စဉ်းစားကြစေလိုပါတယ် ( ၉ ) ( ၅၀၀ဝ တန် ဆင်းမ်ကဒ် )

Foreign ResidentFebruary 3, 20122min017

စဉ်းစားကြစေလိုပါတယ် ( ၉ )

 

ဒီ Post ကတော့

” naung ” ရေးထားတဲ့ ” သပိတ်မှောက်ကြပါစို့ ” ဆိုတဲ့ Post ရယ်

” လင်းဝေ ” ရေးထားတဲ့ ” ကျပ် ၅၀၀ဝ တန် ဖုန်းကဒ် အကျိုးစီးပွား ကာကွယ်မှု တိုက်ပွဲကြီး ” ဆိုတဲ့ Post ရယ်

အဓိက ကတော့ သူတို့ထဲက ဒေါမနဿ Comment တွေရယ်

အဘရဲ့ ” စဉ်းစားကြစေလိုပါတယ် ( ၈ ) ” မှာ ကို htoosan ရဲ့ Comment ရယ်

တွေကိုဖတ်မိပြီး တွေးမိတာလေးတွေပါ ။

 

 

အဘ ဝင်မပြောသေးဖူးလို့ပဲ ။

ဒါပေမယ့် ပြောသင့်ပြီထင်လို့ ၊

ရွာသားတွေ သိသင့်တာလေးတွေ သိစေချင်လို့ ဝင်ပြောပါရစေ ။

 

အဲဒီ ရွှေပြည်တံခွန် ကုမ္ပဏီ ( ၅၀၀ဝ တန် ဆင်းမ်ကဒ် Phone ) က အခုထက်ထိ

Business Plan စီးပွားရေး ဘယ်လိုလုပ်မယ် ဆိုတဲ့ အစီအစဉ်ကိုသာ ကြေငြာနေတာ ။

 

သူတို့ရဲ့ ဖုန်းတွေဟာ

သူတို့ ဖုန်းအချင်းချင်း ဘယ်လို ဆက်သွယ်မယ် ၊

မြန်မာ့ ဆက်သွယ်ရေးက ဖုန်းတွေကို ဘယ်လို ဆက်သွယ်မယ် ၊

နိုင်ငံတကာ Network ကြီးထဲကို ဘယ်လို ချိတ်ဆက်မယ် ဆိုတဲ့ ၊

Detail Technological Plan နည်းပညာ အစီအစဉ်ကို ၊

အခုထက်ထိ ပြည်သူကို ချမပြသေးဘူးနော် ။

မီဒီယာတွေကလည်း မေးရကောင်းမှန်းမသိသေးဘူး ။

 

သူတို့ကတော့ 3GPP Release 7  စံနစ် ကိုသုံးမယ်ပြောတာပဲ ။

ဒါပေမယ့် အဘ ဖတ်ကြည့်မိသလောက်ကတော့

3GPP Release 7 ဆိုတာက Specification Standard လေ ။

Detail Technological Plan နည်းပညာ အစီအစဉ် မှ မဟုတ်တာလေ ။

 

အဘကတော့ အဲဒါကို မရိုးသားမှုလို့ ယူဆတယ် ။

နိုင်ငံတကာ အတွေးအခေါ်အရ ပြောရရင်တော့ ၊

မရိုးသားမှု အစွန်းအစလေးတစ်ခု ထွက်လိုက်တာနှင့် ၊

အဲဒီ ကုမ္ပဏီ ကို ဘယ်ဟာကိုမှ မယုံကြည်တော့ပါဘူး ။

 

အဘ သိထားတာလေးတွေ ပြောကြည့်မယ်နော် ။

နိုင်ငံတကာမှာ အင်တာနာ တာဝါတိုင် ထောင်စရာ သိပ်မလိုတဲ့

သူတို့ မိုဘိုင်းဖုန်း အချင်းချင်း ကြားကနေ တလုံးနှင့် တလုံး

တဆင့်စီခံပြီး ဆက်သွယ်ပေးတဲ့ Relay စံနစ်တွေပေါ်နေတယ်နော် ။

 

သုံးစွဲသူတွေကိုင်ထားတဲ့ မိုဘိုင်းဖုန်း တလုံးချင်းစီကို

အင်တာနာ တာဝါတိုင် အသေးစားလေး တစ်ခုစီ အနေနှင့်

Service Provider က အသုံးပြုထားတာပါ ။

 

အဲတော့ ရှင်းရှင်းလေးပါပဲ ၊

Initial Cost ၊ Initial Capital ၊ အစဦး အရင်းအနှီး သိပ်နည်းတယ် ။

Set up Time ၊ တည်ဆောက်ချိန် တိုတယ် ။

 

အဲ အားနည်းချက်ကတော့

( ၁ ) တမိုင်ပါတ်လည်အတွင်းမှာ ဖုန်းဖွင့်ထားတဲ့သူမရှိရင် ဖုန်းပြောလို့ မရပါဘူး ။

ဥပမာ – ညပိုင်းမို့ ရပ်ကွက်ထဲကလူတွေ ဖုန်းပိတ်ထားရင် ကိုယ်လဲ ပြောမရပါဘူး ။

လူသိပ်မရှိတဲ့ နေရာတွေကိုသွားရင်လဲ ဖုန်း ပြောလို့မရပါဘူး ။

( ၂ ) သူတို့အတွက် အထူး Hand Set သုံးရပါတယ် ၊ ဈေးကြီးပါတယ် ။

( ၃ ) ကိုယ်သုံးသုံး မသုံးသုံး ကိုယ့်ဖုန်းကို သူများက အသုံးပြုခံနေရပါတယ် ( Relay ) ။

