မြန်မာ့အလှကို ကောင်းကင်ကနေ ခံစားကြသူများ

Diamond KeyFebruary 5, 20123min015

မြန်မာ့အလှကို ကောင်းကင်ကနေ ခံစားကြသူများ

မြန်မာနိုင်ငံ အထက်အညာ ဒေသက ဟေမာန်ဆောင်းကာလ၊ ဖေဖေါ်ဝါရီလ မနက်ခင်းက အေးစိမ့်လှပါတယ်။ မန္တလေး အမရပူရက တောင်သမန်ဝန်းကျင်ကတော့ ဆောင်းမနက်ခင်း လင်းအာရုံ နှင်းဝေဝေအောက်မှာ တိတ်ဆိပ်စွာ အိပ်မောကျလျှက်ရှိနေပါတယ်။

ဒီလို အေးချမ်းတိတ်ဆိပ်နေတဲ့ လင်းအာရုံ မနက်ခင်းစောစောမှာ စောစီးစွာ နိုးထကာ တောင်သမန်အင်းစောင်းမှာ လှုတ်တရွရွ ဖြစ်နေသူ တစ်စုကတော့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိကာ သိပ်လှတဲ့ မြန်မာ့ရှုခင်းတွေကို ကောင်းကင်ယံက ခံစားကြမယ့် ဆွစ်ဇာလန်နိုင်ငံက မိုးပျံပူဖောင်း ချန်ပီယံ Mr.Peter Blaser ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၂၄ ဦးပါဝင်တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။

မနက်ခင်းစောစော ရောင်နီပေါ်မထက်ခင် တောင်သမန်မှာ လှုတ်ရှားနေကြသူများ

သူတို့က မြန်မာနိုင်ငံကို ၁၄ ကြိမ်မြောက် အဖြစ် မိုးပျံပူဖောင်းတွေနဲ့ ၁၅ ရက်ကြာ လာရောက် ပျံသန်းဖို့ရောက်လာကြတာပါ။ သူတို့တွေရဲ့ မိုးပျံပူဖောင်းအဖွဲ့မှာ မိုးပျံပူပေါင်း ၆ လုံးနဲ့ ပျံသန်းကြမှာ ဖြစ်ပြီး  အင်းလေး၊ ညောင်ရွှေ၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ပုဂံတို့မှာ ပျံသန်းကြမယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်တွေက မပျံဖူးတဲ့ ပခုက္ကူမြို့ပေါ်ကိုပါ ဖြတ်ပျံဖို့ ရှိတယ်လို့ သိရပါတယ်။

အရှေ့ဖက် မှာ နေလုံးကြီး ပေါ်ထွက်လာပြီ

မိုးပျံပူဖေါင်းအဖွဲ့ခေါင်းဆောင် Mr.Peter Blaser နှင့်အတူ ပြင်သစ်၊ အီတလီ၊ ဂျာမန်၊ ဆွစ်ဇာလန်နိုင်ငံတို့မှ အဖွဲ့ဝင်များ ပါဝင်တယ်လို့ ဆိုပါတယ်။ မိုးပျံပူဖောင်း အဖွဲ့ထဲမှာ လေထီးခုန်တဲ့သူ သုံးဦးကလည်း ရာသီဥတု အခြေအနေကောင်းရင် Free fall အဖြစ် အမြင့်ပေ ၃၀၀ဝ ကျော်အထိ မိုးပျံပူပေါင်းနဲ့ လိုက်ပါပြီး လေထီးအလှ ခုန်ပြရန် ပါရှိပါတယ်။

