အနှစ်သုံးဆယ်ပြည့် ပုလဲရတုမှသည် ရွှေရတု၊ စိန်ရတု တိုင်အောင်

etoneFebruary 4, 20121min048

 

အာပွား .. လာထား ..ဟီး ဟီး

 

 

 

အပြောင်းလဲ မြန်တဲ့ ဒီခေတ်ကြီးထဲ အိမ်ထောင်တစ်ခု ပြုဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး ….  အခုခေတ်လူငယ်တစ်ချို့ …. အတုယူကောင်းစွာနဲ့ အတတ်စမ်းရင်း ငယ်ငယ်ရွယ်ရွယ်မှာပဲ အိမ်ထောင်ကျကျကြတယ် … ။ သေချာ စဉ်းစား တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမျိုးမဟုတ်ပဲ ရေတတ်ငါးဇင်ရိုင်းလို  အချစ်တွေကြွနေတဲ့ အရွယ်မှာ ယူလိုက်ကြတော့ …. အခက်ခဲ တစ်စုံတစ်ရာ နဲ့ ရင်ဆိုင်ရတဲ့ အခါ တွေ့မြင်နေကြ ရုပ်ရှင်ထဲကလို လှလှပပ  အချစ်ဇာတ်လမ်းမျိုးမဟုတ်တော့ပဲ … စလယ်ဝင်အိုး ဖင်မည်းခင်ကတည်း က လင်မယားကွဲခဲ့ကြတယ် … ။

အိမ်ထောင်တစ်ခု တည်မြဲ ဖို့ဆိုတဲ့ နေရာမှာ အချစ်တစ်ခုတည်းနဲ့ မပြီးသေးပါဘူး ။ စီးပွားရေးအခြေနေ ၊ အိမ်ထောင်ဘက်ရဲ့ နားလည် နိုင်မှုနဲ့ … ကျွမ်းကျင် လိမ္မာစွာ စီမံခန့်ခွဲတတ်မှုတို့ အပြင် ၊ စဉ်းစား ဆင်ခြင် ဉာဏ် ရှိမှု တို့ပေါ်မှာ မူတည်ပြီး မလျှော့မတင်းတဲ့ ဆက်ဆံရေးမျိုးနဲ့ တစ်လှည့်စီအားပေးကူညီရင်း ရှေ့ဆက်သွားကြတာမျိုးပါပဲ … ။

အသွင် မတူ အိမ်သူ မဖြစ် ဆိုတဲ့ စကားအတိုင်းပဲ ။ မိမိရဲ့ အိမ်ထောင်ဖက်ဟာ သဘောထားသေးသိမ်သူ ၊ အယူအစွဲပြင်းထန်သူ ၊ စိတ်ဓါတ် နိမ့်ကျသူမျိုးသာဆိုလျှင် ပျော်ရွင်ဖွယ်ရာအိမ်ထောင်တစ်ခု ဖြစ်လာတော့မှ မဟုတ်ပါဘူး … ။

အနှစ်သုံးဆယ် လုံးလုံး အိမ်ထောင်တစ်ခုကို အပေးယူမျှတစွာဖြင့် နားလည်မှုတွေမျှရင်း တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကို ကျွန်မဖြင့် မချီးကျူးပဲကို မနေနိုင်တော့ပါဘူး ။ ချစ်ခြင်း မေတ္တာအပြင် ၊ သံယောဇဉ်လေးတွေပါ အထပ်ထပ်ဖွဲ့နှောင်ထားတဲ့ ဒီလို ပျော်စရာအိမ်ထောင်ရေးမျိုး  အိမ်ထောင်ရှင်တိုင်းကို ရှိစေချင်ပါတယ် … ။