အနည်းဆုံး Battery တော့ကုန်နေတာပေါ့ ။

( ၄ ) Connection လိုင်း အသံ မကြည်ပါဘူး ။

( ၅ ) အဆင့်မြင့် ကိစ္စတွေမှာ ( အင်တာနက် / Data Transfer ) သုံးလို့မကောင်းပါဘူး ။

( ၆ ) Net work ရဲ့ လုံခြုံရေး စံနစ် အားနည်းပါတယ် ။

ဒါကြောင့် Money Transaction မလုပ်ရဲပါဘူး ။ အခိုးခံရ ၊ အလိမ်ခံရနိုင်ပါတယ် ။

အကြမ်းဖက်သမားများကလည်း လုံခြုံရေး စံနစ် အားနည်းတဲ့ Net work ကို

မတော်မတရား အသုံးပြုနိုင်ပါတယ် ။

( ရ ) ( တရားစွဲခံရနိုင်တဲ့ ) ဥပဒေကြောင်း အရလည်း အားနည်းနေတယ်

( ၈ ) လူမြောက်များစွာ ဝိုင်းသုံးပေးမှ အဲဒီစံနစ်က အောင်မြင်မယ် ။

အဲဒါကြောင့် လိုအပ်လာရင် Sim Card ရော Hand Set ပါ လူတွေကို အလကားပေးပြီး

ဖုန်းဖွင့်ပြီး လျှောက်သွားခိုင်းနေရတယ် ။

 

အဲဒီထဲက အချက်နံပါတ် ( ၄ ၊ ၅ ၊ ၆ ၊ ရ ) တွေဟာ

မြန်မာနိုင်ငံအတွက်တော့ သိပ်အရေးမကြီးသေးပေမယ့်

နိုင်ငံတကာမှာကတော့ အသက် လောက်နီးနီး အရေးကြီးနေပါတယ် ။

အဲဒါကြောင့် အဲဒီ စံနစ်ကို နိုင်ငံတကာက သိပ်လက်မခံသေးပါဘူး ။

 

အဘ သိထားတာတွေ ဝေငှတာပါကွယ် ။

ဖုန်း / Communication ကျွမ်းကျင်သူ Expert မဟုတ်တဲ့အတွက်

တချို့အချက်တွေ နဲနဲလွဲနိုင်ပါတယ် ။

ဖုန်း ကျွမ်းကျင်သူတွေ ဆက်ဆွေးနွေးပေးမယ်လို့ မျှော်လင့်ပါတယ် ။

 

မှားမိရင် ခွင့်လွှတ်ကြပါကွယ် ။

ဒါပေမယ့် Main အိုင်ဒီယာတော့ သိပ်မလွဲလောက်ဘူး ထင်ပါတယ် ။

 

ရွှေပြည်တံခွန် ကုမ္ပဏီ က ဘယ်စံနစ်သုံးမလဲ အဘလည်း မသိပါဘူး ။

သူကမှ ရှင်းရှင်းလင်းလင်း မကြေငြာတာကိုး ။

 

မြန်မာ့ ဆက်သွယ်ရေး MPT ရဲ့ လက်ရှိ ဝန်ဆောင်ပေးနေမှု service ကိုလည်း

အဘ မကျေနပ်ပါဘူး ၊ မကြိုက်ပါဘူးကွယ် ။

 

အဘ သိတာ ၊ အဘ သေချာတာကတော့ တစ်ခုပဲရှိတယ် ။

မပွင့်လင်းတဲ့ ကုမ္ပဏီ တစ်ခုရဲ့ နောက်ကနေ

မျက်စိစုံမှိတ်ပြီး ထောက်ခံရလောက်အောင် ၊

သပိတ်မှောက်ပေးရလောက်အောင်တော့ ၊

အဘ စိတ်မလွယ် သေးပါဘူးကွယ် ။

 

 မြို့မေတ္တာ ခံယူမယ့် ၊

 

အဘ F R ။

17 comments

  • Mလုလင်

    February 3, 2012 at 6:06 pm

    ဘယ်နှယ့် လူကြိုက်နည်းတဲ့ ပိုစ့် ဖြစ်ရမှာလဲ။ ကျွန်တော့ တစ်ယောက် ထည်းရဲ့ သဘောထားနဲ့ ဆို . ထောက်ခံပါတယ်။ အဘ လောက် ပြည့်ပြည့် စုံစုံ မရေးတတ်လို့ ဒီ http://myanmargazette.net/97567/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle ပိုစ့် မှာတောင် ကျွန်တော် တွေးမိတာလေး ချရေးထားဖြစ်သေးတယ်။ သွေးဆူ လွယ်လို့ ခံ ရပေါင်းလဲ များနေပါပြီ လေ။ ကျွန်တော်က တော့ မီဒီယာ နဲ့ လူထု ကို ခုတုံး လုပ်တယ် လို့ပဲ ထင်တယ်။ အဲဒါက စပြီး မကြိုက်တာ့တာပဲ။
    လေးစားစွာဖြင့်
    Mလုလင်