နေလုံးကြီးနဲ့ အပြိုင် မိုးပျံပူဖောင်းကြီးတွေ

သူတို့ မိုးပျံပူဖောင်းအဖွဲ့ဟာ ၁၉၉၉ ခုနှစ်မှစပြီး နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသို့ လာရောက်ပျံသန်းခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝလှပမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့များ၏ ကူညီမှုနှင့် လုံခြုံရေး စိတ်ချရမှုတို့ကြောင့် နှစ်စဉ် လာရောက်ပျံသန်းခြင်း ဖြစ်ကြောင်း၊ ပျံသန်းခဲ့သမျှ နိုင်ငံထဲတွင် မြန်မာနိုင်ငံသို့ လာရောက် ပျံသန်းမှုအကြိမ် အများဆုံး ဖြစ်ကြောင်း သိရပါတယ်။

နေလုံးကြီး နဲ့ အပြိုင်

မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံတကာ မိုးပျံပဖောင်း ပျံသန်းခြင်းကို ပြင်သစ်အခြေစိုက် Yangon Production မှ Ushuaia Nature လို့ အမည်ပေးထားတဲ့ သတင်းကား ရိုက်ကူးဖို့အတွက် ပြင်သစ် ရုပ်ရှင်မင်းသား Nicolas ကိုယ်တိုင် ပုဂံနှင့် အင်းလေးတွေမှာ မိုးပျံပူဖောင်းစီး၍ ရိုက်ကူးခဲ့ဖူးကြောင်း၊ အဲဒီ သတင်းကားကို ပြင်သစ် ရုပ်မြင်သံကြားမှာ ပြသခဲ့လို့ မြန်မာ့အလှကို ပြင်သစ်လူမျိုးတွေ ပိုသိသွားကာ ၁၉၉၅ နောက်ပိုင်းမှာ ပြင်သစ်ဧည့်သည်တွေ အမြောက်အမြား မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတယ်လို့ဆိုပါတယ်။

မိုးပျံပူဖောင်းအဖွဲ့တွင် ဆွဇ်နိုင်ငံသားပိုင်းလော့ ၆ ဦး နဲ့ ဂျာမန်နိုင်ငံသား ပိုင်းလေ့ (၁) ဦးတို့ ဦးဆောင် စီးနင်းကြပြီး ၂၉.၁.၂၀၁၁ ရက်နေ့မှ ၁.၂.၂၀၁၂ ရက်နေ့အထိ အင်းလေး၊ ညောင်ရွှေ၊ ရွှေညောင်၊ ၃.၂.၂၀၁၂ ရက်နှင့် ၄.၂.၂၀၁၂ ရက်နေ့များတွင် မန္တလေးနှင့် စစ်ကိုင်းတစ်ဝိုက်၊ ၆.၂.၂၀၁၂ ရက်နေ့တွင် ပခုက္ကူနှင့် အနီးတစ်ဝိုက် ပျံသန်းပြီး ၇.၂.၂၀၁၂ နေ့မှ ၉.၂.၂၀၁၂ နေ့အထိ ပုဂံမြို့နှင့် အနီးတစ်ဝိုက်တွင် ပျံသန်းကြမယ်လို့ သိရပါတယ်။

                မနက်ခင်းရောင်နီက တဖြည်းဖြည်းလင်းလာကာ နေမင်းကြီးက ဖြေးဖြေးခြင်းပေါ်ထွက်လာပါတယ်။ မိုးပျံပူဖေါင်းကြီးတွေကလည်း တစ်လုံးပြီး တစ်လုံး ထိုးထိုးထောင်ထောင်နဲ့ ပေါ်လာနေပါတယ်။ မကြာတဲ့ အချိန်လေး အတွင်းမှာပဲ မိုးပျံပူဖောင်းကြီး ၆လုံးဟာ မြန်မာ့ဧည့်သည်တွေကို သယ်ဆောင်ပြီး မိုးပေါ်ကို တက်နေကြပါပြီ။

          လောကကြီးကလည်း နေ့သစ်ဆီရောက်ခဲ့ပါပြီ။ သိပ်လှတဲ့ မြန်မာ့ရှုခင်းတွေကို ကောင်းကင်ယံက ခံစားနေသူတွေလည်း မြန်မာ့အလှတွေကို ဓါတ်ပုံ မှတ်တမ်းတင်သူကတင်၊ ဗီဒိယို ရိုက်သူကရိုက်နဲ့ ကောင်းကင်ယံမှာ တစ်ရွှေ့ရွှေ့။

