အလုပ်နှင့်အိမ်ထောင်ကျခြင်း

သားငယ္January 29, 20121min013

အလုပ်နှင့်ထောင်

သင်ထောင်ကျနေပါက ၈ ပေ ၁ဝ ပေ အခန်းထဲတွင်နေရသည်
အလုပ်ထဲတွင်မှု ၆ ပေ ၈ ပေ အကန် ့ထဲတွင် အလုပ် လုပ်ရသည်

ထောင်ထဲတွင် တနေ ့သုံးကြိမ် ထမင်းစားရသည်
အလုပ်ထဲတွင် နေ့လည်စာ စားဖို ့အချိန်လုနေရသည်

ထောင်ထဲတွင်ကောင်းကောင်း နေပါကလျှော့ရက် ရသည်
အလုပ်ထဲတွင် ကောင်းကောင်းလုပ်နိုင်ပါက အလုပ်များများပိုလုပ်ရသည်

ထောင်ထဲတွင် တီဗွီကြည့်ြ့ပီး ဂိမ်းကစားနိုင်သည်
အလုပ်ထဲတွင် တီဗွီကြည့်ပြီး ဂိမ်းကစားပါက အလုပ်ပြုတ်သွားလိမ့်မည်

အိမ်ထောင်ကျခြင်း

အိ်မ်ထောင်မပြ ုမီ အမျိုးသားက အမျိုးသမီးလက်ကို ကိုင်ပြီးလမ်းလျှောက်ခြင်းမှာ
အချစ် ဖြစ်သည်
အိမ်ထောင်ပြုပြီး အမျိုးသမီးလက်ကို ကိုင်ထားခြင်းမှာ မိမိကိုယ်ကို ကာကွယ်ထားခြင်းဖြစ်သည်

အိမ်ထောင်ပြုခြင်းမှာ ရန်သူနှင့်အတူအိပ်ရသော တစ်ခုထဲသော စစ်ပွဲဖြစ်သည်

အိမ်ထောင်ပြ ုပြိးပါက ယောက်ျားကမိန်းမနှင့် စကားစမြည်ပြောချင်သည်
မိန်းမက ကွက်စိပ်ဆရာလိုပြောချင်သည်..

အိမ်ထောင်ပြုချိန်ဆိုသည်မှာ ယောက်ျားက ဘွဲ ့တစ်ခုရချိန်ဖြစ်ပြိး
မိန်းမက.မဟာဘွဲ ့တစ်ခုရချိန်ဖြစ်သည်

လက်ထပ်ထိန်းမြားခြင်းမှာ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်
အချစ်မှာ မျက်စိမရှိ ထို ့ကြောင့် လက်ထပ်ထိမ်းမြားခြင်းမှာ မျက်မမြင်တို ့ခိုကိုးရာဖြစ်သည်။

13 comments

    • သားငယ်

      January 31, 2012 at 2:40 am

      ကျနော်..မေ ့သွားလို ့ပါ ဗျာ..ကျနော်ကိုယ်တိုင်ရေးတာတော့ ဒီဘလောက်ထဲမှာ ဘဲ..ဒါပေမယ့်.
      သူများရေးထားတဲ ့စာသားပါဗျာ..ဘယ်ကကူးထားမှန်း မသိတော့လို ့..ဟိဟိ..

      Reply

      • kai

        January 31, 2012 at 3:58 am

        4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။

        ပြဿနာလောလောလတ်လတ်ကို တက်ထားလို့ပါ..။
        ဒီပို့စ်ကို ဖျက်ပါမယ်နော…
        ကော်မန့်ရေးထားသူများလည်း.. ရောပြီး ပွိုင့်နှုတ်ခံရမှာဖြစ်ပါတယ်..။

