သံတွဲဈေးဆိုင်ခန်းလုနေကြပြီ

kyawkyaw11February 29, 20121min01

သံတွဲဈေးကို တာဝန်ရှိလူကြီးတွေက ဈေးသူဈေးသားမြို့သူမြို့သားတွေနှင့် ညှိနှိုင်းတိုင်ပင်ပြီးသင့်တော်သလို
စီစဉ်ဆောင်ရွက်ပါဆိုတာကို
ဈေးသူဈေးသားတွေ ဈေးကော်မတီတွေ
သူ့ဆိုင်ခန်းဘယ်လောက်ကျယ်တယ်
ငါ့ဆိုင်ခန်းဘယ်လောက်ကျယ်တယ်
ဘယ်သူကဘယ်လိုရသင့်တယ်
ငါကဘယ်လိုရသင့်တယ်
ဈေးကိုဘယ်သူကဘယ်လိုဆောက်မယ်
ငါကဘယ်လိုဆောက်မယ်
ဈေးလည်ခေါင်မှာ ဟိုက်ဝေးလမ်း၊ ရှောင်ကွင်းလမ်းတွေကပါသေး
ရေတွင်း တွေ
ရေကန်တွေပါသေး
ဘယ်လို ဦးနှောက့်တွေနဲ့များ ဒီလိုဖြစ်နေကြပါလိမ့်
မီးသတ်ကားဝင်ရန်လမ်းတွေကအများကြီး
ဈေးမီးလောင်တုံး မီးသတ်ရုံးနဲ့ တစ်ဖါလုံတောင်မပြည့်သည့်
နေရာကိုတောင် မီးလောင်ပြီး မီနစ်(80)ကျော်မှရောက်တာ
ဒီလိုဈေးလည်ကောင်မှာ ဟိုက်ဝေးလမ်းတွေနဲ့ဆိုတော့ မီးလောင်ပြီး
3 နာရီလောက်မှရောက်မှာ
ဈေးထဲကဟိုက်ဝေးလမ်းမှာ စည်ပင်က ဈေးဆိုင်တွေရောင်းစားထားမှာတော့သေရှာတယ်
ဈေးဆိုင်တွေဖယ်ရ၊ မော်တော်ပီကယ်ခေါ်ရလမ်းရှင်းရ ဆိုတော့
တော်တော်ကြာမှာ
ယခင်ဈေးတုံးကလဲ မိးသတ်ကားဝင်နိုင်တဲ့ အဆောင်ကျယ်တွေပါပါတယ်
နောက်တော့ လူပိန်တွေသွားတဲ့လမ်းဖြစ်သွားပါတယ်
ပွိုင့် နောက်က ယခင်ငါးတန်း အဆောင်ကြီးကိုကြည့်ပါ
ဘိုးရင် 747 တောင်ညအိပ်လို့ရတယ်
နောက်တော့ ပုဇင်းတောင်မနဲပျံနေရတယ်
မီးသတ်ကကောဘာထူးလဲ
မီးသတ်ကားကနှိုူးမရ
ရေကမရှိ
လမ်းဘေးဈေးသည် မီးနဲ့ရောင်းရင်တော့ 3000 ကျပ်လာထား
ဆင်းရဲတဲ့အိမ် မီးစစ် မီးဖိုမှာမီးတွေ့ရင်(3000)ကျပ်
ဆင်းရဲသားတွေမှာ ဆောင်လိုက်ရတဲ့ဒဏ်ငွေတွေ
တစ်နေ့က အမှတ်(6/5)ရပ်ကွက်တွေမှာ
အိမ်(40)လောက်ဒဏ်ရိုက်ခံလိုက်ရ
မီးသတ်ကားရေမရှိတာ ဘယ်သူဒဏ်ရိုက်မလဲ
မီးသတ်ကားစက်မနိုးတာ ဘယ်သူဒဏ်ရိုက်မလဲ
တစ်ဖါလုံလောက်ကို တစ်နာရီကျော်အောင်လာရတဲ့မီးသတ်ကားကိုဘယ်သူဒဏ်ရိုက်မလဲ
သမတကြီးပြောတဲ့ ခေတ်မှီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဘို့————
ဆင်းရဲသားချော့ချရေးလား———-ဆင်းရဲသားတွေဆီချောကျရေးလား—————-