ဒီလောက် အထိမ်းစောင်းမခံတဲ့ အိမ်ထောင်ရေးကို ၊ ပျော်ရွင်နွေးထွေးစွာ အနှစ်သုံးဆယ်တိုင် ကျော်ဖြတ်လာသူ တစ်ယောက် ကျွန်မတို့ ရွာလေးထဲမှာ ရှိပါတယ် …. ။ ဘယ်သူလို့ ထင်ကြပါလဲ ………

စနက်ရှော့မဟုတ်ဘူး လက်ဆော့ ဆိုတဲ့ အသံကြားလျှင် ဘယ်သူမှန်းလဲ … သိကြမှာပါ …. ။ ဟုတ်ပါတယ် …. ကိုပေါက် (မန္တလေး) ပါပဲ … ။

မနက်ဖြန် 5ရက်နေ့ဟာ  လေးပေါက်ကြီးနဲ့ မဒမ်ပေါက်တို့ ရဲ့ အိမ်ထောင်သက် သက် အနှစ် (၃၀)ပြည့် ပုလဲရတုနေ့လေးပဲ ဖြစ်ပါတယ် …. ။

နားလည်မှုများစွာနဲ့ လျှောက်လှမ်းခဲ့ရတဲ့ လေးပေါက်နဲ့ မဒမ်ပေါက်တို့ရဲ့ ပုလဲ ရတုနေ့လေးမှသည်  ရွှေရတု ၊ စိန်ရတုတိုင်အောင် ပျော်ရွင်နွေးထွေးစွာနဲ့  လျှောက်လှမ်း နိုင်ကြပါစေလို့ …. ဒီပို့စ်လေးနဲ့  ဆုတောင်းပေးလိုက်ပါတယ်နော် … ။

 

48 comments

  • ဇွဲမာန်(အင်းဝ)

    February 4, 2012 at 3:10 pm

    အကိုပေါက်ရေ…
    နှစ်ပေါင်း 30 မှသည်နောင်နှစ်ပေါင်းတိုင်အောင်အေးအေးချမ်းချမ်းနှင့်တွဲဖက်နိုင်ပါစေ…။

    Reply

  • Mလုလင်

    February 4, 2012 at 3:29 pm

    ဦးပေါက် ရေ …..
    နောင် နှစ်ပေါင်း 70 တိုင်အောင် အေးအေးချမ်းချမ်းလက်တွဲ နိုင်ပါစေဗျာ။

    Reply

  • စိန်ပေါက်ပေါက်

    February 4, 2012 at 3:37 pm

    ဟယ်
    တို ့ဘရီး မိန်းမရတာ တို ့အသက်တောင် ကျော်နေပါပကောလားဗျာ
    တို ့ဖြင့်..ခုထိမရသေးဘူး

    ဪ..
    ကံကြမ္မာမျက်နှာလိုက်လိုက်ပုံများ ပေါက်ချင်းအတူတူ ပေါက်ကြီးက အနှစ်သုံးဆယ်တောင် မိန်းမရပြီးပြီ
    ပေါက်ခလေးခမျာ…တစ်ခါတလေတောင်မရခဲ့သေးဘူးနော်.. 😆

    ဪ..
    ညည်းချင်းဖွင့်နေတာနဲ ့ မိန်းမရုံးဆင်းတာသွားကြိုဖို ့တောင် နောက်ကျနေပြီ
    သွားလိုက်ဦးမယ်နော်
    ဖလပ်စ်..ဖလပ်စ်…ဖလပ်စ်..

