အသိမဲ့နေ့ရက်များကိုဖြတ်သန်းခြင်း

naywoon niJanuary 30, 20121min04

အဲဒိနေ့ကပေါ့……
ပျင်းပျင်းရှိတာနဲ့
ငါ့ရင်ဘတ်ထဲ ဖွက်ထားဖူးခဲ့တဲ့
မသိခြင်းသေတ္တာကို ပြန်လည်တူးဆွ
နားမည်ခြင်း password နဲ့ဖွင့်လိုက်တော့
တံဆိပ်သာမြင်ဖူးပြီး
အရသာမမြည်းစမ်းဖူးသေးတဲ့
အရက်ပုလင်းတွေရယ်…………
ခေါင်းစဉ်သာတွေ့ဖူးပြီး
ခုထိမဖတ်ဖြစ်သေးတဲ့ ဝတ္ထုစာအုပ်တွေရယ်……..
ခေါင်းစဉ်သာတပ်ထားပြီး
မရေးဖြစ်ခဲ့တဲ့
ကဗျာခေါင်းစဉ်သာပါတဲ့စာရွက်အလွတ်တစ်ချို့ရယ်…………..
ထွက်ကျလာခဲ့ပေါ့…..။
အဲဒိနေ့ကပေါ့
ဂျွမ်းမထိုးတတ်တာရယ်
ကြိုးတန်းပေါ်လမ်းမလျှောက်တတ်တာရယ်နဲ့
ဟော့ဒိဇာတ်ခုံပေါ်မှာ မင်းသားမဖြစ်လိုက်ရဖူး……။

ခွေးလိုအူပြီး မျောက်လိုကနေတဲ့ကောင်ကိုကျတော့
ဆုတွေဘာတွေချလို့…………
ငါ့ကိုကျတော့ မသိချင်ယောင်ဆောင်နေကြရဲ့
ဒါနဲ့ ငါလည်းနေရာကလှည့်ထွက်ခဲ့တော့တယ်…..။
အဲဒိလိုနဲ့…………..
မသိခြင်းသေတ္တာကို
ငါ့ရင်ဘတ်ထဲမှာပဲ သေသေချာချာ ပြန်ဖွက်ထားပြီး
နေ့တစ်နေ့ဆီကို ခရီးဆက်ခဲ့တာပေါ့……………..။

နေဝန်းနီ

4 comments

  • စိန်ပေါက်ပေါက်

    January 30, 2012 at 6:56 pm

    အူးနီ..အူးနီ
    မတိလို ့မေးပါရစေ
    ခွေးလိုအူပြီး မျောက်လိုကတာ ဘတူလဲဂျ

    အူးနီကတာ မမြင်ဖူးသေးလို ့ကပြပါဦး
    ကျနော်တို ့ဆုချပါမယ်.ကတိပေးတယ်.
    ကပြဘာ

    Reply

    • naywoonni

      January 30, 2012 at 7:24 pm

      မနေ့က ညက စကိုင်းနက်မှာကနေတဲ့ အကောင်ကိုတွေ့ပြီး ပါသွားတာ ဘယ်သတောင့်သားလဲ မသိပါဘူးကွာ…။ ကိုယ်ပိုင်မဟုတ်တော့ လ္ဘက်ရည်ဆိုင်က ပြတာပဲကြည့်ရတယ်လေ…………

      Reply

  • ရွှေဘိုသား

    January 30, 2012 at 7:08 pm

    ကျွမ်းမထိုးတတ်ရင် သင်ပေးမယ် သင်တန်းကြေးက အချင်းချင်းမို့ တစ်ဝိုင်းစာပေါ့ လက်ဖက်ရည်မဟုတ်ဘူနော် သဘောပေါက်

    Reply

  • windtalker

    January 30, 2012 at 7:10 pm

    အဲဒီနေ ့ကပေါ့
    မကျေနပ်ခြင်းတွေ နဲ ့
    ရေငတ် တွင်းထဲကျသွားတဲ့ နေ ့
    အဲဒီနေ ့ကပေါ့
    ကြယ်တွေမစုံတဲ့ည ကို
    တိုးတိုးလေး ရွတ်မိခဲ့တဲ့နေ ့

    Reply

Leave a Reply to စိန်ပေါက်ပေါက် Cancel Reply

Your email address will not be published.