    Reply

  • fatty

    February 3, 2012 at 7:50 pm

    ကိုကိုဖေါဒီလိုရေးပြလိုက်တော့လဲပိုပြီးနားလည်သွားရပါသဗျာ …
    ပြည်သူတွေကတော့ ဘာရယ်မဟုတ်ပေဘူး ၅၀၀ဝ နဲ့ရမယ်ဆိုတော့ ကျနော့နားက ဆိုက်ဂျဲဒိုးတွေကအစ
    recycle man အဆုံး အကုန်လုံးတလှုပ်လှုပ်ဖြစ်ကုန်တာပေါ့လေ ..
    ဂွင်မိလိုက်တာကတော့ သိပ်မကောင်းတဲ့ ဟဲင်းစက် တွေရောင်းလိုက်ရတယ်ဗျ။ဒီနေရာမှာ သင်ခန်းစာယူတတ်ရမှာက မြန်မာတွေ လေ့လာမှုအားနဲနေတာကိုပါဘဲ။ ဝုန်းဝုန်း ဝုန်းဝုန်း ဆို ဆင်ခြင်ဉာဏ်
    လေးနဲ့မတွေးကြတော့ဘူး စုံပစ်ပြီး အကုန်နှစ်လိုက်ကြတော့ဒါပါဘဲ။ အဲဒီအားနဲချက်ကို အသုံးချမဲ့
    စီးပွါးရေးသမားလဲရှိနေတယ်ဆိုတာသတိပြုကြဘို့ပါ။ အခုလိုရေးပြလိုက်တော့ ဆင်ခြင်နိုင်တာပေါ့နော။

    Reply

  • memeseku

    February 3, 2012 at 7:50 pm

    အဘ…ကျနော်ထောက်ခံတယ်….နည်းလမ်းကျလို့….သူများဝိုင်းဆဲမှာကြောက်လို.တခြားပိုစ့်မှာမမန်.ရဲတာ 🙂

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 3, 2012 at 8:21 pm

    ဒါကတော့အဘရယ်
    သားတို့က စာမှမတတ်တာဘယ်သိမှာဒုန်း
    ဆန်ဝေရင်ထောက်ခံမယ်
    ဆီဝေရင်ထောက်ခံမယ်
    ရေနံဆီဝေရင်ထောက်ခံမယ်
    ငါးထောင်ကျပ်နဲ့ တယ်လီဖုန်းရမယ်ဆိုရင်တော့ ချမယ်ဗျာ
    သဂျီးကောက်ရိုးပုံမီးရှို့ပေးရမလားပြော
    ငတ်နေတယ်
    ပြတ်နေတယ်
    လိုအပ်နေတယ်
    သိဘူး
    နားမည်ဘူး
    ရမယ်ဆိုရင်ပြီးရော ထောက်ခံမယ်

    Reply

  • win win

    February 3, 2012 at 8:40 pm

    ၁၅ သိန်း၊ ၅ သိန်းတောင် မှားခဲ့ပြီးမှ ၅၀၀ဝ လောက်မှားတာကိုု စာမဖွဲ့ ချင်တော့ပါဘူး ။အားပေးစေချင်ပါသည်။ နိုင်ငံရပ်ခြားတွင်လည်း ၅၀၀ဝ လောက်နဲ့ ပေးနေတဲ့ ဖုုန်းကိုု MPT ကျမှ အခြေခံ အဆောက်အအုုံများ တည်ဆောက်ရပါသဖြင့် လိုု့ဆိုုတော့ ကျန်သည့် နိုင်ငံများတွင် ရော ဒါတွေ မတည်ဆောက်ရ ပဲနဲ့ ဖုုန်းဆက်၍ ရပါသလား။ ဖုုန်းသန်း ၃ဝစီမံကိန်း X ၃၀၀၀၀ဝ ကျပ် တွက်ကြည်လိုုက်စမ်းပါ။ ကွန်ရက် တည်ဆောက်စရိတ်က ဘယ်လောက်လဲ။ ကျန်တာတွေကိုု အကျိုးတူ တွေက ခွဲယူကြမှာ ခံရမှာက ပြည်သူတွေ။ CDMA 450 Handset အစုုတ်ကိုု ၄၀၀၀၀ဝ လောက်ပေးပြီး ဝယ်သုုံးခဲ့ကျသူတွေအများကြီးပါ။ ဒီnetwork ကတရုုတ်ကထုုတ်လိုု့ တရုုတ် ဟန်းဆက်ကိုု ဈေးကြီးကြီး ပေးဝယ်သုုံးခဲပြီးပါပြီ။ မှားစမ်းပါစေ ၅၀၀ဝ တန်ဆင်းကပ်။၃၀၀၀၀ဝ ဖုုန်းတွေရောင်မရမှာစိုုးလိုု့ ဂွင်ထည့်နေတယ်လိုု့ထင်တာပဲ။ ကွန်ရက်တည်ဆောက်စရိတ် ဘယ်လောက်ကုုန်တယ် လိုု့ ထုုတ်ပြန်ပေးစေချင်ပါတယ် MPT

