ်ရေးရာအရ ကျရှုံးခြင်း ၊ အောင်မြင်ခြင်းဆိုတာကတော့ ၊ လူပုဂ္ဂိုလ်တစ်ဦးတယောက်ချင်းစီရဲ့ ရောင့်ရဲတင်းတိမ်နိုင်မှု ၊လက်ခံနိုင်စွမ်း ၊ အကောင်းမြင်စိတ်တွေ၊ မခံချင်စိတ်တွေနဲ့ ဆိုင်မလားပဲ ။ ကျဆုံးဖူးမှ ၊ အောင်မြင်ခြင်းကို ပိုတောင့်တလာမိတတ်ကြပါတယ် ။ 🙄

    Reply

  • yan lay

    November 23, 2012 at 7:08 pm

    ကျ ရှုံး ခြင်း နောက် တွင် — ရင် ဆိုင်ရ မည့် အခြေ အနေ—ရင် ဆိုင်ရမှာ ကြောက် နေတယ်

    Reply

  • မောင်သုည

    November 24, 2012 at 12:55 am

    ခေါင်းစဉ်လေးကောင်းပြီး၊ဖတ်ရတာ စိုင်းထီးဆိုင် ရဲ့ စာသားလေးတစ်ကြောင်းတည်းဆိုတော့ ဖတ်ရတဲ့သူ ဒီရင်မှာ ဟာတာတာနဲ့…
    လောကမှာ ဘဝနဲ့ဆန္ဒ ထပ်တူမကျဘူးဆိုပေမယ့် အရှူံးတွေကိုရင်ဆိုင်ရမှာကြောက်လို့ လက်လျှော့လိုက်ရင်…အမြဲတမ်းရှူံးနေမှာပါပဲ…မဟာဇနကမင်းသားဟာ သင်္ဘောမှောက်လို့ ပင်လယ်ထဲမှာ လက်ပစ်ကူးရမှာကြောက်နေရင် မေခလာလဲရောက်မလာနိုင်ပါဘူး…ယနေ့အထိ လက်ကိုင်ထားတဲ့ဆောင်ပုဒ်လေးတစ်ခု လက်ဆောင်ပေးလိုက်ပါမယ်…အဲဒါကတော့ …စက်မရှိရင် ရွက်နဲ့လွင့်မယ်၊ရွက်မရှိရင် တက်နဲ့လှော်မယ်၊တက်မရှိရင် လက်နဲ့ကူးခတ်ဖို့ ဘဝကိုအမြဲအသင့်ပြင်ထားပါတယ်…
    မည်သို့သော် အရှူံးတို့နှင့်ရင်ဆိုင်နေရပါစေ..ခိုင်မာတဲ့စိတ်ဓါတ်နဲ့ရဲရင့်တဲ့ဇွဲသတ္တိတို့ရှိနေမယ်ရင် အောင်မြင်စွာကျော်ဖြတ်နိုင်မှာပါ….။

    Reply

  • ကိုယ် အမှန်တကယ်ရှုံးနိမ့်သွားတာကို ကိုယ်ကြောင့်လို့ လက်ခံနိုင်စွမ်းရှိဘို့လိုပါတယ်။
    ဒါမှသာ ဘာကြောင့်…………………ဆိုတာကြီးကို ရှာတွေ့မှာပါ။
    ကိုယ်ရှုံးသွားတာကို ဟိုဟာကြောင့် ဒီဟာကြောင့်လို့ ဆိုပြီး အကြောင်းပြနေရင်တော့
    အရှုံးတွင်းထဲက တက်မှာမဟုတ်တော့ဘူးလို့ ထင်မြင်မိပါတယ်။

    စာစရေးကာစကတော့ တိုတိုလေးဘဲရေးဖြစ်ပါတယ်။
    ကျနာ်ပထမဆုံးပို့စ် က ကိုးကြောင်းထဲဘဲရှိပါတယ်။
    နောက်တော့ ရေးရင်း ရေးရင်းနဲ့ဘဲ……………………………

    Reply

Leave a Reply

Your email address will not be published.