    Reply

  • ba gyi

    February 4, 2012 at 4:44 pm

    အော်အော် မအီတုံးပြောမှပဲ သိရသဗျား။
    အနှစ်(၃၀) ပုလဲရတု တိုင်အောင် လျှောက်လှမ်းကြသော ကိုပေါက်(မန္တလေး) နှင့်ချစ်ဇနီးတု့ိ ကို အားကျမိပါ
    ကြောင်း။
    အနှစ်(၃၀)ခရီးရှည်ကြီးမှသည်၊ အလုံးစုံသာယာချမ်းမြေ့ဘဝခရီးဆက်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းပါ
    သဗျား။
    ကိုယ့်ထက်သဘာ
    အရာရာကို
    အလေးပြုပါ၏။

    Reply

  • thit min

    February 4, 2012 at 4:58 pm

    ကျေးဇူးဘဲ မအိတုံရေ
    နမို့ဆိုသိမှာမဟုတ်ဘူး။
    ဟိုရှောက်သွား သည်ရှောက်သွား ကိုပေါက်ကို သူ့အိမ်သူကို သတိရအောင်
    “ဆွ” ပေး “ဖွ” ပေးတာပေါ့လေ။
    ကဲ ကိုပေါက်ကလဲ အားကျမခံ၊ မဒမ်ပေါက်ကို “မွ” မွ ပေးလိုက်အုန်းနော်။ 🙂
    စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေဗျာ။
    ဘဝလိုအင်တွေလဲ ပြည့်စုံပါစေ။
    နှစ်ယောက်ထဲ ချစ်လို့မဝလို့ ကလေးမယူတာဗျ ဆိုတဲ့ ကိုပေါက်စကားလေးကို
    ကျနော် အတည်ယူထားပါကြောင်း။
    ချစ်ခင်လေးစားမှုဖြင့်
    မောင်သစ်မင်း (^^)

    Reply

  • htoosan

    February 4, 2012 at 5:00 pm

    ဦးပေါက်က မဒမ်ပေါက်ကို ရှက်နေလို့ဘာမှ မပြောတာလားဟင်။။။
    I love my husband ဘဲတွေ့လို့ပါ .. … 😀 😀

    Reply

  • manawphyulay

    February 4, 2012 at 5:03 pm

    ဒီတိုင်းတော့ မရဘူး။ မန်းလေးက ရန်ကုန်ဆင်းလာပြီး ကျွေးရမယ်နော် လေးပေါက်……….
    နှစ် ၃ဝ မှာ နှစ် ၁၂ဝ တိုင်စေသော်…..

    Reply

  • kyawmonkhant

    February 4, 2012 at 5:25 pm

    ဟိုက်! ကိုပေါက် အသက်ငယ်ငယ်လေးအောက်မေ့နေတာ၊ အိမ်ထောင်ကျတာတောင် နှစ် ၃ဝ ရှိပြီကိုး။ သက်ဆုံးတိုင် ချစ်ခင်မြတ်နိုးစွာ ပေါင်းဖက်နိုင်ကြပါစေ။

    Reply

  • MaMa

    February 4, 2012 at 7:20 pm

    ဂေဇက်ရွာရဲ့ စီနီယာ့.. စီနီယာ ဖြစ်သော…..
    လူချစ်လူခင်များသော……
    စိတ်ပျော်၍… လက်ဆော့တတ်သော….
    အမြင်ထောင့် စောင်းစောင်း…..
    အတွေးပါးပါး (စာများများ 😆 ) ပေးတတ်သော…..
    ကိုပေါက်နှင့် အိမ်သူသက်ထား အမ မရှယ် တို့ရဲ့…
    ပုလဲရတုမှသည်…..
    ရွှေရတု စိန်ရတု တိုင်စေသော်………..
    🙂

    Reply

  • Khin Latt

    February 4, 2012 at 10:35 pm

    ကိုပေါက် နဲ့ မဒမ်ပေါက် တို့ ရဲ့ ပုလဲရတု မင်္ဂလာ နေ့ မှ ရွှေရတု၊ စိန်ရတု တိုင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် ဆက်လက် ဆင်နွှဲသွားနိုင်ကြ စေရန် ဆုမွန်ကောင်း တောင်း လိုက်ပါတယ် ရှင့်။ 🙂

    PS – မနက်ဖြန် ရော အိမ်မှာနေမှာလား။
    ဘယ်ကို ခရီးသွားဦးမှာလဲ မေးရင် ချိတ်ချိုးနဲ့။ 😆