ကောင်းကင်ယံဆီ တစ်ရွှေ့ရွှေ့။

တောင်သမန်အလှနဲ့ အပြိုင်

မိုးပျံပူဖောင်းစီးသူတွေကတော့ စစ်ကိုင်းဖက်ကို သွားနေကြပါပြီ။ မန္တလေး ၊ အမရပူရ နဲ့ တောင်သမန်က နှတ်ဆက်လိုက်ပါတယ်။ နောင်နှစ်မှာလည်း ဆုံကြအုံးစို့လေ။

Welcome to Myanmar!

15 comments

  • Mလုလင်

    February 5, 2012 at 10:57 am

    ကျွန်တော် မမှီ လိုက်တဲ့ အတွက် စိတ်မကောင်းဘူး။ ဓတ်ပုံ တွေကြည့်ရတဲ့ အတွက် တော့ ဝမ်းသာ တယ် ဦးစိန်သော့ ရေ။

    Reply

    • Diamond Key

      February 5, 2012 at 11:03 am

      M-လုလင်ရေ၊ နောက်နှစ်မှာ ဒီအချိန်ကိုလာခဲ့လေ… အတူရိုက်ရအောင် 😛

      Reply

      • Mလုလင်

        February 5, 2012 at 11:12 am

        နောက် နှစ် မဟုတ်ဘူး . ဦးစိန်သော့ ရေ ..အခြေအနေအရ ဒီလ မကုန်ခင် နေပြည်တော် လာရဦးမှာ ဗျ။ ကျွန်တော် လဲ အိမ်စောင့်နတ် နဲ့ ရန်ဖြစ်ထားတယ် ထင်ပါ့။

        Reply

  • စိန်ပေါက်ပေါက်

    February 5, 2012 at 1:40 pm

    အူးစိန်တော့ရေ..
    ခုလိုမြင်ရ သိရတာ
    ကျေးဇူးလဲ တင်..ဝမ်းလဲ သာမိပါကြောင်း ခင်ဗျား..
    အောင်မြင်ကြပါစေ

    Reply

  • inz@ghi

    February 5, 2012 at 3:02 pm

    ဆြာပြည့် လိုမျိုး ပုဂံမှာ မိုးပျံပူပေါင်း စီးရင်း ရိုက်ကြည့်ချင်ထှာ…
    အဲ့ ….
    ၁၁-၁၆မမ ဝယ်ဖြစ်ရင်ပေါ့ဗျာ…

    အားပေးသွားပါတယ်
    ဆြာသော့ ရေ…

    ခင်တဲ့
    ဂီ

    Reply

    • nozomi

      February 6, 2012 at 12:35 pm

      ဆြာပြည့် ဆိုတာ အဒူများတုန်း ဂီဂီ ရဲ့ ?

      Reply

      • inz@ghi

        February 6, 2012 at 12:43 pm

        ဆြာ အောင်ပြည့်စိုး(MPS)ဗျ….
        ဟိုတလောက ဦးနိုစီးခဲ့တဲ့ ပုဂံက မီးပုံးပျံစီးပီး
        ဘုရားပုံတွေ ရိုက်တင်ထားတာ …လွှတ်…သပ္ပါယ်ချက်..