    Reply

  • blackchaw

    February 3, 2012 at 10:29 pm

    အဘ FR ခင်ဗျား။
    အဘ ပို့စ်တွေမှာ ကျွန်တော် ကွန်းမန့် မပေးဖြစ်တာ တော်တော်ကြာပါပြီ။
    အခု ပို့စ်ကတော့ တကယ်ကို နားလည်းလည်လို့ ရှင်းပြပေးတာလေးကို
    ကျေးဇူးလည်းတင်တဲ့ အကြောင်းလေး ပြောချင်မိပါတယ်။
    ကျေးဇူးပါ အဘရေ။
    အဘလို့သာ ခေါ်ရတာ။ ကိုယ်နဲ့က အသက်က အတူတူလောက်ရှိပြီး
    ရုပ်ကလည်း ကိုယ့်ထက်နုနေတော့ အိုဘာပဲဖြစ်ဖြစ်ပါ။
    အဘကအဘပေါ့။ ဘလက်က ဘလက်ပေါ့။

    Reply

  • Mလုလင်

    February 3, 2012 at 11:53 pm

    ဘယ့်နှယ် လူကြိုက်နည်းရမှာလဲ အဘရယ်။ ကျွန်တော့တစ်ယောက်ထဲ ရဲ့ အမြင်အရ ထောက်ခံပါတယ်။ သွေးဆူလွယ် လို့ ခံရပေါင်း လဲများခဲ့ပါပြီ။ ကျွန်တော့ အတွေးကတော့ စေတနာ မှန်တယ် ဆို အရင် ရအောင် လုပ်ပြီးတော့မှ ကြေညာမယ်ဆို ပိုလေးစား မိလိမ့်မယ် လို့ပါ။ အဘ လို တိတိကျကျ မရေးတတ်တော့ ဒီလို http://myanmargazette.net/97567/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle လေးတောင် ရေးဖြစ်သေးတယ်။ Media နဲ့ လူထု အားကို လက်နက်အဖြစ် အသုံးချတယ် လို့ ထင်ပါတယ်။
    လေးစားစွာဖြင့်
    Mလုလင်

    Reply

    • Mလုလင်

      February 4, 2012 at 12:16 pm

      အောင်မငီး ဗျာ။ ကျောရိုး တူတူ comment နှစ်ခု ထပ်သွားပီ။ တစ်ခု က လုံးဝ မတက် လို့ နောက် တစ်ခု မှတ်မိ သလောက် ပြန်ရေး.. ပြန်တင် သူလဲ မတက် ..နဲ့ ညစ် ပြီး အိပ်လိုက်တာ.. မနက် မု်ိးလင်းလို့ လဲ ဖွင့်ကြည့်ရော … အမငီး .. နှစ်ခု ကြီးတောင် တက် နေပါလား ..အဘ FR ရေ . စောရီး ပါဗျို ့ .. လာနှောက် သလို ဖြစ်သွားတယ်။
      လေးစားစွာဖြင့်
      Mလုလင်

      Reply

  • chityimhtoo

    February 4, 2012 at 9:38 am

    အင်းအဘဖေါပြောတာဟုတ်ပါတယ်။လူတွေက ၅ထောင်နဲ့ကိုင်ရမယ်ဆိုတော့အရမ်းမျှောလင့်ချက်ကြီးသွား
    ကျတာ။ရွှေပြည်တံခွန်ကလည်းသူတို့နည်းပညာ အစီအစဉ်ကို အများပြည်သူ များ သို့လေသို့လောမဖြစ်အောင်
    ချပြသင့်ပါတယ်။

    Reply

  • ဦးဦးပါလေရာ

    February 4, 2012 at 9:42 am

    ကိုဖေါရင်းပြောမှ သေသေချာချာနားလည်သွားပါတယ်။ ကျေးဇူးပါဗျာ။

    ရွှေပြည်တံခွန်က သူတို့နည်းပညာ အစီအစဉ်ကို အများပြည်သူကို ရှင်းရှင်းလင်းလင်းချမပြတာကတော့ မရိုးသားလို့ လို့ပဲမှတ်ယူရတော့မယ်။

    အစက ကြားထားတာက ဒီစံနစ်မျိုးက အင်တင်နာတိုင်တွေ ဆက်စပ်တည်ဆောက်ပြီးဆက်သွယ်တာမဟုတ်ပဲ အင်တင်နာတိုင်တခုဝန်းကျင်မှာ ဖုံးအချင်းချင်း frequency တခုနဲ့ code နံပါတ်တွေခွဲခြားပြီး သူ့နက်ဝပ်အတွင်းမှာပဲ ဆက်သွယ်ပြောကြားလို့ရတဲ့ ရေဒီယိုဖုန်းစံနစ်တမျိုးလို့ပါ။

    လိုင်းက ၅၀၀ဝ ပဲပေးရပြီး ဟန်းဆက်က ဈေးကြီးနေရင်တော့ လူအများကြီးသုံးမယ်မထင်ပါဘူး။

    လိုင်းရော ဟန်းဆက်ရောဈေးပေါတယ် ဆိုရင်တော့ တန်တော့တန်ပါတယ်။

    ခက်တာက အဲလိုဆို လူအများစုနဲ့ဆက်သွယ်ဖို့ ဖုံး၂လုံးကိုင်ရတော့မယ်။
    တစ်လုံးထဲတောင် တော်တော်ရှုပ်တာ ။ ဒုက္ခပဲ …..။