    With Best Wishes
    Ma Latt

    Reply

  • pu ma

    February 4, 2012 at 11:03 pm

    ဟယ်…နှစ်သုံးဆယ်ဆိုတော့ပျင်းစရာကြီးပေါ့နော်……

    Reply

  • surmi

    February 4, 2012 at 11:13 pm

    အသက်ကိုများခန်.မှန်းခိုင်းလိုက်လေသလား–အရင်က ကိုပေါက်အရွယ်လို.ထင်ထားတာ-
    အခုတော.—ရိုရိုသေသေ ပြောရတော.မပေါ.။
    အန်ကယ်ပေါက်ရေ—-သက်ဆုံးတိုင်ပျော်ရွှင်ချမ်းမြေ.ပါစေ——-

    Reply

  • pooch

    February 4, 2012 at 11:56 pm

    လေးပေါက်က မဒမ်ပေါက်ကို အာဘွားပေးနေတဲ့ပုံတင်ပေးမယ်ပြောတယ် မနက်ဖြန်တဲ့ ဟီး..
    လေးပေါက် တို့ မောင်နှံရတု အဆက်ဆက် ရွှေလက်တွဲပြီး ဆင်နွှဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🙂

    Reply

  • padonmar

    February 5, 2012 at 1:25 am

    (အဖိုးကြီးငါ့ကို အဖွားကြီးမင်းက မောင်တွေဘာတွေခေါ်ပါအုံး)
    အဲဒီ အချိန်ထိ ကိုပေါက်နဲ့ မရှယ်တို့ ရွှေလက်မြဲမြဲ ပျော်ပွဲဆင်နိုင်ကြပါစေ။
    တူနှစ်ကိုယ်တိုင်းပြည်လေ :LOL:

    Reply

  • Foreign Resident

    February 5, 2012 at 4:59 am

    Happy 30th Anniversary ပါ ကိုပေါက် ။
    နောက် အနှစ် တစ်ရာ တိုင်ပါစေဗျာ ။

    Reply

  • အမှတ်တရထဲမှ
    အမှတ်တရ။
    ချစ်ခင်စွာပေးလာသော
    ဆုတောင်းစကားကြောင့်
    ရင်ထဲမှာ ပီတိများနဲ့
    ပြည့်လျှံ သွားပါကြောင်း
    ချစ်လှစွာသောမိတ်ဆွေအပေါင်းခင်ဗျား

    Reply

  • TTNU

    February 5, 2012 at 3:31 pm

    ဟေးကိုပေါက်
    ငါတို့က ဖေ့စဘွတ်မှာ ငှက်မောင်နှံတောင်ပံဝဲတဲ့ပုံ ပို့ပြီးသားပါနော်။

    Reply

  • TNA

    February 5, 2012 at 10:42 pm

    နှစ် ၃ဝ ခရီးရှည်ကြီးကို မမောမပန်း ချီတက်လာနိုင်တာဂုဏ်ယူပါတယ်။ ချစ်ခြင်းမေတ္တာအပြည့်ဖြင့်နှစ် ၃ဝ မှသည်နှစ် ၁၀ဝ တိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

    Reply

  • မာမီရေ
    မာမီပို့ပေးလိုက်သောငှက်မောင်နှံကို
    ကိုပေါက်တို့မောင်နှံက လက်ခံပြီး သကာလ
    ကျေးကျေးxအနန္တပါ ခင်ဗျာ။
    မာမီနဲ့ကျနော်တိုက်ဆိုင်တာလေးတွေများတယ်။
    မာမီနဲ့ကျနော် မွေးနေ့ တိုက်ကြည့်အုံးမယ် အိမ်လာပြီးတော့။
    ဟုတ်တယ်ဟုတ်။

    Reply

  • weiwei

    February 5, 2012 at 11:47 pm

    အချိန်မှီလေး ဖွင့်လိုက်မိတယ် ….
    ပုလဲရတုမှသည် ရွှေရတု စိန်ရတု တိုင်ပါစေ ….

