Civilization (The Voice – Editorial (16-9-2009))

voiceSeptember 18, 20091min00

Civilization ဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင် ‘We’ ခေါ် ကျွန်ုပ် တို့ဟု ပြောဆိုသူ တဖြည်းဖြည်းများပြားလာပြီး ‘Us, Them’ခေါ် ငါတို့နှင့် သူတို့ဟုပြောဆိုသူနည်းသွားသော အခြေအနေမျိုးကိုဆိုလိုပါ သည်။ မတူညီခြင်းများကို မတူညီသည့်အတိုင်း လက်ခံရန် သဘောတူညီ ခြင်း ဖြစ်လေသည်။ ဒီမိုကရေစီစနစ်၏ အဓိကရေခံမြေခံကြီးသုံးခုအနက် တစ်ခုဖြစ် သည့်  Democratic beliefs and Political Cultureဆိုသည်မှာ တစ်နည်းအားဖြင့် Civilization ပင်ဖြစ်လေသည်။

နိုင်ငံသားများသည် ၎င်းတို့နှင့်ထိုက်တန်သော နိုင်ငံရေးစနစ်ကို ရကြ ခြင်းဖြစ်သည်ဆိုသောအချက်မှာ တစ်နည်းအားဖြင့် Civilization၏အတိုင်း အဆသည် ရရှိမည့် ဒီမိုကရေစီ၏အတိုင်းအဆသာလျှင် ဖြစ်သည်ဟု ဆိုခြင်းဖြစ်ပေသည်။

မကြာသေးခင်က အင်တာနက် Website တစ်ခုပေါ်တွင် မြန်မာနိုင်ငံတွင်း မှ သတင်းစာဆရာကြီးတစ်ဦး၏ အင်တာဗျူးကို ဖော်ပြရာ၌ အဆိုပါ သတင်းစာဆရာကြီးက ‘နိုင်ငံရေးအချောင်သမားတွေ’ ‘သတင်းစာဆရာ ကောင်းတို့ရဲ့ ကျင့်ဝတ်မဟုတ်ဘူး’ ဆိုသော စကားလုံးများသုံးစွဲ၍ The Voice Weeklyတွင် ဖော်ပြခဲ့သော ဆောင်းပါးများနှင့်ပတ်သက်၍ ဝေဖန် ခဲ့ပါသည်။ စိစစ်မှုမရှိသော မီဒီယာပေါ်တွင် ပြောဆိုနေခြင်းဖြစ်၍ ၎င်းအနေ ဖြင့် အယူအဆမတူသည့်ကိစ္စကို လွတ်လပ်စွာပြောဆိုရှင်းလင်းနိုင်ပါလျက် ယခုကဲ့သို့ ပုဂ္ဂိုလ်ရေးထိခိုက်ရေးသားဖော်ပြမှုများအတွက် အထူးပင် ဝမ်းနည်းကြောင်း ဖော်ပြလိုပါသည်။ ဤသဘောထားမျိုးသည် မြန်မာ တို့၏ Civilizationကို ထင်ဟပ်နေခြင်းမဟုတ်ပါစေနှင့်ဟု ဆုတောင်း လိုက်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေးအဆင့် တစ်ခုအနေဖြင့် လက်ခံသော်လည်း ထိုသို့ လက်မခံသူများ၏ အယူအဆ ကို ပုဂ္ဂိုလ်ရေးထိခိုက်ရန်ဝေးစွ မဟုတ်မမှန်ကြောင်းပင် မရေးသားခဲ့ပါ။ သေးသိမ်အောင်လည်း မပြုလုပ်ခဲ့ပါ။ ရွေးကောက်ပွဲကို အသွင်ကူးပြောင်း ရေးမဟုတ်ဟု သံသယဖြင့် စောင့်ကြည့်သူ Watch Dog များကြောင့် ရွေးကောက်ပွဲကို ပိုမိုပီပြင်အောင် လုပ်ဆောင်ပေးရန် တာဝန်ပိုရှိသွား သည်ဟုပင် သဘောထားပါသည်။ ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေး အဆင့်တစ်ခုအဖြစ် လက်ခံကြောင်း နိုင်ငံရေးအယူအဆကို ရေးသား ဖော်ပြရုံမျှသက်သက်ဖြင့် ‘နိုင်ငံရေးအချောင်သမား’ အဖြစ် သတ်မှတ်ခြင်း၊ ‘သတင်းစာဆရာကောင်းတို့၏ ကျင့်ဝတ်မဟုတ်ကြောင်း’ စွပ်စွဲခြင်းများ သည် မတူညီသော သဘောထားများကို တည်ရှိခွင့်မပြုလိုသော Civilization မျိုးကို ရည်ညွှန်းနေခြင်းဖြစ်ပါသည်။ ရွေးကောက်ပွဲကို

အသွင်ကူးပြောင်းရေးအဆင့်တစ်ခုအဖြစ် လက်ခံသော သဘောတရားပါဝင်သည့် ဆောင်းပါးများ မည်သူမဆို ရေးသားဖော်ပြခွင့် ရနေခြင်းကို ‘အထူးအခွင့်အရေးအဖြစ် သူတို့တစ်စောင်ကိုပဲ ရတာပါ’ ဟု စွပ်စွဲခြင်းသည် ထိုသို့ရေးသားနေသူများနှင့် ထိုဆောင်းပါးများကို ထည့်သွင်းဖော်ပြနေသည့်မီဒီယာများ၏ ဂုဏ်သရေကို ညှိုးနွမ်းအောင် တမင်ရည်ရွယ်ပြုလုပ်ခြင်းအဖြစ် ခံစားရပါသည်။

အဆိုပါသတင်းစာဆရာကြီးအနေဖြင့် နိုင်ငံ၏ ကောင်းကျိုးကို လိုလားသည်ဆိုသောအချက်ကို သံသယမရှိပါ။ အဆိုပါသတင်းစာဆရာ ကြီး၏ ရေးသားဖော်ပြချက်များ စေတနာစစ်မှန်၍ ပုဂ္ဂိုလ်ရေးကင်းကြောင်း မှန်ခဲ့ပါလျှင် ဆရာကြီးပြောဆိုရေးသားသမျှ အောင်မြင်ပါစေကြောင်း သစ္စာ ပြုလိုက်ပါသည်။  The Voice Weely တွင် ရေးသားဖော်ပြမှုများ စေတနာ စစ်မှန်၍ ပုဂ္ဂိုလ်ရေးကင်းရှင်းခဲ့ပါလျှင် ကျွန်ုပ်တို့ဆောင်ကြဉ်းသမျှ အောင် မြင်ပါစေကြောင်း ဤနေရာမှ သစ္စာပြုလိုက်ပါသည်။

အယ်ဒီတာ (၁၆-၉-၂၀၀၉)

Leave a Reply

Your email address will not be published.