        Reply

        • သားငယ်

          February 1, 2012 at 11:23 pm

          တဂျီးရေ..တစ်မျိုး.မထင်ပါနဲ ့.ကျနော်..မနက်ပိုင်းခေါက်ဆွဲစားရင်နဲ ့..ဂျာနယ်တွေဖတ်တယ်ဗျ
          လက်ဖက်ရည်ဆိုင်မှာပေါ့…အဲ့ဒိထဲက.စိတ်ဝင်စားတာလေးတွေကို နုတ်ပတ်ထဲ..ကူးထားတတ်တယ်…ဒါပေမယ့် ဂျာနယ်တွေက အများကြီးဆိုတော့..ဘယ်ဂျာနယ်
          ထဲမှာရေးထားမှန်းမသိလို ့ပါဗျာ..နောက်ကို..အထူး.သတိထားပြီတော့..မူရင်းအစစ်အမှန်ကို
          မှတ်သားထားပါ့မယ်…

  • kokothandar

    January 29, 2012 at 2:06 pm

    မျက်စိပြန်မြင်တယ်လေ သားတွေ သမီးတွေရလာတဲ့အချိန်မှာ အဲဒီကျတော့ ပုဆိုးမနိူင် ထမိန်မနိူင် ဖြစ်ပေမဲ့
    တစ်ယောက်ကို တစ်ယောက် မျက်မမြင် ဆိုတာမေ့ပြီး ကလေးကို ကြည့်မဝဖြစ်နေကြမှာလေ

    Reply

  • kyeemite

    January 30, 2012 at 11:27 am

    ထောင်ထဲတွင်ကောင်းကောင်း နေပါကလျှော့ရက် ရသည်။ လွတ်ငြိမ်းချမ်းသာခွင့်နှင့် တစ်နေ့လွတ်နိုင်သည်.
    အိမ်ထောင်ကမူ..လျှော့ရက် မရှိ။ လွတ်ငြိမ်းချမ်းသာခွင့်မရှိ။ တစ်သက်တစ်ကျွန်းပေတည်း။
    သို့ ပါရွေ့ ဂရုပြုကြပါကုန် လူပျိုဂျီး အပျိုဂျီး တို့..

    Reply

  • shweminnthar

    January 30, 2012 at 2:22 pm

    အိမ်ထောင်ပြုခြင်းဟူသည်…
    အလွန်နာမည်ကြီးပြီးတကယ်တမ်းညံ့ဖျင်းသောဇတ်ပွဲနှင့်တူပေ၏…
    ရုံပြင်မှလူများကလည်းရုံတွင်းဝင်ချင်ကြသကဲ့သို့…
    ရုံတွင်းမှလူများကလည်းရုံပြင်ထွက်ချင်ကြပေ၏..
    မှတ်သားကြကုန်လော့…ကာလသားသမီးအပေါင်းတို့..

    Reply

  • etone

    January 30, 2012 at 2:32 pm

    အလုပ်နဲ့ ထောင်ရေးထားတာတော့ သိပ်သဘောမကျချင်ပါဘူး … ။
    အလုပ်က အလုပ် ၊ ထောင်က ထောင်ဖြစ်လို့ပါပဲ … ။မတူညီတဲ့နေရာနှစ်ခု… လားလားမှ မတူတဲ့ နေရာမျိုးမို့ပါ ။ အလုပ်ဆိုတာမျိုးက အခကြေးငွေရဖို့ ၊ ပညာရဖို့အတွက် မိမိက ရွေးချယ်ပြီးလုပ်ကိုင်နေခြင်းမျိုးပါ ။
    ထောင်ဆိုတာမျိုးကတော့ … ထိုက်သင့်တဲ့ အပြစ်ဒဏ်ခံစားရဖို့ အပြစ်ဒဏ်တစ်ရပ်အနေနဲ့ သီးခြား နေထိုင်ရခြင်းမျိုးပါပဲ … ။

    အလုပ်ကိုသာ လိုလိုချင်ချင်လိုက်ရှာတတ်ကြပေမယ့်.. ထောင်ထဲတော့ လိုလိုချင်ချင် ဝင်မယ့်လူရှားပါတယ် …။ နောက်ပြီး ဂိမ်းဆော့လို့ရတဲ့ ထောင် … တကယ်ရှိသလားရယ်လို့ စိတ်ဝင်စားမိပါရဲ့ ။ 🙄

    Reply

  • သားငယ်

    January 31, 2012 at 2:39 am

    အလုပ်နှင့်ထောင် မတူညီတဲ ့ကွာခြားချက်တွေ ရှိနေပေမယ့်..တူညီတာတစ်ခုကတော့..အဲ့ ၂ ခုလုံးကို.
    လုပ်ဖို ့ကြောက် တဲ ့သူတွေပိုများမယ်ထင်ပါတယ်…ဟိဟိ..ကျနော်ဆို.အလုပ် လုပ်ရမှာလည်း ကြောက်တယ်
    ထောင်ထဲဝင်ရမှာလည်း ကြောက်တယ်..ကွိ ကြောက်တာ ကတော့ တူပါတယ်..ဟဲဟဲ..

