နောင်ဘဝ

kokothandarJanuary 29, 20121min08

snow htet ရဲ့၂၄ ့ နာရီဘဲအသက် ရှင်မယ်ဆိုရင် post လေးသတိရလို့ရေးမိတာပါ အဲဒါသိတာနဲ့ ငရဲမင်းကြီးကျွှန်တော့်ကို ရအောင်ခေါ်ပါလို့ message အမြန်ပို့မယ်

နတ်ပြည်မှာနာမည်ပါနေရင် ဖျက်ပေးပါဆိုတဲ့ တောင်းပန်message သိကြားမင်းစီပို့မယ် မကောင်းတာလုပ်ကြတဲ့ ယောက်ကျားတွေများတဲ့ခေတ်မှာ သေချာတာက နတ်ပြည်မှာ နတ်သားရှားပြီ ။ဒီတော့နတ်သမီး ခွဲတမ်း အပြည့်ရမယ် အလှအပ ဖန်တီး လွန်းတဲ့ခေတ်မှာ beauty  parlour သွားမှာတို့ center မှာဈေးဝယ်မှာတို့ မိန်းမသဘာဝ သပနပေါင်းစုံ  လုပ်နေကြတာတွေအတွက်  လူ့ပြည်မှာ အိမ်ကဟာမကြီးတစ်ယောက်တောင် ရူးချင်ချင်ဖြစ်ရတာ အင်အားပြည့်နတ်သမီးတွေနဲ့ဆို ရူးပြီ နတ်ရူးလေး ဖြစ်တော့လဲ နတ်သက်ရှည်တော့ အကြာကြီး ရူးရအုံးမယ့်အရေး ရင်လေးမိပါရဲ့  အရေးထဲ နတ်သားနဲတော့ နတ်သားတွေရဲ့ duty တွေမှာ overtime ဆင်းရအုံးမယ်  နားမယ်ကြံပြန်တော့ သိကြားမင်းက တ့ရားမှတ်ခိုင်းအုံးမယ်  အောင်မလေး  …အောင်မလေး………….ဟောငရဲပြည်ရောက်ရင်  လာတ်ပေး လာတ်ယူ

ကျွှမ်းကျင်တဲ့ ရွှေမြန်မာဘဲဗျာ  ရွှေကြီးကို   ခေတ်ပျက်သူဌေးတစ်သိုက်က လာတ်ပေးပြီး အိတ်ထဲထည့်ထားသလို ငရဲမင်းကြီးကို လဲ အိတ်ထဲထည့် ထားလိုက်မယ်

အကြော်ဆီ ဌာနကို ခေတ်ပျက်သူဌေးတွေ  ဆီဆိုင်တွေရအောင်ယူကြသလိုမျိုးနဲ့  လာတ်ထိုးပြီးရအောင်ယူမယ် ပိုတဲ့ဆီတွေ လူပြည်ကိုမှောင်ခိုပို့မယ်   ဆီဂိုဒေါင်ဘေးမှာ

အနှိပ်ခန်း။ကာရာအိုကေ။ အရက်ပုန်း။နှစ်လုံး သုံးလုံး ဘောလုံးဒိုင်တွေဖွဲ့ပေးမယ်။ငရဲမင်းနဲ့ ငရဲသားပလိပ်တွေရဲ့ ပါးစပ်ကို လာတ်နဲ့ပိတ်ထားမယ်         နောက်ကျသွားရင် ကိုယ့်ထက် လာတ်ပေးကောင်းတဲ့လူတွေ နဲ့တွေ့မဲ့အရေးကြောက်လွန်လွန်းလို့ message က ok လိုံ့ဖြေမဲ့အချိန်ထိသားအသက်ရှင်ပါစေတော့  ၂၄နာရီထိ မစောင့်ဘဲ

သတ်သေဘို့အဆင်သင့်ပါဘဲ                 ငရဲမင်းကြီးရေ ခေတ်ပျက်သူဌေးတွေထက်သာသူ ဖြစ်အောင် လုပ်ပြမဲ့ငရဲသားအသစ်လေး ကို ရအောင်ခေါ်ပါနော်လို့

8 comments

  • ဟိုက် …..
    ကျုပ်တို့လို လူပိုဂျီး အဲလေ လူပျိုဂျီးတွေ ကဒေါ့
    နတ်ပြည်ပဲတတ်တော့မယ် …
    ပြီးရင် နတ်တမီးတွေနဲ့ ဇိမ်ခံ ဘယ်လောက်အဆင်ပြေလဲ
    အရမ်းပိုနေရင် တရုတ်ကို မှောင်ခိုသွင်းလိုက်မယ် …. ငှဲ ငှဲ (ဤကား ကပေ့နှင့် ကပေါက်ဖော် အကြံတည်း)
    တရုတ်မလေးတွေကိုလည်း အင်ပို့သွင်းလိုက်မယ် …. (ဤကား ဦးကြောင်နှင့် ဂီဂီ အလိုတည်း) …. 😛

