အားကစားစိတ်အပြည့်ရှိတဲ့ အောင်ကျော်မိုး

ဘဲဥFebruary 7, 20121min03

   မိခင်ကွယ်လွန်သည့်နေ့ဖြစ်သော်လည်း အသင်းအတွက် ဝင်ကစားပေးခဲ့သည့် ရတနာပုံအသင်း ခေါင်းဆောင် အောင်ကျော်မိုးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ချီးကျူးဂုဏ်ပြု

06 Feb, 2012

ရတနာပုံအသင်းခေါင်းဆောင် အောင်ကျော်မိုးသည် ယနေ့နံနက်(၄းဝ၀)နာရီက မြစ်ကြီးနားမြို့ရှိမိခင် ဖြစ်သူကွယ်လွန်သွားခဲ့ သော် လည်း အသင်းပွဲစဉ်ဖြစ်သည့် ဇွဲကပင်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ကို အားကစားစိတ်ဓာတ်အပြည့်ဖြင့်ဝင် ရောက်ကစားသွားခဲ့သည်။

ရတနာပုံအသင်းခေါင်းေဆာင် ေအာင်ကျော်မိုး၏ မိခင် ဒေါ်ငွေစိန်(အသက်-၅၇)နှစ်သည် ဖေဖော်ဝါရီ (၆)ရက်နေ့ နံနက် (၄းဝ၀) နာရီက မြစ်ကြီးနားမြို့တွင် ကွယ်လွန်သွားခဲ့ရာ အသင်းတာဝန်ရှိသူတို့က MNL ပွဲစဉ်အား ဝင်ရောက်ကစားခြင်းမပြုဘဲ မိခင်၏နာရေးအတွက် ခွင့်ပြန်ရန် စေလွတ်ခဲ့မှုကို ကာယကံရှင်ကစားသမားက ပွဲကစားပြီးမှသာ ပြန်မည်ဟုဆိုခဲ့ကြောင်း သိရသည်။
http://yadanarbonfc.com/media/Aung-Kyaw-Moe.jpg

 အောင်ကျော်မိုး သည် ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် ယနေ့(၄းဝ၀)နာရီက ယှဉ်ပြိုင်ကစားခဲ့သည့်  ဇွဲကပင်အား(၁း၃)ဂိုုး ဖြင့် အနိုင်ရသောပွဲတွင် ရတနာပုံအသင်းခေါင်းဆောင်အဖြစ်မိခင်ကွယ်လွန်မှုကို  ခေတ္တမေ့ဖျောက်ပြီး အသင်းနိုင်ပွဲရရေး အတွက် ဦးဆောင်ကစားသွားခဲ့သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အောင်ကျော်မိုးအား မိခင်ဆုံးပါးမှု အတွက် ဝမ်းနည်းကြောင်းနှင့် အားကစားသမားစိတ် ပြည့်ဝမှုအတွက် ချီးကျူးဂုဏ်ပြုပါကြောင်း တရားဝင်သတင်း ထုတ်ပြန် လိုက်သည်။

” အောင်ကျော်မိုးကို ဘောလုံးဝါသနာရှင်တွေ သိကြမှာပါ။ သူဟာ အရည်အချင်းပြည့်ဝတဲ့ ကစားသမားတစ်ဦးဖြစ်တာလည်း အားလုံးအသိပါပဲ။ ဘောလုံးကစားတာ ကျွမ်းကျင်သလို စိတ်ဓာတ်ပိုင်းကလည်း အားလုံးနမူနာယူစရာကောင်းတဲ့ ကစား သမားတစ်ဦးပါ။ ဒီနေ့မနက် မိခင်ကွယ်လွန်သွား တာတောင် အသင်းအောင်ပွဲရဖို့ ဝင်ကစားသွားပါတယ်။ဒါကြောင့် ကျွန်တော် တို့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ သူ့ကို ဝမ်းနည်းစကားရော ဂုဏ်ပြုစကားပါပြောချင်ပါတယ်။ အောင်ကျော်မိုးရဲ့မိခင်ဆုံးပါးမှု အတွက် MFF အနေနဲ့သူနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ သူ့ရဲကစားသမားပီသစိတ်အတွက် ဂုဏ်ပြုပါကြောင်း ကျွန်တော်ကပဲ အဖွဲ့ချုပ်ကိုယ်စား ပြောပါရစေ။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုုက်တာ  ဦးစိုးမိုးကျော်က ထုတ်ဖော် ပြောကြား သွားခဲ့သည်။

၂၀၁ဝ မြန်မာ့အကောင်းဆုံး ဘောလုံးသမားဆုရ ရတနာပုံကွင်းလယ်လူ အောင်ကျော်မိုးသည် ယခင် ဘဏ္ဍာ/အခွန် အသင်းနှင့် အောင်မြင်မှုရခဲ့သလို မြန်မာ့လက်ရွေးစင်အသင်းအတွက်လည်း အားထား ရသည့် ကစားသမားတစ်ဦးဖြစ်သည်။ ထို့ပြင် ပရိုစနစ်ကူးပြောင်းပြီးနောက် ရတနာပုံအသင်းတွင် ပါဝင်ကစားခဲ့ရတွင်လည်း MNL Cup 2009 , MNL League 2009, MNL League 2010 နှင့် AFC President’s Cup 2010 ပြိုင်ပွဲတို့တွင်လည်း ရတနာပုံအသင်း ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သူ တစ်ဦးဖြစ်သည်။

 “ကျွန်တော် တို့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ သူ့ကို ဝမ်းနည်းစကားရော ဂုဏ်ပြုစကားပါပြောချင် ပါတယ် ။ အောင်ကျော်မိုးရဲ့မိခင်ဆုံးပါးမှု အတွက် MFF အနေနဲ့သူနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ သူ့ရဲ ကစား သမားပီသစိတ်အတွက် ဂုဏ်ပြုပါကြောင်း ကျွန်တော်ကပဲ အဖွဲ့ချုပ်ကိုယ်စား ပြောပါရစေ”

   မိခင်သေဆုံးသည့်နေ့ဖြစ်သော်လည်း အသင်းအတွက် ဝင်ကစားပေးခဲ့သည့် ရတနာပုံအသင်း ခေါင်းဆောင် အောင်ကျော်မိုးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ချီးကျူးဂုဏ်ပြု

3 comments

  • TITAN

    February 7, 2012 at 12:01 pm

    MNL ဆိုဒ်မှကူးယူဖော်ပြပါသည်

    Reply

  • အောင်ကျော်မိုးကို ကစားအားကောင်းတဲ့ ဘောလုံးသမားတစ်ယောက်အဖြစ်သိနေပါတယ်။
    ခုလိုမျိုး မိခင်နာရေးအတွက် ခဏမေ့ထားပြီး ကစားနိုင်တဲ့ ပရိုစိတ်ဓာတ်ကိုဖြင့်လေးစားမိပါတယ်။
    ဒါပေမယ့် မြန်မာလိဂ်က ဆီမီးပရို အဆင့်ဘဲရှိသေးတာ စိတ်မကောင်းစရာပါ။တချို ့ဆို မိခင်ဝန်ကြီး
    ဌာနပြန်ကစားနေကြပါပီ။

    Reply

  • eipu

    February 7, 2012 at 4:05 pm

    ဂုဏ်ယူပါတယ် ကိုအောင်ကျော်မိုးရေ

    Reply

Leave a Reply

Your email address will not be published.