ထက်ထက်နဲ့မအေးးသူဆံတို၏ဇာတ်ကားးအဆက်

nyanayJune 3, 20101min05

ထက်ထက်မိုးဦး က မအေးသူစံအား တောင်းပန်မှု မပြုနိုင် စစ်အစိုးရ ဥပဒေလမ်းကြောင်းအတိုင်း ချီတက်မည် ဟုဆို

ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7day ဂျာနယ် သတင်းထောက် မအေးသူ စံ တို ့၏ အမှု အား မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး မှ ဝင်ရောက် ဖြန်ဖြေပေး ရန် စီစဉ် သော် လည်း ထက်ထက်မိုးဦး က ငြင်းဆန်လိုက်ပြီး ရုပ်ရှင် အစည်းအရုံး အဆိုပြုထားသည့် လူသိရှင် ကြား တောင်းပန် မှု လမ်းကြောင်း ကို သူမ မလုပ် နိုင်ဟုဆိုသည်။

ရန်ကုန် အခြေစိုက် စာနယ်ဇင်း သမား တစ်ဦးက ၂၆ ရက်နေ ့က ထက်ထက် မိုးဦး နဲ ့ရုပ်ရှင် အစည်း အရုံး ကတာဝန် ရှိ သူတွေ တွေ ့ကြတယ်။သူတို ့က ပြောတယ် စာနယ်ဇင်း ဘက် ကနေ အေးသူစံ နဲ ့တွေ ့တယ်ပေါ့။ထက်ထက် က လူသိရှင် ကြား တောင်းပန်ပေးမယ် ဆိုရင် ကျေနပ် မယ် ပေါ့ လို ပြောတော့။

သူကအန်ကယ်တို ့ လာတာ ဒီကိစ္စ အတွက် လား၊ဒါဆို ကျွန်မ က ဆောရီးပါ သူ ကျွန်မ ကို တရား စွဲ ထားတယ်လေတရား ဥပဒေ အတိုင်း သွားကြတာ ပေါ့ တရာ ကိုယ် နတ် စောင့် ပါတယ်၊ထက်ထက် ဘက်မှာအမှန်တရား ရှိ တယ် ၊လို ့ ပြန်လည် ပြောဆိုခဲ့သည် ဟု ပြောသည်။

ထက်ထက် မိုးဦး အား မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ သွားရောက် တွေ ့ဆုံ သည့် နေ ့သည် မေလ ၂၄ စတင်ကြားနားမှု အပြီး မေ လ ၂ရ ရက်နေ ့ လိုပြ သက်သေ များ အား ကြား နာမှု မစတင် မှီတွင် ဖြစ်သည်။

ရန်ကင်း တရားရုံး က ထက်ထက်မိုးဦး နှင့် သတင်း ထောက် အမှု အား ဇွန် လ ၃ ရက်နေ ့သို ့ရုံးချိန်းပေးထားသည်။ထိုနေ ့တွင် ရန်ကင်း တရား ရုံးသို ့ သူမ၏ ပရိသတ် မြောက်များ စွာ လာနိုင်သည်ဟု ထက်ထက်မိုးဦး နှင့် နီးစပ် သူ များ ကဆို သည်။ထက်ထက် မိုးဦး က မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံး၏

ကြားဝင်ဖြန်ဖြေချက်ကို ငြင်းဆန်လိုက်သည်ကို စိတ်ပျက်မိကြောင်း အပတ်စဉ်သတင်းဂျာနယ်မှ အယ်ဒီတာ တစ်ဦး က Freedom News Group သို ့ပြောသည်။

သူက ကြားက အေးရာ အေး ကြောင်း လုပ် ပေး တာ ကို ငြင်း တယ် ဆိုတော့ သူ ့မှာ ဘယ်အားကိုး ရှိ နေ လို ့လဲ မသိ ဘူး ဟု ပြောသည်။ရန်ကုန် မြို ့မှ ဓာတ်ဆီဆိုင် ဝန်ထမ်း တစ်ဦး က မူ ဒီအမှု မှာထက်ထက်မိုးဦး မှား တယ် ဆိုတာ သိတယ် ဒါပေမယ့် ဂျာနယ် တွေ က လည်းသူတို ့ကိုယ် သူ တို ့ ငါဘာကောင် လဲ သိလား ဘာညာ နဲ ့ ဖြဲ ခြောက် ထား တွေ ရှိ တော့ ထက်ထက် ဘက် က ပဲ လိုက်မယ်ဟု ပြောသည်။