        😀

        Reply

  • ကိုသော့ ခေါ်တာ
    ကိုပေါက်မလာ
    လက်မဆော့လိုက်ရတာ
    တကယ်နာ…………………………………………….
    နောက်တစ်ခါ ဆုံချင်တာ။

    Reply

  • windtalker

    February 5, 2012 at 7:15 pm

    ပုံတွေ လန်းတယ်ဗျာ ။ နောက်ပြီး မသိတာ သိရတယ် ။ ကျေးဇူးပါ ဗျို ့

    Reply

  • etone

    February 6, 2012 at 11:58 am

    ဦးစိန်သော့ရေ … ကျွန်မတို့လို အလုပ်နဲ့ အိမ် ၊ အ ိမ်နဲ့ အလုပ် အချိန်ကုန်သူများအတွက်တော့ မြင်ရခဲတဲ့ပုံလေးတွေပါပဲ … ။ လူတွေရဲ့ တီထွင်ကြံဆမှုနဲ့ သဘာဝတရားရဲ့ လိုက်ဖက်မှုတို့ အချိုးစားကျန လှပစွာ ပေါင်းစပ်ထားတဲ့ ဓါတ်ပုံလေးတွေမို့ …. နှစ်သက်မိပါတယ် ။

    ရေပေါ်လျှပ်ပျံတဲ့ … မီးပုံးပျံပေါ်က လူတွေရဲ့ ဖီလင်လေးတွေကိုလည့်း သိချင်သေးတယ် … ။ တတိယပုံထဲမှာ အချင်းချင်း ငြိနေကြတာ … ရေနဲ့ပဲ ထိသွားတော့မလား … ကြည့်ရင်း ရင် တထိတ်ထိတ်နဲ့ … ။
    နောက်ပုံလေးတွေမြင်တော့မှ … အဆင်ပြေပြေ ပျံတက်သွားကြတာတွေ့တော့တယ် … ။

    နောက်ထပ်များများလည်း ရိုက်နိုင်ပါစေလို့ ဆုတောင်းပေးတယ်နော် … ။ ပုံလေးတွေ ပြတဲ့အတွက် ကျေးဇူးပါ ။

    Reply

    • Diamond Key

      February 6, 2012 at 12:55 pm

      မိုးပျံပူဖောင်းတွေက တောင်သမန် တံတားနား ကုန်းမြေလေးရှိနေတဲ့ အဲဒီနေရာက စတက်တာပါ။
      တတိယပုံက မိုးပျံပူဖောင်းတွေကို လေစသွင်းနေတုန်းက ပုံလေးတွေပါ။
      ဓါတ်ပုံရိုက်တာကတော့ ှဝါသနာဆိုတော့ ရိုက်နေဆဲပါဗျာ။
      စိတ်ပင်ပန်းလူပင်ပန်းတာလေးတွေကို ကိုယ်ဝါသနာပါတဲ့ အလုပ်လေး အားတဲ့ အချိန်မှာမှာ လုပ်ရင်းနဲ့ relax လုပ်တာပါ။
      ဆုတောင်းပေးတဲ့ အတွက် Thanks
      😀

      Reply

  • ကိုစိန်သော့ရေ ကျေးဇူးတင်ပါတယ်။မြင်တွေ ့ရခဲလှတာကိုး။
    ခုလိုမျိုးအထူးအဆန်းလေးတွေ မြင်ရတယ်ဆိုတော့ စိတ်ထဲမှာ
    သူတို ့လိုသွားခွင့် လေ့လာခွင့်လေးလိုချင်မိပါတယ်။

    Reply

  • weiwei

    February 6, 2012 at 1:20 pm

    မိုးပျံပူဖောင်းပျံပုံကို ကိုနိုဇိုမိ ရှင်းပြထားခဲ့လို့ သိနှင့်နေတာက ဒီပို့စ်ကို ကြည့်တဲ့အခါ အသုံးတဲ့နေတယ်နော် … ဗဟုသုတဆိုတာ ပိုတယ်မရှိတာ အမှန်ပါပဲ …
    အခုလို ဗဟုသုတလဲ ထပ်တိုး၊ မျက်စိပသာဒလဲ ကောင်းတဲ့ ဓါတ်ပုံလေးတွေကြည့်ရတာ အလွန်အကျိုးများတယ် …

    Reply

Leave a Reply to windtalker Cancel Reply

Your email address will not be published.