ကြက်မကြီးမှဥ မဟုတ်ပဲ အကောင်လိုက်မွေး

may flowersMay 2, 20121min04

မကြာသေးခင်က သီရိလင်္ကာနိုင်ငံတွင် ကြက်မတစ်ကောင်သည် ဥ,ဥခြင်းမဟုတ်ဘဲ ကြက်ငယ်တစ်ကောင်ကို အကောင်လိုက်မွေးဖွားခဲ့ကြောင်း သိရသည်။ ပုံမှန်အားဖြင့် ဥများကို ဥချပြီးမှ အပြင်ဘက်၌ အနွေးဓာတ်ပေးခြင်း သို့မဟုတ်ကြက်မက ဝပ်ခြင်းအားဖြင့် အကောင်ပေါက်လာသော်လည်း ယခု ကြက်ကလေးကိုမူ အကောင်လိုက်မွေးဖွားခဲ့ခြင်းဖြစ်သည်။ အပြင်ဘက်တွင် ၂၁ ရက်ကြာဝပ်ပြီးမှ အကောင်ပေါက်သော်လည်း ယခုကြက်ကလေးသည် ထူးဆန်းစွာ အကောင်လိုက်မွေးလာခြင်းဖြစ်သည်။ မွေးလာသည့်ကြက်ကလေးမှာ ကျန်းမာ သန်စွမ်းပြီး ကိုယ်လက်အင်္ဂါစုံလင်ကာအသက်ရှင်ခဲ့သော်လည်း သူ့အား မွေးဖွားခဲ့သည့် ကြက်မကြီးမှာမူ အတွင်းပိုင်းဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ကြက်ပိုင်ရှင် လယ်သမားသည်
အဆိုပါ ဖြစ်ရပ်ဆန်းကို သက်ဆိုင်ရာအာဏာပိုင်များထံသို့ အကြောင်းကြားခဲ့ပြီး တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဆိုင်ရာ အာဏာပိုင်များက ကြက်မကြီးအား ရင်ခွဲကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ပါကစ္စတန်နိုင်ငံ ဝေလီပါဒါမြို့မှ တိရစ္ဆာန်ဆေးကု ဆရာဝန်ပီအာယာပါက ယင်းကဲ့သို့သော အဖြစ်မိုျးကို သူ့အနေဖြင့် တစ်ကြိမ်သာ ကြားဖူးခဲ့သော်လည်း ယနေ့တွင် ကိုယ်တိုင်မြင်တွေ့ရပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကြက်မကြီး၏ မွေးလမ်းကြောင်းသည် စုတ်ပြဲဒဏ်ရာများ ရရှိပြီး ကြက်မကြီး သေဆုံးရခြင်းဖြစ်သည်ဟုဆိုသည်။

မှက်ချက်။   ။စွယ်စုံသတင်းမီဒီယာမှကူးယူဖော်ပြပါသည်

4 comments

  • kaung kin pyar

    May 2, 2012 at 5:05 pm

    ဒါ့ပုံလေး တွေ့ရရင် ကောင်းမယ်….။ မမြင်ဖူးတာတွေ မြင်ရအောင်…။ ခေါင်း ၅လုံးမြွေဆိုတာတော့ မြင်လိုက်တယ်…။ ဒီရွာမှာပဲ…။ ခုတော့ ထူးထူးဆန်းဆန်း….။

    Reply

    • Dote Kha

      May 2, 2012 at 6:01 pm

      ဒီနေရာမှာတော့ ကြက်မကြီးပုံတော့ မပါဘူး။
      မွေးလာတဲ့ ကြက်လေးရဲ့ပုံကို ကြည့်နိုင်တယ်။

      http://www.bbc.co.uk/news/17769677

      ဒီကြက်မကြီးလည်း နောက်နောင်ဘဝက သူများ သားဖွားတာကို နှောက်ယှက်ခဲ့လို့ ခုလို ဝဋ်ပြန်ခံရတာပဲ ဖြစ်နိုင်ပါတယ်။

      Reply

  • Onyx

    May 3, 2012 at 12:17 pm

    မေ ရေဒီလို အထူးအဆန်းလေးတွေ သိရရင် ထပ်ပြောအုန်းနော် ။ဖြစ်နိုင်ရင် ဓါတ်ပုံလေးပါ တင်စေချင်တယ်။
    အော် အမေတွေရဲ့ ဒုက္ခ ပဲနော်။ သားသမီးတွေကို အသက်နဲ့ ရင်းပြီး မွေးကြရတာပဲ ။ကျေးဇူးးပါမေရေ

    Reply

  • Wai Phyoe

    May 3, 2012 at 12:53 pm

    အထူးဆန်း ပုံမျိုးတော့ပာုတ်ဘူးဗျ ပာိုတစ်နေ့ကသတင်းမှာပါလာတာပိုပြည့်စုံတယ်
    သာမာန်အားဖြင့် ကြက်တွေက ဥကနေပေါက်ဖွားကြတာပါ ကြက်မကြီးကလဲ ဥပေါက်ဖို့ရန်လိုအပ်တဲ့အနွေးရဖို့ ဝပ်ပေးရပါတယ်။ ဒီတစ်ခါမှတော့ အဲ့ဒီ ကြက်ဥက သားအိမ်မွေးလမ်းကြောင်းထဲမှာ တစ်ပြီးကျန်ခဲ့တာပါ အကြောင်းရင်းကတော့ မိခင်ကြက်မအရိုးကွင်းကျဉ်းနေလို့ပါပဲ ။လမ်းကြောင်းထဲမှာပဲဥပေါက်ပြီးမွေးဖွားလာတာပါ ဖြစ်တတ်ပါတယ်

    Reply

Leave a Reply

Your email address will not be published.