ရပ်ကွက် ထဲ တွင် ပြောကြား နေ သော ဟာ သစကား များ အရ ထက်ထက်မိုးဦး အမှု ကို ကိုင် သည့် တရားသူကြီးသည် စီရင်ထုံး နှင့် အမှု သွား အမှု လာ ကို ကြည့် ပြီး ဆုံး ဖြတ်ရမည့်အစား ဘလောက်၊ ဝဘ်ဆိုတ် ၊ဖေ့ ဘွတ် စသည် တို ့ပေါ်တွင်ရေးထားသည် ့ ကော်မန် ့နှင့် ထင်မြင် ချက် များ ကို မှု တည် ၍ စီရင် ဆုံးဖြတ်မည် ဟု ဆိုသည်။

ထက်ထက် မိုးဦး နှင့် သတင်းထောက် အမှု အား မြန်မာ လူငယ် တို ့အသုံးများ သည့် ဖေ့ဘွတ် ပေါ်တွင် ရေးသားဝေဖန် မှု များ ပြုလုပ်ကြ ရာ နိုင်ငံတကာ ရောက် မြန်မာ များ နှင့် လူကြီး လူငယ် မရွေး ပါဝင် ဆင်နွှဲ ကြသည်။ သတင်းထောက်များ ၏ မေးခွန်း များ ကို ဟန် ့တား လို သော အားဖြင့် ထက်ထက်မိုးဦး ဘက်မှ ရပ်လိမ့် မည် ဟုအကယ်ဒမီ ဆုရှင် တို ့ခန် ့မှန်း ကြသည်။

ဝန်ခံချက်။ ။ post by လူလေး၂၀၁၀
Jun 02 xmyanmarx

5 comments

  • Black Ice

    June 3, 2010 at 4:35 am

    ဘာလဲ? ထက်ထက်မိုးဦးက အစိုးရပိုင်းကို ပိုင်တယ်လို့ ဆိုလိုတာလား? သူက ဘာမို့လို့လဲ? ဒီကြားထဲ ဝန်ကြီးဦးကျော်ဆန်းကလည်း ကာဆီးကာဆီးနဲ့။ ဘယ်သူ့ဘက်ကမှ မလိုက်ပဲပြောရရင် မေးတဲ့သတင်းထောက်ကတော့ နည်းနည်းလွန်တယ်။ ဒါပေမယ့် ထက်ထက်မိုးဦးက ပြန်မဖြေလည်းရတယ်။ လက်မပါလည်းဖြစ်တယ်။ ဒါကိုဘာလို့ မစောင့်ထိန်းရတာလဲ။ ပြီးတော့ ဆီဆိုင်ဝန်ထမ်းဆိုတဲ့လူကလည်း အမှားအမှန်မခွဲနိုင်ဘူးလား။

    Reply

  • chitsayar

    June 3, 2010 at 1:43 pm

    တော်ကြပါတော့ တော်ကြပါတော့ တေချင်းချိုးတွေရဲ ့
    ဟိုမှာ ဈေးတွေ မီးလောင်နေ တာ ဝိုင်းဝန်းအကြံပေးကြပါဦး
    တတ်ပဲ တတ်လည်းတတ်နိုင်တယ်

    Reply

  • A Lin Phyu

    July 16, 2010 at 6:25 am

    ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ်နဲ့ယှဉ်ပြီး ကိုယ်ချင်းစာကြည့်ပါ။ ကိုယ့်ရဲ့ လျှို့ ဝှက်အကြောင်းလူသိရှင်ကြားမေးလာရင်ရော ဘယ်လိုတုန့်ပြန်မလဲ။

    Reply

  • april

    August 9, 2010 at 7:11 am

    ကိုယ်ထိလက်ရောက် လုပ်လိုက်လို့ မထက်ကို မှားတယ်လို့ ပြောကြရင် မေးတဲ့ သူကလည်း မိန်းမတစ်ယောက်ဖြစ်ပြီး ကိုယ်မေးတဲ့ မေးခွန်း မေးသင့်လား မမေးသင့်ဘူးလား ဆိုတာကို အစကတည်းက ဘာလို့မစဉ်းစားလဲ?????????

    Reply

  • pyaesone

    August 9, 2010 at 7:35 am

    ဟုတ်တယ်
    စာနယ်ဇင်းသမားတွေကလဲ ဘာမေးမေး ရတယ်ဆိုပီ မဆင်ခြေကြဘူး ခက်တာပဲ
    ကိုယ်ချင်းစာတရား ထားကြပါလို့ပဲ ပြောချင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.