    Reply

  • စိန်ပေါက်ပေါက်

    January 29, 2012 at 2:30 pm

    အလိုလေး
    ငရဲပြည်ထိအောင် တက်ပြီးနယ်ချယ့်နေကြပါပကောလား ဟရို ့

    Reply

  • လာ …. သွားမယ် ….. ။
    ခီများ ကို ကျုပ်ကိုယ်တိုင် လာခေါ်တာ …….. ။
    မလိုက်ဘူး ငြင်းလို့ကတော့ အတင်း ဆွဲခေါ်မှာနော် ………. ။ ကျုပ်က ဗလ တောင့်တယ်။ ဗေလုဝ ကို မြင်ဖူးတယ် မို့လား ……… 😀

    Reply

  • MaMa

    January 29, 2012 at 8:43 pm

    အဂ္ဂမဟာကြီးရဲ့ သင်္ကြန်စာ ဟောစာတမ်းက မောင်ကင်းအလိုတော့ မပါပါလား။
    အဖွဲ့သားချင်း လက်တို့ရဦးမယ်။ နတ်ပြည်တက် ချင်တာ မဟုတ်ဘူးလား။ :mrgreen:
    ပြောရမယ်ဆိုရင်- ဒီခေတ်ကြီးမှာ နာမည်အရှည်ကြီးတွေ ခေတ်စားလာသလားလို့။ (အနတ္တ……..အံဇာတုံး ဆိုလား…) 😀
    kokothandar ရေ-
    ဒီစာရေးတာ နာမည်ဝှက်နဲ့ မဟုတ်လား။
    မဟေသီ သိရင် ကိုကိုသန်ဒါကနေ မဟေသီအမိန့်နဲ့ ကိုကိုပြန်မလာ ဖြစ်သွားရဦးမယ်။ 😆
    ဒါထက် စကားမစပ် လာတ် ပေးရင် ကြိုက်မှာ မဟုတ်ဘူး။
    လာဘ် ပေးရမှာ ထင်တယ်နော်။
    (သတ်ပုံအသင်းအလုပ်လုပ်ကြောင်း သက်သေပြတာ။)

    Reply

    • ဟီး
      မမ ရေ တတ် မြောက်တဲ့ တတ် ကို ဘယ်လိုလုပ် မှားရေးမိပါ့လိမ့်
      မမ ပြောမှပဲ သိတော့တယ်ဗျ … 😀
      သများတို့ အသင်းဘက် စိတ်ပါသွားလို့ထင်တယ်
      အခုတစ်လော စာရိုက်တာ သဒ္ဒါကို သတိမထားမိဘူးဖြစ်တယ်
      တော်ပြီ လစာပေးထားတဲ့ အသင်းမှာ သေချာ ပြန်အလုပ်လုပ်မှ ဖြစ်တော့မယ်
      သများ အသင်းဝင်ပြီး ပေါက်ကရလျှောက်လုပ်နေရင် သူများတွေ မျက်စိနောက်နေတော့မယ်
      ခင်မင်စွာဖြင့်
      မင်းကောင်

      Reply

  • kokothandar

    January 30, 2012 at 8:42 am

    မမရေ ကျေးဇူးပါ ရေးရတာကလဲ အိမ်က ဂြိုလ်မကြီးအလစ်ဆိုတော့ ပိုစ်တင်ချင်ဇောနဲ့ သတ်ပုံမစစ်လိုက်မိပါ
    လာဘ် ကအမှန်ပါ။ ဟော ရေးနေရင်းနဲ့အိမ်ဘက်အပြန်လာရင်း ဘေးခန်းနဲ့အတင်းတုုတ် နေတဲ့ဂြိလ်မကြီး
    အသံကြီးကြားရပြီ
    တာ့တာ ပါ မမရေ။

    Reply

  • nyanakyaw

    January 30, 2012 at 8:59 am

    ကောင်းတယ်ဗျာ၊ ကိုယ်တကယ်မသိဘဲ ရောက်မှာအလွန်ကြောက်နေတဲ့သူတွေအတွက်တော့ အားဆေး တစ်ခွက်ပဲဗျို့။

    Reply

  • windtalker

    January 31, 2012 at 2:19 pm

    အဟမ်း
    ကိုကိုသန်ဒါ ရေ
    ဟောင်းရင်ဂျောင်း
    ပြောင်းရင်ကောင်း တဲ့
    ဆိုရိုးပြောပါတယ်
    ဟီဟိ

    Reply

Leave a Reply to အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING Cancel Reply

Your email address will not be published.