    Reply

    • Foreign Resident

      February 4, 2012 at 10:10 am

      ဦးဦးပါလေရာ ရဲ့
      အဘ ကိုယ်တိုင်လည်း သူတို့ ဘာစံနစ်သုံးမယ် ဆိုတာ သေချာမသိသေးဘူး ။
      ပြောမှ မပြောတာကိုး ။ လျို့ဝှက်ချက် လုပ်ထားတာကိုး ။

      သူတို့က Infrastructure ၆ လ အတွင်းရမယ် ဆိုတော့ အဲလို စံနစ်မျိုးပဲထင်တာပဲ ။
      အခုထိတော့ Network လုံခြုံရေး စိတ်မချရဘူး လို့ကြားတယ် ။
      အပျော်သဘော စကားပြောရုံကတော့ ရမှာပေါ့ ။

      တကယ်လို့ မြန်မာနိုင်ငံက ဖွံ့ဖြိုး တိုးတက်လာလို့
      Confidential Data Transfer & Money Transaction လုပ်ချင်လာရင် ၊
      အဲဒီ ဖုန်း စံနစ်ကြီး ပြန်ဖျက် / ပျက် ရမလိုဖြစ်နေမပေါ့ ။

      မသိသေးပါဘူးဗျာ ။
      စွတ်ရွတ်ပြီးတော့ တော့ မထောက်ခံကြပါနှင့်အုန်းလို့ ပြောချင်တာပါ ။

      Reply

  • antimoe

    February 4, 2012 at 11:30 am

    အကုန်လုံးထုတ်ပြောလို့….
    ခွင့်ပြုစာတင်ထားတုန်း….
    planကြီးတစ်ခုလုံး ….ကော်ပီ ကူးသွားရင်….ဘယ့်နှယ်လုပ်မတုန်း…
    pasteလုပ်ရတာ…..လွယ်တဲ့သူများ/ခွင့်ပြုချက်မလိုသူများလည်း….ရှိနေတတ်လို့ပါ…။
    …..လို့များ……စောဒက…..တက်ချင်နေမလား…။

    ဂျပန်မှာyahoo! BB (အင်တာနက်ပါပြီး၊ ဒီဖုန်းရှိတဲ့သူအချင်းချင်း၂၄နာရီ ဖရီးပြောနိုင်၊ တခြားကိုခေါ်ရင်လည်း ဈေးပေါ) က …..
    စက်တွေ အလကားဝေတုန်းက….(၂၀၀၂-၃လောက်က) စက်စတင်သုံးနိုင်ဖို့…
    (နဂိုရှိတဲ့…)NTTနဲ့ ချိတ်ဆက် သုံးရတာဖြစ်တဲ့အတွက် ၂ရက်ခန့် စောင့်ပါဆိုတာမျိုးရှိတယ်။
    ဒါတွေအတွက်….NTTကလည်း တစ်ဖက်က ပုံမှန်ဝင်ငွေရမယ်။ သူကုန်ခဲ့ရတာတွေ အတွက်။

    mobile မှာဆို ……auဆိုတာကလည်း ကျောင်းသားဆိုရင် ပြောခ ၅၀%လျှော့ယူတာမျိုး…..
    softbankကလည်း….နာရီအချိန်ပိုင်းသတ်မှတ်ချက်နဲ့…. အချင်းချင်းပြောရင်…ဖရီးပေးတာမျိုး…..လုပ်နေတယ်။
    (၆လဆက်တိုက်သုံးမယ်ဆိုရင်)old model hand set ဖရီးရတယ်။
    ဒိလို serviceတွေအပြိုင်အဆိုင်ရှိပြီး……ပိုက်ဆံတွေ….ကဲ့ယူနေတယ်။
    တာဝန်လည်းမမဲ့ကြဘူး။
    sim cardကို limitလုပ်ထားတာမျိုး…..
    တာဝါတိုင်တွေ နေရာအနှံ့ထောင်ပြီး……
    hand set စက်ဖွင့်တာနဲ့….GPSကနေ……အနီးစပ်ဆုံး…ဘယ်မှာရှိတယ်ဆိုတာ သိနိုင်တယ်။
    မဟုတ်တာလုပ်တာကို အတိုင်းအတာတစ်ခုအထိ…..သိရှိ/ထိန်းသိမ်းနိုင်တယ်။

    ဂျပန်မှာ….၁၉၉၅လောက်က MD (Mini disk) Playerတွေပေါ်လိုက်သေးတယ်။
    သိပ်မကြာဘူး….digitalပစ္စည်းတွေ အသစ်ပြီးအသစ်တွေ…ထွက်လာလိုက်တာ…
    မြန်မာက နောက်ဆုံးပေါ်တွေကို အရင်သုံးလိုက်တော့….MDဆိုတာကို…..မလိုအပ်ခဲ့ဘူး။

    ဆိုတော့ကာ…..
    ဘာပဲလုပ်လုပ်…….အခုမှစလုပ်မယ်ဆိုတော့……အကောင်းဆုံး၊ အန္တရာယ်အကင်းဆုံးကို….ရွေးချယ်သင့်ပါတယ်။ ဒါ….အခွင့်အရေးပါ။