    Reply

  • aye.kk

    February 6, 2012 at 12:04 am

    ကိုပေါက်နှင့်မရှယ်အတွက်..
    ပုလဲရတုမှသည်စိန်ရတုတိုင်ထိမျှမကပါပဲ..
    တူမျှသဒ္ဒါ၊တူမျှစာဂ၊တူမျှသီလ၊တူမျှဉာဏ်ပညာဖြင့်ဘဝတိုင်းပင်ဆုံပါစေ။

    Reply

  • ကြောင်ကြီး

    February 6, 2012 at 11:16 am

    ဦးပေါက်တို့
    ဇနီးမောင်နှံ
    ပုလဲရတုမှ
    သရဲရတုတိုင်
    အချွဲကယုများနဲ့
    ဖရဲဆုတိုင်နိုင်ပါစေလို့…။
    ငကျွဲအတုရောင်း၍
    ငရဲအနုရောက်ရသူ
    ကြောင်ကြီး 😎

    Reply

  • blackchaw

    February 6, 2012 at 11:19 am

    ကိုပေါက်ရေ။
    မနေ့က မန္တလေး Top Choice မှာ
    သောက်ခဲ့ရတဲ့ မင်္ဂလာ လဖက်ရည်နဲ့
    မင်္ဂလာ နန်းကြီးသုတ် တစ်ပွဲကို
    နောက်နှစ် မှာလည်း စားချင်ပါသေးကြောင်း။

    Reply

  • TNA

    February 6, 2012 at 11:30 am

    အိတုန်ရေသူများကိုပဲဆုတောင်းမနေနဲ့အုုံး။ ကိုယ်တိုင်လဲဆုတောင်းခံရအောင်လဲလုပ်အုံးလေ။ ဟဲဟဲ။
    ( သက်ဆိုင်သူရေအချွန်နဲ့မလိုက်ပြီ )

    Reply

    • etone

      February 6, 2012 at 11:45 am

      အစ်မ သဲနုအေးရေ … ကိုယ့်ဘာသာကိုယ်ကတော့ ..စဉ်းစားရင်း … ရွှေ့ရင်း … စဉ်းစားရင်း .. ရွှေ့ရင်းနဲ့ ……… အပျိုကြီး ခေါ်ခံရဖို့အသက်ရွယ်ကို ခြေလှမ်းစနေပြီလေ … ။

      အခုချိန်မှာ…. လာမယ် ကြာမယ်လို့ပဲ ပြောနိုင်သေးတယ် 😳

      (အလှူငွေ ထည့်ဝင်လှူဒါန်းတဲ့ အတွက် ကျေးဇူးပါနော် )

      Reply

      • Thel Nu Aye

        February 6, 2012 at 10:45 pm

        ကြည့်လုပ်အုံး။ တော်ကြာဖွားဖွားခေါ်ခံနေရအုံးမယ်။ ဟိုနေ့ကမင်္ဂလာဆောင်မှာတွေ့တဲ့ ၃ နှစ်အရွယ်ကလေးလေးက အစ်မ ကို ဖွားဖွားနံမယ်ဘယ်လိုခေါ်လဲတဲ့။ သေပြီ ဆရာပဲ။ မြန်မြန် သာလုပ်။ ခုခေတ်ကလေးတွေကလွယ်ဘူးရယ်။ းD

        Reply

  • အနု ငရဲ
    အတုငကျွဲ
    ငပုက သူရဲ
    နီတာက ဖရဲ
    ချီပါမယ်လို့ ပြောတော့
    အသာဆွဲပါတဲ့။
    ဒီကလဲပြောလိုက်ပါတယ်။
    တစ်ခါတည်းပါလို့။

    Reply

  • နွယ်ပင်

    February 6, 2012 at 1:48 pm

    လေးပေါက်ရေ
    နှစ် (30) မှ နောင်နှစ်ပေါင်းများစွာ ရွှေရတု စိန်ရတု တိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ….

