တန်ဘိုးကြီးဓါတ်ပုံများ Meeninpwe photos(ထပ်မံကြိုးစားတင်ထားခြင်း)

ကြိုးစားပီးတင်လိုက်ပါတယ်..ကြည့်စေချင်လွန်းလို့….မီးမနင်းခင်လှည့်လာတာ..တကိုယ်လုံးစူးတွေနဲ့ထောက်ထားတာနော်..နင်းလာနေပီဗျို့ ..ကလေးပါထမ်းလာသေးတယ် ကလေးကျန်းမာ အသက်ရှည်အောင်ဆိုဘဲ…ရှိန်လှံတညီးညီး ပူပြင်းလှသော မီးနင်းလမ်း….ထိပ်မှာနတ်ဆရာက မုသွင်းပေးနေတာ..မုမဝင်ရင်

မနင်းရဲကြဘူး..တချို့ဆိုတော်တော်ကြာကြာ မုဝင်အောင်လုပ်ပေးရတာတွေ့တယ်…ကဲခုတော့ဘာတတ်နိုင်သေးလဲ  တင်လို့ရသွာပီပေါ့…

 

11 comments

  • water-melon

    February 7, 2012 at 8:16 am

    မီးနင်းပွဲကတော့ မကြည့်ရဲ့ဘူးတော့
    ပါးစပ်ထဲ အချွန်ကြီးတွေနဲ့ထိုး
    နောက်ကျောမှာ ငါးမျှားချိတ်လို ချိတ်ပြီး အုန်းသီးတွေကို ဆွဲပြ
    ပြောရရင်တော့ လူ့ပြည်က ငရဲပေါ့နော့
    သူများဘာသာရေးဆိုတော့ ဆိုင်တော့မဆိုင်ပါဘူး 😆

    Reply

  • ရွှေဘိုသား

    February 7, 2012 at 8:58 am

    တန်ဖိုးကြီး ဓာတ်ပုံဆိုလို့ ဘာတွေလည်းလို့ ကြည့်မိတာ

    Reply

  • နွယ်ပင်

    February 7, 2012 at 9:18 am

    အိမ်နားက ဘုရားကျောင်းမှာ တစ်ခါက ဓားတက်ပွဲဆိုတာ ကြည့်ဖူးတယ်
    ဓားတက်ပွဲကလဲ ကြည့်ရတာ တော်တော်လေး အသဲယားစရာကောင်းတယ် ….

    Reply

  • aungnng87

    February 7, 2012 at 11:28 am

    အော..ဒီနေ့ မလေးမှာ တိုင်ဖွန်စောင်း (ဟိန္ဒူတွေ အပ်ထိုးပွဲ မီးနင်းတဲ့) နေ့ ဘဲ။Batu cave မှာတော့ တော်တော်စည်နေပြီ….အံ့တော့အံ့ဩစရာဘဲ။ သူတို့တကိုယ်လုံးအပ်တွေနဲ့ထိုးထားတာ။ မီးအပူထဲ ဖြတ်နင်းရဲတာ….

    Reply

  • စိန်ပေါက်ပေါက်

    February 7, 2012 at 12:16 pm

    အဲလို မီးမနင်းခင် ဥပုဿ်တွေဘာတွေ စောင့်ရတယ်ပြောတယ်
    တစ်ချို ့လျှာကြီးကို အပ်ထိုးပြီး အလှူလိုက်ခံနေတာ အသဲယားစရာ
    သာမာန်လူတော့ မနင်းရဲပေါင်တော်..
    ဒေါ်ကြီးမိုက်ရဲ့ ငါးသိန်းတန် ဓာတ်ပုံတွေ..အားပေးသွားပါတယ်

    Reply

  • ကျုပ်လည်း ငယ်ငယ်ကတော့ မီးနင်းပွဲ တစ်ခါ ကြည့်ခဲ့ဖူးတယ်။
    ကျုပ် ကြည့်ခဲ့တုန်းက လူကြီး တစ်ယောက်က ပန်းအိုးလိုလို ဟာကြီးကို ခေါင်းပေါ်တင်ပြီး မီးခဲတွေပေါ်က ဖြတ်လျောက် ပြသွားတာဗျို့။
    ပုံတွေအတွက် ကျေးဇူးပါပဲ ကြီးမိုက်ရေ …