    Reply

  • antimoe

    February 4, 2012 at 11:34 am

    အထက်ပါအတိုင်းမန်းရင်းနဲ့ ဦးဖောကို ထောက်ခံသွားပါကြောင်း။

    Reply

  • manawphyulay

    February 4, 2012 at 1:21 pm

    မြန်မာတွေရဲ့ ထုံးစံကတော့ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း စနစ်တွေဘယ်လောက်ပြောင်းပြောင်း အကျင့်တွေက မပြောင်းပဲကိုးရှင့်။ ဟိုးအရင်ကလွတ်လပ်ရေးလိုချင်တော့ အင်္ဂလိပ်ကို ထောက်ခံတယ်၊ နောက် ဂျပန်တွေကို ထောက်ခံတယ်။
    နောက်ပိုင်း ခေတ်တွေပြောင်းလဲလာလည်း ဘာမှန်းမသိ ညာမှန်းမသိ ထောက်ခံကြပြန်ရော… အကျင့်ပါနေလို့ပါရှင်။
    တစ်လက်စထဲ အဘဖောပြောတာလေး ထောက်ခံသွားပါတယ်… 😛

    Reply

  • htoosan

    February 4, 2012 at 3:54 pm

    ဘဖော နဲ့ သူကြီးရေ .. ကျွန်တော် တို့ က လူပိ်န်းမို့လို့ လူပိန်းတွေး ဘဲ တွေးတယ် ဆိုတာ ပထမ ပြောပါရစေ ။ ဆက်သွယ်ရေးနည်းစံနစ်များလည်း နားမလည် ပါဘူး ။ ဒါကြောင့် လူပိန်းတွေးသာတွေးယူပါတယ် ။

    (၁) ဘာလို့လဲဆိုတော့ သူများနိုင်ငံတွေမှာ အလကား ရနေပြီဖြစ်တဲ့ ဆင်းကဒ်ကို ကျွန်တော်တို့ ဆီမှာ မရနိုင်ဘူးဆိုတာ ဘယ်လိုမှတွေးလို့ မရပါဘူး ။ ကိုယ်နဲ့ သိပ်မကွာတဲ့ ကမော္ဘ ဒီးယားလို နိုင်ငံတောင် ၃ ဒေါ်လာလောက်ဘဲ ကျပါတယ်ဆိုတော့ သူကြီးပြောတဲ့ infrastructure တွေ ကမော္ဘဒီးယားတွေ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်ကတည်းက ဆောက်ခဲ့ပြီးမှ အခု လျှော့ချနိုင်လာတာ မဟုတ်လောက်ဘူးလို့တော့ ယူဆမိပါတယ် .. ဒါက တစ်ချက်ပါ ။

    (၂) ဘဖော ပြောတဲ့ ရွှေပြည်တံခွန် ဘယ်စံနစ်သုံးမလဲ ….. ဒါ အဖြေလားတော့ ကျွန်တော်မသိပါဘူး ။ ကျွန်တော် ဆက်သွယ်ရေး အင်ဂျင်နီယာ မဟုတ်လို့ ပါ ။
    Parkroyal မှ စရှင်းတဲ့နေ့မှာ ကတည်းက ပြောခဲ့တာပါ ။ ဒီစံနစ်သုံးမယ်လို့ပြောခဲ့ပါတယ် ။

    “Universal Mobile Telecommunication System (UMTS) ဟုခေါ်သည့် ယင်းမိုဘိုင်းဖုန်းစနစ်ကို ဂျပန်နိုင်ငံတွင် ၂ဝဝ၁ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး အမေရိကန်နှင့် ဥရောပတွင် ၂ဝဝ၄ ခုနှစ်က စတင်သုံးစွဲခဲ့ကာ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်ရန်စီစဉ်နေသည်ဟု ပြောသည်။”
    ကျွန်တော်တော့ နားမလည်ဘူး ။ နားလည်သူများဖတ်ချင်ရင်တော့ ဆရာဝီ ဒီစာမျက်နှာ မှာ ။
    http://en.wikipedia.org/wiki/Universal_Mobile_Telecommunications_System

    ဒါလေးပြောပြီးလိမ်စားရင်တော့ ခံရမှာပေါ့နော် .. 😀

    (၃) ဒါက မက်ဆင်ဂျာ ဂျာနယ်က မေးထားတဲ့ မေးခွန်းဖြေထားတာ ..

    (Q) ဂျီအက်စ်အမ်ဖုန်းတွေကို မြန်မာငွေ ငါးထောင်လောက်နဲ့ ခြောက်လအတွင်း စရောင်းပေးမယ်ဆိုတော့ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ အဆောက်အဦးတွေကိုရော ဘယ်လိုစီစဉ်ထားပါသလဲ။
    (A) အခြေခံအဆောက်အဦးတစ်ခု၊ Infrastructure တစ်ခု တည်ဆောက်ရတာ ဘယ်လိုအခြေအနေမျိုးမဆို လေးငါးနှစ် ဆောက်ရမလား၊ နှစ် ၂ဝ စီမံကိန်းနဲ့ သွားရမလားလို့ စဉ်းစားကြမြဲပါ။ တကယ်က အဲလောက် မလိုပါဘူး။ လိုအပ်တဲ့ တာဝါတွေကို ခွင့်ပြုချက်ရတာနဲ့ သုံးလနဲ့ ခြောက်လအတွင်းမှာ ပြီးအောင် ဆောက်လို့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။

