ပိတ်ခြင်းမြောင်ဂူအတက်နဲ့အထွက်လမ်း…………………..

1 အပေါ်ကိုတက်တဲ့လမ်းကလေး
2 ဒီလှေခါးကျော်ရင် အမြင့်ဆုံးနေရာရောက်တယ်
3 အပေါ်ကစီးကျနေတဲ့ရေတံခွန်အသေးလေး
4 အပေါ်စီးကမြင်ရတော့ အလည်ခေါင်ကစေတီတော်
5 အပေါ်ကို တက်လာတဲ့သူတွေ မောတယ် အသက်ရူမဝ လေကောင်းကောင်းမရ
6 အပေါ်က မြင်ရတဲ့ကျောက်ပန်းဆွဲတွေ
7 အပေါ်ကိုတက်လာသူ လှေခါးက မြင့်၏

 

8 လူခေါင်းနဲ့မလွတ်တဲ့ ကျောက်ပန်းခက်
9 ရေပွက်တွေထနေတာလေ.......ရွေရောင်လက်လို့
10 ခေါင်းငုံ့ဝင်ရလောက်အောင်နိမ့်ပါတယ်
11 အတွင်းထဲက ဆင်းတုတော်လေးတွေ
12 ကျဥ်းမြောင်းတဲ့လမ်းကလေးကနေအဝင်

 

13 ကျောက်စက်ရေ ......................
14 ကိုယ်ထွက်လာခဲ့တဲ့လမ်းကို ပြန်လှည့်အကြည့်
15 ဟိုဘက်ကို ကူးတဲ့တံတားလေး

 

16 ကျောက်ပန်းဆွဲနဲ့စေတီတော်အလှ
17 အဝင်ဝနားလေးက မြင်ကွင်း
17 ကျနော်အကြိုက်ဆုံးရိုက်ချက်

           “ပိတ်ချင်းမြောင်ဂူအတက်နဲ့အထွက်လမ်း ”

 

ကျနော်တစ်ယောက်ထဲ ဂူအမြင့်ဆုံးနေရာအထိတက်လာခဲ့ပါတယ်။

အပေါ်ဆုံးမရောက်ခင်မှာအတော်လေးအသက်ရှုကျပ်သလို မတ်စောက်တဲ့လှေခါးအတက်မှာ

အတော်လေးမောပါတယ်။

အသက်ရှုမဝလို့ ဟောဟဲလိုက်နေတာ လူမြင်ရင် ရီစရာ။

လူက ဝဝ ကင်မရာပေါက်စနဲ့ ဟိုနားရပ်လိုက် ဟိုအပေါ်တက်လိုက်နဲ့ ဓါတ်ပုံရိုက်နေတဲ့

ကျနော်ကို ကြည့်ပြီး ပြုံးသွားတဲ့တစ်ယောက်ကို မောမောနဲ့မြင်လိုက်ပါသေးတယ်။

အပေါ်ဆုံးရောက်တော့ ဗေဒင်လက္ခဏာဟောတဲ့သူတစ်ယောက်ကိုဘဲတွေ့ရပါတယ်.

ကျနော်အစကထင်တာ ဒီအပေါ်ဆုံးရောက်ရင် အခြားတစ်ဖက်က ပြန်ထွက်လို့ရတယ်လို့ထင်မိပါတယ်။

ဒါပေမယ့် လာလမ်းအတိုင်းပြန်လှည့်ခဲ့ရပါတယ်။

အထွက်ဝမှာတော့ ဒီလမ်းခရီးမှာ ကျနော်ဒုတိယမြောက်အနှစ်သက်ဆုံးပုံလေးတပုံရခဲ့ပါတယ်။

ခံစားမျှဝေလိုက်ပါတယ်။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့

(24-4-2012)

