အောင်အောင်၊ သန်းသန်း၊ ဆွေဆွေနဲ ့ညိုညိုတို ့အုပ်စု

phone_kyawFebruary 7, 20121min01

ခုတလော ရှောက်သီးဆေးပြားရောင်းတဲ့ သူတွေ လက်တောင်မလည်ဘူးဖြစ်နေတယ်။ အောင်အောင်၊ သန်းသန်း၊ ဆွေဆွေနဲ ့ညိုညိုတို ့အုပ်စုကတော့ ဒီနှစ်မှာ စီးပွားရေးအရတွက်ခြေကိုက်နေတယ်။ သူတို ့ရဲ  ့အဆို၊ အက နဲ ့နွဲ ့ဟန်တွေကို ကာစတန်မာတွေက သဘောကြတယ်။ ရှောက်သီးဆေးပြားကလည်း ၂ဝ၁၁-ခုနှစ် ဦးသိန်းစိန် ကုမ္မဏီက ထုတ်တာဆိုတော့ ဦးသန်းရွှေရဲ  ့လက်ယာနဲ ့မတူ။ တမူထူးနေတယ်။ အရသာရှိတယ်။ မရှိတာက အလုံးစုံရောဂါမပျောက်ဘူးဆိုပြီး ကာစတန်မာတွေက မှတ်ချက်ပေးကြတယ်။

အောင်အောင်၊ သန်းသန်း၊ ဆွေဆွေနဲ ့ညိုညိုတို ့အုပ်စုက ရပ်ကွက်တိုင်းကိုလှည့်ပြီးရောင်းတယ်။ ကရင်မရပ်ကွက်၊ မွန်မရပ်ကွက်တွေမှာတော့ အရောင်းရဆုံး။ ဒါပေမဲ့ ထူးခြားတာက ကချင်မရပ်ကွက်မှာတော့ သူတို ့ရှောက်သီးဆေးပြားကို ဘယ်သူမှ မကြိုက်ဘူး။ ဘာဖြစ်လို ့လဲဆိုတော့ ကချင်တွေစားချင်တာက ရှောက်သီးဆေးပြားမှ မဟုတ်တာ။ သူတို ့က ခေါင်ရည်သောက်ပြီး ဓားကြီးနဲ ့ကခုန်ချင်နေတာလေ။

အသက်ကြီးပြီး ပွစိပွစိနိုင်တဲ့ အဘွားကြီးတစ်ယောက်ကလည်း သူတို ့ရှောက်သီးဆေးပြားကို ဝယ်မစားချင်ဘူး။ အဘွားကြီးက ဒီလိုပြောတယ်။ နင်တို ့ရှောက်သီးဆေးပြားက ငါငယ်ငယ်တုန်းက စားတဲ့ ရှောက်သီးဆေးပြားကိုမမှီဘူးတဲ့။ ဒါ့ကြောင့် ငယ်ငယ်တုန်းရှောက်သီးဆေးပြားမျိူးလုပ်ပြီးရောင်းရင် ဝယ်စားမယ်လို ့ဆိုပြီး အောင်အောင်တို ့အုပ်စုကို အဝေးကနေ လှမ်းပြောနေတယ်။ အဘွားကြီးလမ်းမလျှောက်နိုင်တော့လို ့ အိပ်ရာထဲမှာလဲနေပြီ။ သူ ့ကိုတော့ ဗမာပြည်ကွန်မြူနစ်ပါတီလို ့မှတ်ပါ။

ဆက်ရန်-

 

One comment

  • awra-cho

    February 7, 2012 at 3:19 pm

    နိုင်ခြံဂါး လဲ ထွက်ရောင်း အုံးမယ်၊ အခုတော့ လာဝယ်ပါ လို့ အော်ထားတယ်၊ နိုင်ခြံ ဂါးက တော့ ဘာဂါ တွေ စား ချောကလက်တွေ စားဆိုတော့ သိပ် မဝယ်ချင်ကြဘူး ၊ကျန်တဲ့ သူတွေက သူတို့ကတာ ထိုင်ကြည့်နေ
    ရတာပေါ့၊ ဝယ်စရာလဲ မရှိ သူတို့ကလည်း မရောင်းဘူး။ ရှောက်သီးဆေးပြားတွေ က ချဉ်ပါတယ် လေ။ ၂၀၁၁ မှ လုပ်ပေမယ့် ရှောက်သီးက ဝယ်ထားတာ ကြာနေလို့ မလတ်တော့ ဘူး။

    Reply

Leave a Reply to awra-cho Cancel Reply

Your email address will not be published.