    (Q) အခု ရွှေပြည်တံခွန်က နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ်တင်ထားတုန်း အဆင့်ပဲ ရှိသေးတယ်။ ခွင့်ပြုမယ် မပြုဘူး မသိရသေးဘဲနဲ့ လူထုကို အသိပေးလိုက်တဲ့အပေါ်မှာရော ဘယ်လိုသဘောထားနဲ့ အသိပေးလိုက်တာပါလဲ။ လိုအပ်တဲ့ Infrastructure တွေက အသင့်ဖြစ်ပါပြီလား။
    (A) အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတယ်ဆိုတာ ပြည်သူကို အသိပေးတာပါ။ ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ ဒီနေ့ ခွင့်ပြုရင် မနက်ဖြန်စလုပ်မယ်။ စမယ်ဆိုတာနဲ့ ဘယ်လို စလုပ်မယ်ဆိုတာ Master Plan ရှိပါတယ်။ ခုချိန်မှာတော့ ပြောဖို့ စောနေပါတယ်။ တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။

    (၄)လုံခြုံရေးအတွက်။ ဥပဒေအရ ခွင့် မပြုနိုင်သေးဘူးဆိုရင် နားလည်နိုင်ပါတယ် ။ ဈေးချလို့မရတာ ၊Technically မဖြစ်နိုင်တာကို နားမလည်နိုင်တာပါ ။ အပေါ်မှာ ပြောခဲ့သလို ဘေးနိုင်ငံတွေ ဖြစ်နိုင်ရဲ့နဲ့ ဘာလို့ ကျွန်တော်တို့ မဖြစ်နိုင်တာလည်း ဆိုတာ နားမလည်တာပါ။ ပိန်းတာနော်… 😀

    (၅) လွှတ်တော်မှာ ဝန်ကြီးက ၂၀၁၁-၂၀၁၂ ဘဏ်ဒါရေးနှစ် မြန်မာ့ဆက်သွယ်ရေးမူဝါဒ အရ ကာလတိုငါးနှစ် (၂၀၁၁-၁၂ ကနေ ၂၀၁၅-၁၆) ရဲ့ ပထမနှစ်မှာ ဥပဒေတွေကို ခေတ် နဲံ့ လျော်ညီအောင် ပြင်ဆင်ရေးဆွဲမယ် ။ တည်ဆောက်ရေးနဲ့ ဝန်ဆောင်မူ့ လုပ်ငန်းတွေမှာ ပုဂ္ဂလိက ပါဝင်ရင်းနှီးမြုပ်နှံမူကို စတင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ် ။ PPP – Public Private Partnership ပုံစံဖြစ်ဆောင်ရွက်သွားမည် လို့ ပြောသွားပါသည်။

    (၆)မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှုး ဦး က္ကုဒိ္ဒလှ ကလည်း “ဥပဒေပြီးသွားရင် ကြိုက်တဲ့သူလာ လုပ်လို့ရသွားပါပြီ။ လက်ရှိ အခြေအနေ အရ ခွင့်ပြုပေးနိုင်ခြင်းမရှိသေးပါဘူး။ ဥပဒေ အတည်ပြုပြီးချိန်တွင် ပြည်တွင်းပြည်ပ ကုမ္မဏီများထဲမှ စိစစ်ကာ မိုဘိုင်းဖုန်း အော်ပရေတာ အဖြစ်လုပ်ကိုင်ခွင့်များကို ခွင့်ပြုပေးသွားမည်။ လက်ရှိအချိန်တွင် လက်ရှိရရှိထားပြီးဖြစ်သည့် ပြည်တွင်းပြည်ပမှ အဆိုပြုလွှာများတွင် ရာနုုန်းပြည့် ရင်းနီးမြုပ်နှံလိုသူများ၊ ပူးပေါင်းလုပ်ကိုင်လိုသူများ ပါဝင်ပြီး ဆင်းမ်ကတ်များကို လည်း အခမဲ့ ပေးရန် ကမ်းလှမ်းထားသည့် ကုမ္မဏီများပင် ပါဝင်သည်။ ဖုန်းလုပ်ငန်းမှာ အရှုံးမရှိသော လုပ်ငန်းဖြစ်သဖြင့် လူတိုင်းကလုပ်ကိုင်လိုကြပြီး ပျိုတိုင်းကြိုက်သည့် နှင်းဆီခို်င်ဖြစ်သည် ” လို့ ပြောခဲ့တော့ ကျွန်တော်တို့ လူပိန်းတွေ အတွက် ရွှေပြည်တံခွန် ကြီးက အားကိုးစရာကြီးဖြစ်နေတာ မလွန်ဘူးထင်ပါတယ်။

    (၇) တစ်ကယ်တော့ မြန်မာပြည်မှာ GSM လုပ်ဖို့ စပြီး ရခဲ့တဲ့ ကုမ္မဏီက ဦးနေဝင်းသား ဇွဲနေဝင်းပါ ။ ဆီဒိုနား ရဲ့ wing (3) မှာ လေးထပ်တစ်လွှာလုံးယူပြီး အဲ့ဒီစီမံကိန်းအတွက် စခဲ့ပါတယ် ။ နောက်မှ အထဲရောက်သွားလို့။
    ဲပြီးဆက်ရသူက ဦးခင်ညွန့်သား ရဲနိုင်ဝင်းတို့ အုပ်စုလို့ထင်ပါတယ် (ဒါတော့ မသေချာဘူးနော်) သူတို့လည်း ဆီဒိုနားရဲ့ ဒုတိယထပ် ယူပြီး ရုံးခန်းဖွင့်လုပ်ခဲ့တာပါ။
    လူတိုင်းကလုပ်ကိုင်လိုကြပြီး ပျိုတိုင်းကြိုက်သည့် နှင်းဆီခို်င်ဖြစ်သည် ဆိုသလို ရွေပြည်တံခွန် က Do or Die လုပ်ချလိုက်တယ်လို့ဘဲ ကျွန်တော်က ယူဆမိပါတယ် ။
    ဆရာကြီးများ၏ သားသမီး အဆက်အသွယ်များကို ကျော်ဖြတ်ဖို့က ဒီလမ်းဘဲရွေးစရာ ရှိတယ်ဆိုပြီး လုပ်ချလိုက်တယ်လို့ထင်ပါတယ် ။

