နှစ်လုံးထီကို စင်ကာပူစတော့အိတ်ချိန်းဖြင့် ပြောင်းကစား

klnJune 3, 20101min02

ထိုင်းနိုင်ငံ နိုင်ငံရေးမငြိမ်မသက်မှုများကြောင့် မြန်မာနိုင်ငံတွင် ရပ်တန့်ခဲ့သော တရားမဝင် နှစ်လုံးထီလောင်းကစားလုပ်ငန်းများသည် ယခုအခါ စင်ကာပူစတော့အိတ်ချိန်းဖြင့် ပြန်လည်လောင်းကစားမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ယခုလောင်းကစားမှု ပြုလုပ်နေသော စင်ကာပူစတော့အိတ်ချိန်းသည် ယခင် ထိုင်းစတော့အိတ်ချိန်းထက် နှစ်ရက်ပိုကြာမြင့်မည်ဖြစ်သည်။ စင်ကာပူစတော့အိတ်ချိန်းသည် နံနက် ၁၂နာရီနှင့် ညနေ ၄နာရီတွင် တစ်ရက် နှစ်ကြိမ်ပေါက်ဂဏန်းဖြစ်ပြီး စနေ၊ တနင်္ဂနွေမှာပင် ကစားနိုင်ကြောင်း သိရသည်။ “ ပြန်ကစားလို့ရနေပြီလေ။ ရပ်တာ သုံးရက်၊ လေးရက်လောက်ပဲ ကြာမယ်ထင်တယ်။ ဒီတစ်ပတ် အင်္ဂါနေ့လောက်ကထိုးလို့ရတယ်။ ဒီနေ့တောင် ကျွန်မ တစ်ရာဖိုးပေါက်တယ် ” ဟု ယနေ့နှစ်လုံးထီထိုးခဲ့သူ တစ်ဦးကပြောသည်။ တရားမဝင်လုပ်နေသော နှစ်လုံးထီလောင်းကစားပုံစံမှာ ရုပ်သံလိုင်းတစ်ခု ထုတ်လွှင့်သော စတော့ရှယ်ယာဈေးနှုန်းများ၏ နောက်ဆုံးဂဏန်းနှစ်လုံးအား ယူ၍ ကစားခြင်းဖြစ်သည်။ ယင်းလောင်းကစားမှုများကို တားဆီးရန်အတွက် သက်ဆိုင်ရာမှ ဖော်ထုတ်အရေးယူခြင်းများရှိခဲ့ကြောင်း သိရသည်။ တရားမဝင်သော လောင်းကစားမှုသည် ယခင်က ထိုင်းစတော့ရှယ်ယာဈေးနှုန်းများဖြင့် ကစားခဲ့ပြီး မေ ၂ဝရက်တွင် ထိုင်းအစိုးရနှင့် ရှပ်နီဆန္ဒပြသူများအကြား ဖြစ်ပွားခဲ့သော ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် ထိုင်းစတော့အိတ်ချိန်းနှင့် ဘဏ်များမီးလောင်မှုအပြီးတွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

2 comments

  • thihayarzar

    June 3, 2010 at 9:52 am

    မြန်မာလူမျိုးတွေကလည်း ဆိုးကိုဆိုးတယ် ဘယ်လိုမတားရမှာမဟုတ်ဘူး ဖမ်းလည်းလုပ်မှာပါ စီးပွားရှာတဲ့လူတွေကတော့ အားလုံးလုပ်မှာပဲ ဒိုင်မရှိတယ် သူတို့ချင်းလောင်းရင်လောင်းနေမှာ ….

    Reply

  • chitsayar

    June 3, 2010 at 1:33 pm

    တတ်လည်း တတ်နိုင် ကြပါပေသည်တကား

    Reply

Leave a Reply

Your email address will not be published.