    Reply

  • Kaung Myat Thu

    March 1, 2012 at 3:58 pm

    ကျွန်တော့်ခယ်မတစ်ယောက်ရှိတယ်။အစ်ကို့မိန်းမပေါ့။အစ်ကိုကစိတ်မကြည်ရင်မကြည်သလိုသူ့မိန်းမကို
    ရိုက်တတ်တယ်။အဖေကဝင်ဝင်တားရတယ်။ခဏခဏရိုက်လွန်းလို့။
    ကျွန်တော့်ခယ်မကသူ့အခန်းနံရံမှာစာရေးထားတယ်။
    အိမ်ဟူသည်အပျိုမလေးများရဲ့အကျဉ်းထောင်၊-အိမ်ရှင်မများရဲ့ဘုံဗိမ္ဘာန်။
    အရီုးကွဲအောင်ရိုက်မှအသဲစွဲအောင်ချစ်သည်။-တဲ့

    Reply

    • etone

      March 1, 2012 at 4:57 pm

      မိန်းမတွေ အပေါ် .. အဲ့ဒီလို နိုင်ထက်စီးနင်း လုပ်တတ်တဲ့ ယောကျာ်းကို လေးစားဖို့ မပြောနဲ့ … လုံးဝကို အထင်မကြီးပါဘူး … ။ အထူးသဖြင့် … လက်လွန် ခြေလွန် ပြုမူရိုင်းပြတတ်သော ယောကျာ်းများကို ဆိုလိုပါတယ် … ။
      ဒါကြောင့်လည်း လင်ဆိုး မယား တဖားဖား ဆိုတဲ့ စကားပုံပေါ်လာတာဖြစ်ရမယ် … ။
      အရိုးကွဲအောင် ရိုက်မှ အသည်းကွဲအောင် ချစ်တယ် ဆိုတဲ့ ဘယ်ငဒူထွင်လိုက်တဲ့ စကားပုံမှန်း မသိ … အနိုင်ကျင့်ခြင်းကို အားပေးတဲ့ စကားပုံ … လုံးဝကို သဘောမတွေ့လှဘူး … ။

      လင်နဲ့မယား ချစ်လို့ ယူထားမှတော့ .. စိတ်တိုတိုင်း လက်လွန်ခြေလွန် လုပ်စရာလား … ။
      အရိုးကွဲအောင် ရိုက်မှ အသည်းကွဲအောင် ချစ်တယ်ဆိုတဲ့ စကား ….နားကို မလည်နိုင်အောင်ပါပဲ .. ကျွန်မသာဆို .. ချစ်တာက ချစ်တာသက်သက် .. အသားထိလို့ကတော့ …. ရေကုန်ရေခမ်း … ပြန်တွယ်မိမှာပဲ … 👿

      မိန်းမတွေ အကြောင်းမဲ့ ယောကျာ်း အနိုင်ကျင့်ခြင်းမှ .. ကင်းဝေးကြပါစေနော် …

      Reply

    • MaMa

      March 1, 2012 at 9:21 pm

      ပိုစ့်နဲ့တော့ မဆိုင်ပါဘူး။
      ဒါပေမယ့် မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ လွဲနေသလားလု့ိ။
      မရမ်းသီးကို စကားထာဖွက်ရင် အစ်ကို့မယား အိပ်ချင်ပြီ လို့ ဖွက်တယ် မဟုတ်လား။
      ခုဟာက အစ်ကို့မိန်းမကို ခယ်မ လို့ ရေးထားတော့ကာ……
      လွဲနေပြီ ကျောင်းဒကာရေ့………..

      Reply

Leave a Reply to Kaung Myat Thu Cancel Reply

Your email address will not be published.