မတူတာတွေ

Dote KhaMay 2, 20121min07

သူများနဲ့ မတူတဲ့အချက်တွေ ကျွန်တော့်မှာ ရှိပါတယ်။

အောက်ပါ အချက်များ ဖြစ်ပါတယ်။

 

နံပါတ် (၁) ။    ။ နှာခေါင်း သုံးပေါက် ပါနေခြင်း။

နံပါတ် (၂) ။    ။ နောက်ကျောဘက်တွင် လက်နှစ်ချောင်း အပိုပါနေခြင်း။

နံပါတ် (၃) ။    ။ ရှေ့လက်နှစ်ဖက်မှာ အမြဲတမ်းနီးပါး ဆုပ်ကိုင်ထားသည့် ပုံစံမျိုး ဖြစ်နေတတ်ပြီး နောက်ဘက်က လက်နှစ်ဖက်မှာမူ အမြဲတမ်းနီးပါး ဖြန့်လျက်ပုံစံမျိုး ဖြစ်နေတတ်ခြင်း။

နံပါတ် (၄) ။    ။ မျက်မှန်တပ်၍ မွေးလာခြင်း။

နံပါတ် (၅) ။    ။ ခြေထောက်များမှာလည်း ရှစ်ချောင်း ဖြစ်နေခြင်း။

နံပါတ် (၆) ။    ။ ဆရာဝန်၏ ဆေးစစ်ချက်အရ သိရသည်မှာ နှလုံးသားတွင် ဟောင်းလောင်း ပေါက်ကြီးတစ်ခု ဖြစ်နေခြင်း။

နံပါတ် (၇) ။    ။ နားများအတွင်း ဆူးကဲ့သို့သော ချွန်ထက်သည့် အရာများ ပေါက်နေခြင်း။

 

အထက်ပါ အချက်များမှာ ကျွန်တော်ရဲ့ အများနှင့်မတူသည့် အချက်များ ဖြစ်ပါသည်။

သို့ရာတွင်မူ ကျွန်တော်မှာ သာမန်လူသားများ နည်းတူ လှုပ်ရှား သွားလာနေနိုင်ပါတယ်။

 

7 comments

  • kaung kin pyar

    May 2, 2012 at 5:07 pm

    မယုံဘူး…..။ သက်သေပြ…။

    Reply

  • ဆူး

    May 2, 2012 at 5:55 pm

    အမှန်အကန် ဆိုတာ သိရအောင် ဘာနဲ့ သက်သေပြမလဲ..

    Reply

  • mg mg

    May 2, 2012 at 8:22 pm

    ထူးထွေတည့်အံ့ရာသော်ပဲ စကားထာဝှက်နေတာလား။

    Reply

  • captainamerica

    May 2, 2012 at 10:40 pm

    ဟုတ်ပါဘီဗျာ လက်ခံပါတယ် စကားမစပ် ခင်ညား အင်းအင်းပါရင်ရော
    ဘယ်လိုပါတုန်းဗျ လူထူးဆိုလို.မေးကြည့်တာနော်
    စိတ်ဆိုးရဝူး ဂယ်သိချင်လို.ဂျ ❓ 🙄

    Reply

  • Onyx

    May 3, 2012 at 11:35 am

    ကပ်တိန်တို့ ကတော့ လုပ်ပြီ ။ဟီးးးဟုတ်သား သူပြောမှ နာတောင် သိချင်လာပြီ ။
    ရှုးရှုး ပန်းတော့ရောဟင်….. ခင်လို့စတာ စိတ်ဆိုးရဘူး။

    Reply

  • etone

    May 3, 2012 at 2:46 pm

    ဘယ်လို သတ္တဝါပါလိမ့် … လူ နဲ့ တိရိစာ္ဆန် မဖြစ်နိုင်ဘူး … အရာဝတ္တု တစ်ခုခုပဲဖြစ်ရမယ် … ။
    ရေးပြီးလျှင်တော့ .. အဖြေပြန်ပြောဖို့ မမေ့နဲ့နော် … ။

    Reply

  • Dote Kha

    June 12, 2012 at 7:05 pm

    ဟုတ်ကဲ့။
    ကျွန်တော် ဆိုလိုချင်တဲ့ အဓိပ္ပါယ်တွေကတော့ အောက်ကအတိုင်း ဖြစ်ပါတယ်။

    ၁။ နှာခေါင်းသုံးပေါက်ဆိုတာက သူများနှာခေါင်းပေါက်နဲ့ပါ အသက်ရှူနေရခြင်းကို ဆိုလိုတာပါ။
    ၂။ နောက်ဖက်မှာ လက်နှက်ဖက်ပါတယ်ဆိုတာ ကွယ်ရာမှာ လာဘ်စားတတ်တာကို ဆိုလိုတာပါ။
    ၃။ ရှေ့လက်နှစ်ဖက်က ဆုပ်ကိုင်ထားတယ်ဆိုတာက ကိုယ်မှာရှိတာကို မပေးမကမ်းဘဲ စုဆုပ်ထားတာကို ဆိုလိုတာပါ။ နောက်လက်နှစ်ဖက်ကတော့ နံပါတ် ၂ မှာ ပြောခဲ့ပြီးပါပြီ။
    ၄။ လောကကြီးကို အရှိအတိုင်း အမှန်အတိုင်း မွေးကတည်းက မမြင်ခဲ့တာကို ဆိုလိုတာပါ။
    ၅။ အရပ်ရှစ်မျက်နှာဆိုတာ ရှိပါတယ်။ ဒါကြောင့် ခြေထောက်တွေက အရပ်မျက်နှာအနှံ့ သွားတာကို ဆိုလိုတာပါ။
    ၆။ ဒါကတော့ ကျွန်တော့်အတွက် ပြောတာပါ။ နှလုံးသားကို အချစ်နဲ့ တင်စားတာများလို့ ဟောင်းလောင်းဖြစ်နေတယ်ဆိုတာ ချစ်တတ်တဲ့စိတ် (၁၅၀ဝ ကို ဆိုလိုသည်။) နည်းပါးတာ၊ မပါရှိတာကို ဆိုလိုတာပါ။
    ၇။ သူများ ပြောသမျှကို ဆူးနဲ့ထိုး စစ်ဆေးပြီးမှသာ လက်ခံတာကို ဆိုလိုတာပါ။

    အကြောင်းပြန်ဖို့ နောက်ကျသွားတာကိုလည်း ခွင့်လွတ်ကြပါ။
    အလယ်က မောင်ဒုက္ခ

    Reply

Leave a Reply

Your email address will not be published.