    Reply

  • ရွှေလက်တွဲပြီးသူများလည်း နှစ်ပေါင်းတစ်ရာ
    မတွဲရသေးသောသူများလည်း နှစ်ပေါင်းတစ်ရာ
    တိုင်အောင်ခိုင်မြဲ လက်တွဲနိုင်ကြောင်း
    ဆုတောင်းပါသည်
    အားလုံးပြည့်စေသောဝ်။

    Reply

  • koaung

    February 6, 2012 at 7:04 pm

    ဆရာပေါက်နဲ့ ဆရာကတော် သက်တော်ရာကျော်ရှည်ပါစေကြောင်း ဆုမွန်တောင်းပါ၏

    Reply

  • ဦးဦးပါလေရာ

    February 7, 2012 at 12:38 am

    ကိုပေါက်တို့ဇနီးမောင်နှံ
    ရာသက်ပန်ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ…..။

    Reply

  • ဆူး

    February 8, 2012 at 9:46 am

    သတင်းကြားလို့ လိုက်ရှာတာ.. အခုမှ တွေ့တော့တယ်။
    လူတယောက်နဲ့တယောက် စိတ်ချင်းညီတူ ကြာရှည်လက်တွဲဖို့ မလွယ်တဲ့ ကြားထဲက နှစ်ပေါင်း ၃ဝ ဆိုတာက တော်တော်ကို ရှည်လျားလှတဲ့ အချိန်အတိုင်းအတာ တခုပါပဲ…
    လေးပေါက် နဲ့ အန်တီ ရှယ် တို့ အတွက် ဖြတ်သန်းလာတော့လည်း ခဏလေးလိုဖြစ်နေမှာပါပဲ။
    နောက်ထပ် နောက်ထပ် နောက်ထပ် နှစ်ပေါင်း များစွာ များစွာ များစွာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းနိုင်ပါစေ။
    စိတ်တူကိုယ်တူ ပျော်ရွင်ချမ်းမြေ့မှုတွေနဲ့ နေနိုင်ပါစေ။

    ဗုဒ္ဓဘာသာ အမြင်နဲ့ ပြောရရင်တော့ လူပေါင်းများစွာ ရှိတဲ့ အထဲကမှ.. လူသား တဦးနဲ့ တစ်ဦး ချစ်ခင် ဆုံမက်ပြီး လက်တွဲနိုင်ဖို့ဆိုတာ အတိတ် အတိတ် ဘဝပေါင်းများစွာက ပြုစုထားတဲ့ ရေစက်ကြောင့်လို့ ပြောလို့ ရပါတယ်။
    အတိတ်က ကုသိုလ်ပြုတော့ တူတူ စိတ်တူ ကိုယ်တူ ပြုခဲ့တဲ့ အတွက် ဒီဘဝမှာ ရွှေလက်တွဲမြဲမြဲခိုင်လို့ နှစ်ပေါင်း ၃ဝ ကျော်ခဲ့ပြီ ဆိုတော့.. ဒီဘဝမှာလည်း စိတ်တူကိုယ်တူ ပြုခဲ့တာတွေ နှစ်ပေါင်း ၃ဝ အတွင်း များစွာ ပြုခဲ့ကြအုန်းမယ် ထင်ပါတယ်။

    Reply

  • awra-cho

    February 8, 2012 at 2:43 pm

    နှစ်သုံးဆယ်.. ဘုရားဘုရား ။ ကြောက်တယ် ..အပ်ကို့….

