သံတွဲက လို်င်စင်စီရဲ့လူမဆန်တဲ့လုပ်ရပ်

kyawkyaw11January 29, 20121min06

မြုံပြင်ကျေးရွာမှာ ဆင်းရဲသားတောင်သူလယ်သမားတစ်ဦးမှာ

ကျွဲတစ်ကောင်ဟာ ကျမ္မာရေးမကောင်းဘဲ မထနိုင်ဖြစ်သွားလို့  ဆွေမျိုးတွေဝိုင်းပြီး

ဒီကျွဲကို လှီးပြီးဝေငှ ကာ ပိုင်ရှင်ကို ထောက်ပံ့လိုက်ကြပါတယ်

ဒါကိုလိုင်စင်စီက သိသွားပြီး ရဲကိုခေါ်သွားကာ ငွေ (500000) ကျပ်တောင်းပါတယ်

ငွေမပေးနိုင်ရင်ထောင်ချမယ်ပြောပြီး ချိန်းရှောက်လို့ ပိုင်ရှင်မှာ အတိုးနဲ့ချေးပြီးလျှော်လိုက်ရပါတယ်

ခုလိုဆင်းရဲသားတွေကို ဥပဒေမဲ့လုပ်နေတာတွေကိုလုပ်နေတာဟာ ဒီတစ်ကြိမ်မကတော့ပါဘူး

လိုင်စင်စီကကောဥပဒေနဲ့အညီလုပ်နေတာလဲဘာမှမတွေ့ရဘူး

အာဏာပိုင်တွေကို လဘ်ထိုးပြီး လုပ်ချင်တာလုပ်နေတဲ့ လူတွေကို

ထိရောက်တဲ့အရေးယူမှုမျိုးတွေလုပ်ဘို့လိုပါပြီ

ဒီလိုဆင်းရဲသားပပျောက်ရေးဆောင်ရွက်နေတဲ့ခေတ်မှာ ဆင်းရဲသားတွေကိုနှိပ်စက်နေတဲ့

အမြတ်ကြီးစားတွေကို နှိပ်ကွပ်ဖို့ အချိန်တန်ပြီလို့ထင်ပါတယ်

ဂျိတ္တောသား ငထွား

6 comments

  • ဖွတ်ငပျင်း

    January 29, 2012 at 8:57 pm

    ရှုး တိုးတိုး ၊ သူကြီးသားရဲ့သငယ်ချင်း ချက်ကြီးရှိနေတယ် တိုင်သံကြားရင် သူကြီးကို
    မျက်နှာလိုမျက်နာှရ ပြန်ပြောလိုက်မှဖြင့် နှလုံးပြူး နဲ့ဆော်ပလော်ထိခံနေရအူးမယ် ၊
    တိုင်စာမတင်နဲ့လို့ပြောထားတယ်လေ ၊
    အား စာရေးရတာ ပျင်းလိုက်ထှာ ။

    Reply

  • ဘမျိုး ဘိုးတူ

    January 29, 2012 at 9:04 pm

    ဟ ငါ့ကောင်ရ မင့်နှယ် ဒီလောက်ကြီးမဟုတ်နိုင်ပါဘူး ဒီလောက်လေးတော့ အော်ခွင့်ရှိရမပေါ့
    ပုဂ္ဂိုလ်ရေး မှ မဟုတ်တာကွယ် ဒီလောက်လေးမှပြောခွင့် ဆိုခွင့်မရတော့ရင် ဒီဂေဇက်ကြီးက
    အလကား ဟာကြီး ဖြစ်ပေတော့မပေါ့ကွ ။ အဘ တော့ အားပေးတယ် ဒီလောက်မတရားမှုကြီးကို
    အဘ တော့ခေါင်းဖြူနေပေမဲ့ မစဉ်းစားတတ်ဖူး ၊ အဆင်ပြေသလိုသာ ဆက်လုပ်ပေတော့ ။

    Reply

  • kyawkyaw11

    January 29, 2012 at 9:25 pm

    သူငယ်ချင်းတို့ပြောတာမှန်ပါတယ်
    တို့ သံတွဲမှာ ဒီလိုမတရားမှုတွေကိုဖေါ်ထုပ်ဘို့က ဒီရွာဘဲရှိလို့ပါ
    ဒို့မြို့လေးသာယာလှပဖို့ ဝိုင်းဝန်းကူညီကြပါစို့

    Reply

  • ချစ်ရင်ထူး

    January 29, 2012 at 9:40 pm

    ကျွန်တော် သိသလောက် နဲနဲဝင်ပြောမယ်နော်၊ အမဲ တော့မသိပါဘူး၊ ဝက်တော့သိတယ်၊ ဝက်လဲ လိုင်စင်ရှိတာပဲလေ၊ ဒါပေမယ့် လိုင်စင်က မြူနီစပါယ် နယ်နိမိတ် အတွင်းမှာပဲ သက်ရောက်မှု ရှိတာလေ၊ အဲဒါကို ဗျာ အပြင်တွေကို လဲ ထွက်ဖမ်းလို့ ဖမ်း၊ အဲဒါကို မသိတဲ့ အပြင်က ဝက်သားသည် တွေက ကြောက်လန့်ပြီးတော့ ရဲကိုပေး၊ လို်င်စင်သမားကိုပေးနဲ့၊ တစ်ကယ်တော့ ဘာမှ ကြောက်စရာ မရှိပါဘူး၊ ပေးစရာလဲ မလိုပါဘူး၊ မြူနီစပါယ် နယ်နိမိတ် အပြင်မှာဆိုရင် သူတို့ ဘာမှ လုပ်လို့မရပါဘူး၊ ဥပဒေ လဲမရှိပါဘူး၊ ညာစားနေကြတာပါ၊ တစ်ကယ်ပါဗျာ၊ ပြောကိုမပြောချင်တော့ပါဘူး၊

    Reply

  • ကြောင်ကြီး

    January 30, 2012 at 9:56 am

    ငါကတော့ ကျွဲပဲ သနားဒယ်။ သူ့ခင်မျာ ကျွန်လည်းခံရသေး မလုပ်နိုင်တော့ အသတ်စားလည်းခံရသေး..။ ေဩာ်လူတွေလူတွေ သူများကြတော့ မညှာမတာ လုပ်ရက်လိုက်တာ၊ ကိုယ့်အလှည့်ကြတော့…… 🙄

    Reply

  • Potter Herry

    January 30, 2012 at 11:13 am

    လိုင်စင်စီ အမည်နဲ့ ငရဲ (ရဲစုတ် ရဲနာ ) အမည်လေး သိရရင် ပြောပါဦး
    ခွေးသားရေမှာ ရေးချင်လို့ ဘယ့်နယ်ပါလိမ့်နော် မတရားမှုတွေက
    ကြာလေ ကြီးစိုးလေပါလား ၊ ခက်လိုက်ပါဘိတော့ ။

    Reply

Leave a Reply

Your email address will not be published.