    Reply

  • thit min

    February 8, 2012 at 7:25 am

    မီးနင်းတဲ့ကျနော့သူငယ်ချင်းတယောက်ရှိခဲ့ဘူးတယ်။
    အာအိုင်တီဆင်း အင်ဂျင်နီယာပါ။
    ဥပုသ်စောင့်ရတယ်၊ သတ်သတ်လွတ်စားရတယ်။ ၉ရက်လို့ထင်တယ်။
    ကြိုပြီး အဲဒီချစ်တီးဘုရားကျောင်းထဲသွားနေရတာ။
    ပြီးတော့ တမာရွက်စိမ်ထားတဲ့ရေတွေနဲ့ ရေချိုးကြတယ်။
    မီးတကယ်နင်းတဲ့နေ့ကိုရောက်တော့ သူနင်းတာသွားကြည့်တယ်။
    အေးအေးဆေးဆေးကိုနင်းနေတာ။ အပ်တွေလဲထိုးထားသေးတယ်။
    ပွဲပြီးတာနဲ့ ဟေ့ရောင်လာစမ်းဆိုပြီး သုတေသနကြည့်တာပေါ့။
    မပူဘူး၊ မနာဘူးလို့ပြောတာဘဲ။ သူ့ကြည့်ရတာတော့တွေ့နေကျထက်
    ပိုအေးချမ်းတဲ့ မျက်နှာမျိုးဖြစ်နေတာတော့ (စိတ်ထင်တာလဲဖြစ်မှာပါ)
    သတိထားမိပါရဲ့။

    Reply

    • MaMa

      February 8, 2012 at 8:14 am

      ကိုသစ်ကို ထောက်ခံတယ်။ မီးနင်းတဲ့လူဆိုတာ အနည်းဆုံး သမထ ဘာဝနာတော့ ပွားထားတယ်ထင်တယ်။ အပ်တွေထိုးထားတာလည်း ညာတာ မဟုတ်ပဲ အမှန်တကယ်ဆိုတော့ သာမန်လူတွေထက် ပိုထူးတာတော့ အမှန်ပဲ။ အဒေါ်တစ်ယောက်က အဲဒီလို အပ်တွေထိုးထားတဲ့လူကို သူတော်စင်ဆိုပြီး လှူလည်း ဆုလည်း တောင်းတော့တာပဲ။

      Reply

  • ဆူး

    February 8, 2012 at 11:17 am

    ငယ်ငယ်က မြို့ထဲမှာ နေတော့.. နှစ်တိုင်းမြင်နေရတာ သိပ်တော့ မဆန်းလှဘူး ထင်မိတယ်။
    သူတို့ တကယ်လုပ်မလုပ်တော့ မသိဘူးပေါ့လေ.. စာတခုထဲမှာ ဖတ်ဖူးတယ်.. အဆီတမျိုးလူးရင် မပူဘူးလို့ ပြောတယ်။

    တကယ်တမ်း သမာဓိ အားကောင်းရင်တော့ အပူနင်းတာတွေ လုပ်နိုင်လိမ့်မယ် ထင်ပါတယ်။
    ဒါပေမဲ့.. အပ်ထိုးတာ နတ်ပူးတာလို့ ပြောတယ်.. အချွန်တွေ မျိုးစုံ စိုက်ထားတာ ခပ်တည်တည်ပဲ.. သွေးလည်းမထွက်ဘူး..

    Reply

  • bluerose

    February 10, 2012 at 1:06 pm

    မမဆူးရေသူတို့ကဘာဆီမှလူးမထားပါဘူး
    ကိုးရက်ဥပုသ်စောင့်ရပါတယ်သူတို့ဘုရားကျောင်းမှာပဲသွားနေရတယ်
    သူတို့ပြောတဲ့အတိုင်းပဲနေထိုင်စားသောက်ရပါတယ်
    မောင်ဝမ်းကွဲလေးတယောက်ကငယ်ငယ်ကတည်းကမီးနင်းပွဲဆိုဝင်နင်းတယ်
    သူကဥပုသ်စောင့်တရားထိုင်ရတယ်
    တကယ်နင်းတဲ့နေ့ကျရင်ဘာမှမဖြစ်ဘူးအေးအေးဆေးဆေးနင်းနိုင်ပါတယ်
    မအူပင်မှာပေါ့ကိုယ်တိုင်လည်းတခါလိုက်ကြည့်ဘူးပါတယ်
    မီးတွေကခုမြင်ရတဲ့မီးတွေထက်တောင်ပိုများပါသေးတယ်
    ပြီးတော့အဝေးကနေကြည့်နေတာရဲနေတာပဲ
    မအူပင်မှာဆိုမီးနင်းပွဲဆိုတမြို့လုံးစည်ကားနေတာပဲ

    Reply

  • unclegyi1974

    February 10, 2012 at 10:33 pm

    မီးနင်းပွဲကမော်လမြိုင်ကျောက်တလုံးပွဲကအကြီးဆုံးထင်ပါတယ်
    အနယ်နယ်အရပ်ရပ်ကလာကြတာတိုးမပေါက်အောင်ပါပဲ

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.