One comment

  • “”ယခင်ဈေးတုံးကလဲ မီးသတ်ကားဝင်နိုင်တဲ့ အဆောင်ကျယ်
    တွေပါပါတယ်နောက်တော့ လူပိန်တွေသွားတဲ့လမ်းဖြစ်သွား
    ပါတယ်ပွိုင့် နောက်က ယခင်ငါးတန်း အဆောင်ကြီးကိုကြည့်ပါ
    ဘိုးရင် 747 တောင်ညအိပ်လို့ရတယ်””
    ________________________________________________
    အင်းဗျာ…ငါးတန်းဆိုတာက grade 6ကိုပြောတာလား၊ဒါမှမဟုတ်ရင်
    ငါးစိမ်းသားစိမ်းရောင်းတဲ့ ဆိုင်ခန်းကိုပြောတာလားဗျာ။
    ________________________________________________
    ဈေးသူဈေးသားတွေ ဈေးကော်မတီတွေ
    သူ့ဆိုင်ခန်းဘယ်လောက်ကျယ်တယ်
    ငါ့ဆိုင်ခန်းဘယ်လောက်ကျယ်တယ်
    ဘယ်သူကဘယ်လိုရသင့်တယ်
    ငါကဘယ်လိုရသင့်တယ်
    ဈေးကိုဘယ်သူကဘယ်လိုဆောက်မယ်
    ငါကဘယ်လိုဆောက်မယ်
    _________________________________
    ဆောက်မယ်ဆိုရင်လဲ မိဘပြည်သူတွေ၊နစ်နာဆုံရှုံးသူတွေကို
    ငဲ့ညှာပြီး အကောင်းဆုံးဖြစ်အောင် ဆောက်စေချင်တယ်ဗျာ။
    ဘယ်သူ ကဘယ်လောက်ရသင့်တယ်ပြောနေမယ့်အစားဗျာ
    အားလုံးညီတူညီမျှ ခွဲဝေယူရမှာ ဒီမိုကရေစီရဲ ့အနစ်သာရပေါ့။
    ခုလိုလုနေမယ်ဆိုရင်တော့ ရန်ပွားရုံဘဲရှိမှာပါ။
    _______________________________________
    တစ်ခုရှိသေးတယ်. သံတွဲဈေးမီးလောင်ပြာကျသွားပြီး (၁၈)ရက်ကြာမှ
    သံတွဲကို အရောက်လာနိုင်သော၊အလွန်အလုပ်များသော ဒုသမ္မတကြီးနှင့်
    နောက်လိုက်ပါ ဝန်ဂျီး၊ဝန်ကလေးမှအစချီ၍ အောက်ခြေမှ ဝန်ထမ်း
    ပျက်များမှ ယနေ ့ချိန်ထိ တရားခံမပေါ်၊လက်သယ်မပေါ်သော မီးလောင်မှု
    အတွက်တာဝန်ယူနိုင်မှုအားနည်းနေပုံကို များစွာယူကျုံးမရဖြစ်မိပါကြောင်း။
    ဒုသမ္မတ ဦးတင်အောင်မြင့်ဦး ရောက်ရှိနေခိုက်တွင်လဲ သူကိုယ်တိုင်ကဘဲခိုင်းထားလေရော့
    သလား၊အောက်ခြေက သူတောင်းစားတွေကဘဲ ဖင်ယားနေလေသလား မသိဘူးဗျာ။
    ချထားလိုက်ပါတဲ့ လုံခြုံရေးဗျာ အနားကဖြတ်လမ်းတောင်မလျှောက်ရပါတဲ့ဗျာ။

    Reply

Leave a Reply

Your email address will not be published.