သုံးခွကြားဖြတ် ခါးပြတ်လို့နေ

ywarther layJanuary 30, 20121min03

ဗဟိုဦးစီးစနစ်ကို လက်မခံပါဘူးဆိုတဲ့

ဒီမိုကရေစီဒေါ်စုကြည်

ဗဟိုဦးစီးစနစ်အမတ်လောင်းကြောင့်

သုံးခွ NLD နှစ်ခြမ်းကွဲသွားပြီ။

ဗဟိုဦးစီးစနစ်ကို   အရိုးစွဲနေသော

ကြံ့ခိုင်ရေးပါတီလူကြီးများ   ယခုကြားဖြတ်အမတ်လောင်းကို

ထိုးကြွေးလိုက်တာလား။

ရှေးကအကြွေးမကြေ၊ နောက်ကြွေးက ဗလဗွေ

ချေးလို့ ငှါးလို့မရ  ”တ.စ.ည”    ရဲ့   ဘဝ

ဒေါက်တာသန်းညိမ်း— မညိမ်းနိုင်သောသူ့ဘဝ။

သူ့ညီကိုပွဲထုတ်၊ သူမဟုတ်သလိုရုပ်ဖျက်  NDF

(ကဲ—ကဲ  ဘာလုပ်ကြမှာလဲ)

3 comments

  • ကိုပါကြီး

    January 30, 2012 at 4:59 pm

    ဗဟိုဦးစီးစနစ်ကို လက်မခံပါဘူး ဒီမိုကရေစီနည်းလမ်းကျကျ စုပေါင်းအဖွဲ့သဘောသွားမည်ဆိုသော်လည်း လူမျိုးကိုက စုပေါင်းအဖွဲ့အလုပ်မျိုး မလုပ်တတ်သေးပါ။
    မြန်မာများ နှစ်ယောက်ရှိရင် နှစ်ဖွဲ့ကွဲတတ်ကြပြီး၊ သုံးယောက်ရှိရင် သုံးဖွဲ့ကွဲတတ်ကြပါသည်။
    ထိုသို့ စုပေါင်းမလုပ်တတ်ကြသေးခြင်းမှာလည်း အမိန့်ပေးစေခိုင်းမှလုပ်တတ်သော အာဏာရှင်စနစ်များအောက်မှာ ကြီးပြင်းခဲ့ရသောကြောင့်ဖြစ်ပေ၏။
    ဒီမိုကရေစီစနစ်သို့ သွားလိုပါက မြန်မာများ သဘောထားကြီးစွာ ဆောင်ရွက်တတ်ဖို့အတွက် စုပေါင်းလုပ်ကိုင်တတ်စေရန် သင်တန်းများပေးဖို့လိုပေသည်။
    အထူးသဖြင့် အခြေခံပညာရေးကနေစပြီး စုပေါင်းလုပ်ကိုင်တတ်သော သင်ခန်းစာများကို အထူးအလေးထားသင်ကြားပေးမှသာလျှင် အနာဂတ်ကာလများတွင် ဒီမိုကရေးစီလမ်းစဉ်ဖြင့်အကောင်းအအထည်ဖော်နိုင်မှာဖြစ်ပါသည်။

    Reply

  • mggwa

    January 30, 2012 at 5:52 pm

    လူ အုပ်ချုပ်မှု ဗဟိုဦးစီး၊
    ပညာရေးစနစ် ဗဟိုဦးစီး၊
    စီးပွားရေး ဗဟိုဦးစီး၊
    ကျန်းမာရေး ဗဟိုဦးစီး၊
    ဆက်သွယ်ရေး ဗဟိုဦးစီး၊
    မိသားစုအတွင်း ဗဟိုဦးစီး၊
    – – – – – – – – – ဗဟိုဦးစီး၊
    – – – – – – – – – ဗဟိုဦးစီးတွေ ဖြစ်နေရခြင်းက
    မြန်မာထေရဝါဒီဘာသာရေး ဗဟိုဦးစီ၏ သွန်သင်ချက်ကနေ ပေါက်ဖွားလာတဲ့ ဆိုးမွေပဲ။
    ဗုဒ္ဓဘုရားက လူ့အဆင့်အတန်း (ရဟန်းအဆင့်အတန်း= အုပ်ချုပ်သူ၊ အအုပ်ချုပ်ခံ) ခွဲခြားသော ဇာတ်ဝါဒစနစ်ကို ပယ်ရှားခဲ့ပြီး အစုအဖွဲ့ (သံဃာ)ကို အလေးထားသော ဒီမိုကရေစီစနစ်ကို လမ်းညွှန်ဖော်ဆောင်ခဲ့သူပဲ။
    ဗုဒ္ဓနည်းလမ်းကျကျ အစစ်အမှန်သာ သင်ယူခွင့် ရခဲ့ကြပါက ထိုကဲ့သို့ အစုအဖွဲ့ကွဲစရာမဖြစ်နိုင်ပါခင်ဗျ။

    Reply

  • ကြက်ဖင် ( အကယ်ဒမီ )

    January 30, 2012 at 9:18 pm

    ကိုယ့်စိတ်နဲ့နှိုင်းမရိုင်းဘူးလေကွာ
    ခင်ဗျားနှမှကို လူစုပြီးချနေတဲ့ကောင်တွေကို ဒီလိုမလုပ်ဘို့ ဝင်ပြီးဖျန်ဖြေတဲ့လူကို
    ခင်ဗျားနှမ ကိုချခြင်တဲ့ကောင်လို့ လွယ်လွယ်လေးပြောတာလား
    သနားစရာကောင်းတဲ့သတ္တဝါထဲမှာ ခင်ဗျားလည်းပါတယ်
    ကျွတ်ကျွတ်ကျွတ်

    Reply

Leave a Reply

Your email address will not be published.