    Reply

  • လူတစ်ယောက်နဲ့တစ်ယောက်လက်ထပ်တယ်ဆိုတာ
    ညှိနိုင်းနေကြတဲ့ ပွဲတစ်ခုပါ။
    သူ့ဘက်နည်းနည်းလျှော့ ကိုယ်ဘက်နည်းနည်းလျှော့ ။
    စိတ်ဆိုးတဲ့အခါလဲ တစ်ခါတရံဆိုးတာပေါ့။
    တစ်ခါတစ်လေတော့လဲ ပေါက်ကွဲ။
    ရာနူန်းတော်တော်များများကတော့ ငြိမ်းချမ်းစွာနေပေါ့။
    အရေးကြိးတာ လင်မယားနှစ်ယောက်ကြားမှာ ပွင့်လင်းရိုးသားဘု့ိပါဘဲ။
    ဒါပေမယ့် ဝလင်အောင်စားသောက်နဲ့တဲ့ဝင်ငွေရှိဘို့ကတော့ လုံးဝလိုအပ်ပါတယ်။
    ဒါလေးကတော့ ကျနော့်အမြင်ပါဘဲ။

    Reply

    • etone

      February 9, 2012 at 9:06 am

      ဒါပေ့ါလေးပေါက်ရေ … ။ သမီးကတော့ နှစ်ရှည်လများ အပွန်းပဲ့ အဖုထစ်မဲ့စွာ ရပ်တည်လာတဲ့ အိမ်ထောင်တစ်ခုကို ချီးကျူးမိတယ်ဆိုတာက ….
      လူတစ်ကိုယ်စိတ်တမျိုး ၊ ကိုယ့်စိတ်နဲ့ကိုယ်တောင် တစ်ခါတစ်လေ ရှုပ်နေမိတာ … နှစ်ယောက်လိုက်လျောညီထွေဖြစ်ဖို့က ချစ်သူဘဝမှာတောင် အတော်လေးညှိယူရတဲ့ အခြေနေ … အိမ်ထောင်ပြုဖို့တောင် အတွေးလွန်နေမိတာ .. … အမြဲတပူးတွဲတွဲ အိမ်ထောင်သည်ဘဝဆိုလျှင် တကယ့်ကို မလွယ်တာကြောင့်ပါပဲ … ။

      Reply

      • Mလုလင်

        February 9, 2012 at 1:08 pm

        စဉ်းစား နေရင် ပျဉ်းမနားရောက်သွားမယ်။ ဘာမှ စဉ်းစား မနေနဲ့ . အရင်က ဘယ်လောက် ကောင်း၊တော်၊ လိမ္မာ ကိုယ့်လက်ထဲရောက်မှ ဆိုး သွားကြတာတွေ။ အရင်က ဘယ်လောက် ဆိုးဆိုး ကိုယ့်လက်ထဲရောက်မှ ကောင်းသွားတာတွေ။ တနည်း အိမ်ထောင်ပြုတယ် ဆိုတာ ထီ ထိုးသလိုမို့ ……… ရဲရဲ ကြီး ပြုသာ ပြုပလိုက်ပါ။ (ဟီး .. ကြပ်တာ)
        ပြေးပြီဗျို ့…….. ဒပ်ကလောက်.. ဒပ်ကလောက်

        Reply

        • etone

          February 9, 2012 at 2:39 pm

          မာမီရေ ..

          မီး ယောကျာ်း သွားခိုးဘီ ….. အမိုက်မဲလေးကို ခွင့်လွှတ်ပါ …
          လိုချင်လို့ ယူတာ မဟုတ်ရပါဘူး …
          ဟို ဒါ့ပုံဆြာ M-လုလင် ကြပ်ပေးလို့ လုပ်ရတာပါ … ။ မာမီ့ဆီက ပြန်ပေးမယ်ပြန်ပေးမယ်ဆိုပြီး ညာညာယူထားတဲ့ အကြွေးလည်း … သူ့ဆီက တောင်းလိုက်ပါ .. ။

          ပုံ/ သမိုက်မီး 😆

  • ရွာစားကျော်

    February 9, 2012 at 12:57 pm

    ဦးပေါက်တို့ဇနီးမောင်နှံ
    ရာသက်ပန်ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ…..။

    သူများတွေ မတူတာဘေးဖယ် တူတာတွေပေါင်းပြီးလုပ်မယ်လို့ ခုမှပြောတာ
    ဦးပေါက်တို့က နှစ်သုံးဆယ်ကြီးတောင်ရှိပေါ့.. ပျင်းသနားတယ်.. ညှင်း.. ညှင်း
    😆
    လေးစား အားကျလျက်..