    (၈) လောလောဆယ် ကတော့ ဆက်သွယ်ရေးကလည်း သူတို့ သုံးသိန်းတန်ဖုန်း ရအောင် ရောင်းဦးမှာပါဘဲ။ အဲ့ဒီ့တော့ ၅၀၀ဝ ဖုန်းမဖြစ်သေးပါဘူး ဆိုပြီး ကိုရင်စည်သူ့စကားငှါးသုံးရရင် ဖင်ပိတ်ငြင်းဦးမှာဘဲ ။ 😀 😀
    “သုံးသိန်းဘဲ ပေးရတယ်” ဆိုပြီး ပြောနိုင်သူများကလည်း မာဆွပ်က KTV က စင်တင် က သမီးလေးတို့ 2nd တို့ 3rd တို့ အတွက် ဝယ်ပေးကြဦးမှာဘဲ။
    “သုံးသိန်းတောင်” ဆိုရမဲ့ သူ အများစုကတော့ ၅၀၀ဝ ဖုန်းကိုသာ မျှော်ရဦးမှာပါ…..
    ီနိဂုံးချုပ်ရရင်တော့
    ရွေပြည်တံခွန်ကို ကျွန်တော်လည်း မသိပါဘူး ။ ကြားလည်း မကြားမိပါဘူး ။
    မိုက်မဲစွာ လို့ဘဲ ပြောရင် ပြောနိုင်ပါတယ် ။ ယုံကြည်ဆဲပါ။
    မျှော်လင့်ဆဲပါ ..ခိုင် … အဲဟုတ်ပါဘူး .. 😀 😀 မျှော်လင့်ဆဲပါ ရွေပြည်တံခွန် ရေလို့ဘဲ……..
    အဟဲ .. ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော် …

    Reply

  • kai

    February 4, 2012 at 4:24 pm

    ဖာဖာထေးထေးပြောရရင်… ကဒ်တခု ကျပ်၅၀၀ဝမှမဟုတ်..အလကားရမယ့်အချိန်ရောက်လာမယ် ထင်မိပါတယ်..။

    တိုင်းပြည်ဘဏ္ဍာဘယ်လို ..ဘက်ဂျက်ချသုံးသလည်း မသိရပါဘူး..
    သာမန်အားဖြင့်… အခွန်ငွေကနေ.. ငွေမရှာခဲ့တဲ့ စစ်အစိုးရအဆက်ဆက်က.. ဖုန်းကနေ..ငွေတော်တော်ရှာခဲ့ပြီး.. အဲဒီကနေမှ.. တိုင်းပြည့်ဘဏ္ဍာငွေဖြည့်ခဲ့တယ်လို့.. တွက်ကြည့်မိပါတယ်..။
    အဲဒီငွေနဲ့.. ပြည်တွင်းလည်ပါတ်ကျပ်ငွေတွေပြန်သဲ့ယူပြီး.. တခြားကဏ္ဍတွေကို.. ဝင်ဖြည့်ခဲ့ရပုံရပါတယ်..။

    ဆိုတော့…
    အစိုးရက.. အင်ဖရာချဲ့လုပ်လာနိုင်တာနဲ့အမျှ.. ဖုံးဈေးတွေကျလာမှာပါ..။
    ဒါပေမဲ့.. လျှပ်စစ်ထက်စာရင်.. ဆက်သွယ်ရေးအင်ဖရာက.. နောက်နေရာထားရမယ်လို့.. ထင်မိတာပါပဲ..။

    ဘက်ဂျက်ကို.. လျှပ်စစ်စွမ်းအင်ဖက်ပိုချသင့်ပြီး.. အဲဒီနောက်ကမှ.. လမ်းပန်းဆက်သွယ်ရေး.. နောက်ကမှ.. ဒေတာကွန်မြူနကေးရှင်းတွေအတွက် သုံးရမယ်ထင်မိတာပါပဲ..။ အကြံပေးပညာရှင်တွေ.. ဦးစားပေးအဆင့်ဆင့်ပိုသိပါလိမ့်မယ်..။
    အိုင်အန်အက်ဖ် အကြံညဏ်ယူလုပ်ရမှာပါ…။

    အင်း..
    ကြည့်ရတာ.. မဲဆွယ်ဖို့.. လက်နက်ကောင်းများဖြစ်နေသလားပဲ..။
    NLD ကမဲဆွယ်ရင်.. ထည့်သုံးလိုက်လို့ရနေပြီ..။ ရွှေပြည်တံခွန်ကို.. လှမ်းချိပ်သင့်နေပြိ..။ 😆

    Reply

Leave a Reply to Mလုလင် Cancel Reply

Your email address will not be published.