အနားသတ်ကိုရှာဖွေခြင်း – ခက်မာ

kaiJune 21, 20101min04

သောကြာတစ်ရက် အပြင်မထွက်ပဲ
စနေညနေဖက် ဟိုဟိုဒီဒီလျှောက်တော့
လမ်းထိပ်က ချယ်ရီပင်ကြီး ပင်လုံးကျွတ်ပွင့်နေပုံက
မျက်လှည့်ပြသလို ဗြုန်းကနဲ။

အဲဒီညနေမှာပဲ
အရွက်မမြင်ရအောင်ပွင့်တဲ့
အမည်မသိ အဖြူရောင်ပန်းတွေရဲ့
အံ့မခန်းစုံညီမှုကို ငေးမောခဲ့။

တနလ်ာမနက်ထင်ပါရဲ့
ငါလျှောက်ခဲ့တာ ဒီလမ်းမှဟုတ်ရဲ့လား
အပွင့်မဲ့ပန်းများနဲ့သစ်ပင်က
မှင်တက်ဝေဝါးစေပြန်တယ်။

ငါတို့ရောဘယ်နှစ်ကြိမ်ဗြုန်းကနဲ ပွင့်ခဲ့ကြပြီးပြီလဲ
ဘယ်နှစ်ကြိမ် ဝုန်းကနဲကြွေခဲ့ကြပြီးပြီလဲ
နောက်ထပ်ဘယ်နှစ်ကြိမ်
ဘယ်လောက်များများ ထပ်ဖူးကြဦးမှာလဲ။

ခက်မာ

မှတ်ချက်။  ။ ဂျွန် ၂၀၁၀

4 comments

  • သတင်းလူသား

    June 21, 2010 at 3:45 pm

    အမည်ဖော်မရတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရပါတယ်။ ဟုတ်ပါတယ်…ကျွန်တော်တို့တတွေလည်း ဘယ်လိုတွေပွင့်ပြီး…ဘယ်လိုတွေကြွေခဲ့ပြီးပြီလဲ။ နောက်ထပ်ရော ဘယ်လိုပွင့်ပြီး…ဘယ်လိုကြွေကြမလဲ…။ အဲဒါအရေးကြီးပါတယ်။

    Reply

  • Alinsett @ Maung Thura

    May 7, 2015 at 1:40 pm

    ဒီကဗျာလေးလည်း သဘောကျမိ…

    .ကြည့်ရတာ… ဒါ… သတင်းစာထဲ ပါခဲ့တဲ့ ကဗျာတွေ ထင်ရဲ့…

    Reply

  • Ma Ma

    May 8, 2015 at 3:57 pm

    အနားသတ်ကို တွေ့ချင်တယ် ဆိုရင်ဖြင့်…….
    သံသရာလွတ်ကြောင်းတရားဓမ္မများကို အားထုတ်ကြိုးပမ်းပါလော့……..
    သဘောပါရဲ့လားးးးးးးးးး :kwi:

    Reply

Leave a Reply

Your email address will not be published.