    Reply

  • ညှင်းတော့ အတင်းအားမကျပါနဲ့
    ရွာစားကျော်ရေ ဆေးဘိုးကုန်မယ်။

    မောင်လုလင် အသင် ရော……………………….

    Reply

  • ရွှေဘိုသား

    February 10, 2012 at 6:38 pm

    ဖေကြီး နောင် နှစ်ပေါင်းများစွာ သာယာချမ်းမြေ့စွာ ပေါင်းသင်းနိုင်ပါစေ
    ကျနော့်အတွက်လည်း ညီလေး သို့ ညီမလေး ရအောင် လုံးလစိုက်နိုင်ပါစေ ကျနော် ဘောလုံးပွဲထွက်ကြည့်
    နေရင် အချိန်လုံးလောက်တယ်ထင်ပါတယ်နော် ဖေကြီး

    Reply

  • nature

    February 10, 2012 at 8:51 pm

    congratulation ပါ ကိုပေါက်ရေ ။ ကိုပေါက်တို့မိသားစု ကျန်းမာ ချမ်းသာပြီး လိုရာဆန္ဒ ပြည့်ဝပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

    Reply

  • တုံကလေး ကျေးဇူးကြောင့် ရွာသူားများအားလုံးရဲ့ မေတ္တာကို
    အပြည့်အဝခံယူရရှိကြောင်းပါခင်ဗျာ။
    အားလုံးကို ကျေးကျေးပါခင်ဗျာ။
    ရွှေဘိုသားလေးရေ မင်းနဲ့ဘဲလုံလောက်သွားလို့ ထပ်မခေါ်တော့ပါဘူး။
    ဘောလုံးပွဲလဲ စိတ်မပါဘဲ သွားမကြည့်ပါနဲ့တော့။.
    တော်ကြာ ………………………………………..

    Reply

    • etone

      February 11, 2012 at 10:05 am

      လေးပေါက်ရေ .. သမီးလည်း အစကတော့ ဘယ်သိပါ့မလဲ … ။
      သတင်းပေးတဲ့ လူရှိလို့ … မှတ်ထားရင်းက .. တင်ထားဖြစ်တာ … ။ ဘယ်သူပြောပြတာလဲ သိလား … ။ ဟီးဟီး ..သူကပြောတယ် .. လေးပေါက်တို့နဲ့ .. အတူတူ တောင်တက်ခဲ့တယ်တဲ့ …….. ။ 🙂

      Reply

  • kyeemite

    February 11, 2012 at 9:31 am

    ကိုပေါက် ရေ ဆုတောင်းနောက်ကျသွားတာခွင့်လွှတ်ပါ…ကိုပေါက်တို့မိသားစု နောင် ရတုပေါင်းများစွာ
    တိုင်အောင် စိ်တ်ရောကိုယ်ပါကျန်းမာချမ်းသာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ပါစေဗျာ..
    ခင်မင်ရင်းနှီးစွာဖြင့်..
    ကြီးမိုက်

    Reply

  • snow white

    July 8, 2012 at 8:07 pm

    လေးလေးပေါက်ကို လူပျိုကြီးလို့ထင်နေတာ အော်အော် အိမ်ထောင်သက် တောင်ဒီလောက်ရနေပါလားနော်.။။။

    Reply

Leave a Reply to Mလုလင် Cancel Reply

Your email address will not be published.