8 comments

  • water-melon

    April 28, 2012 at 8:34 am

    လေးပေါက်ရေ
    အောက်ဆုံးပုံလေးကို ကြိုက်မိကြောင်း
    လေးပေါက် အထဲမဝင်ချင်ဘူးကြောက်တယ်
    အရင်တခါ ပင်းတရဂူထဲမှာတုန်းက အသက်ရှူကြပ်ပြီး ခေါင်းမူးတယ်
    မီးကြောက်တယ်

    Reply

  • blackchaw

    April 28, 2012 at 8:58 am

    ကျွန်တော် အကြိုက်ဆုံးရိုက်ချက်ဆိုတဲ့ ပုံလေး
    အကြိုက်တွေ့မိပါကြောင်း…။

    Reply

  • Mလုလင်

    April 28, 2012 at 10:42 am

    အောက်ဆုံး ပုံကို facebook မှာ တွေ့ထဲက ကြိုက်တာ .. ခု ပြန်ကြည့် လဲ သဘော ကျ နေတုန်း ပဲ ..

    Reply

  • TTNU

    April 28, 2012 at 11:18 am

    ကိုပေါက်ရေ..
    ပုံ(၇)က အစ်မကြီးက သူ့ပုံကို ခွင့်မတောင်ဘဲ။
    သူမသိဘဲရိုက်တဲ့ အတွက် ကိုပေါက်ကိုလိုက်ရှာနေတယ်တော့။ 😛

    ပုံ(၁၇) အကြိုက်ဆုံး။ကူးလိုက်ပြီနော်။
    ကျေးဇူး ၁၀၀၀၀၀….

    Reply

  • mocho

    April 28, 2012 at 11:18 am

    ဟုတ်တယ် လေးပေါက်ရေ
    ကျမလည်း အဲဒီထဲမှာအသက်ရှူ မဝ သလိုဖြစ်မိတယ်။ တခြားသူတွ မေးကြည့်တော့ မဖြစ်ဘူးတဲ့။ အောက်ဆုံးပုံလေး ကတော့ တကယ် မိုက်တယ်။
    ကိုယ် သွားခဲ့ တုန်းက အဲဒီ ပုံလေးအတိုင်း လှမ်းမြင် လိုက်ရတဲ့အချိန် မှာ အသက်ရှူ ပြန် ဝသွားသလို ခံစားခဲ့ရတာမှတ်မိတယ်။

    Reply

  • ဗိုက်ကလေး

    April 28, 2012 at 11:38 am

    သွားချင်လာပြီ အူးလေးရာ
    အသဲပုံပေါက်နေတဲ့ပုံလေး ရေလည်ခိုက်တယ်

    Reply

  • မာမီရေ ဓါတ်ပုံထဲက မမကြီးကို ပြုံးပြထားတယ်လေ။
    ဟုတ်ပါတယ် အပေါ်အမြင့်ဆုံးရောက်ရင် အောက်ဆီဂျင်နည်းတော့ အသက်ရှုကျပ်ပါတယ်.
    အခုတလော ကိုပေါက် ဂူတွေနဲ့အကျုးိပေးနေပါ၏။
    မနေ့က မြင်းမထိသဘာဝလှိုဏ်ဂူ(လွိုင်ကော်သွားတဲ့လမ်း)
    ဒီနေ့ ပင်းတယ သဘာဝလှိုဏ်ဂူ
    အစဉ်အတိုင်းတင်ပေးသွားပါမည်.။

    Reply

  • Khaing Khaing

    April 28, 2012 at 9:55 pm

    ဟုတ်တယ်တော့ အောက်ဆုံးကပုံလေးက ကောင်းလိုက်တဲ့ရိုက်ချက်ပဲ ……… ကြည့်ရူအားပေးလျှက်ပါနော်………. သမီးသွားတုန်းက နံပါတ် ၁ နေရာကပဲ ပြန်လှည့်လာတယ် ကြောက်လို့ အဟိ ဖရဲမနဲ့အတူတူပဲလေ …….. ကြောက်တတ်တယ် ….

    Reply

Leave a Reply

Your email address will not be published.