သာဓုခေါ်ကြသည်

htet wayJanuary 29, 20121min06

တလောက ခရစ်ယာန်အဖွဲ့က ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို နာရေးကူညီမူနဲ့ ပတ်သက်ပြီး P.H.D ပေးတယ်။တကယ်တန်းနာရေးကူညီမူက အရေးကြီးပါတယ်။ကောင်းတာလုပ်တာကိုကောင်းမြတ်ပါတယ်လို့
ထောက်ခံချီးမွှမ်းခြင်းဟာ သာဓုခေါ်ခြင်းပါပဲ။
ကျွန်တော်တို့ မြို့က ဦးကျော်မြင့်ဆိုတဲ့ သစ်စက်ပိုင်ရှင်တစ်ဦးက လွန်ခဲ့သော နှစ်၂ဝလောက်ကတည်းက နာရေးကုညီမူတွေလုပ်နေခဲ့တယ်။အခုလည်းလုပ်နေတာပဲ လူတစ်ယောက်သေပြီဆိုရင်
သူကခေါင်းတစ်လုံးတော့ပေးတယ်။ခေါင်းအတွက် အကူအညီတောင်းသူတွေလူ ၃၀ဝထက်မနည်းကူညီပေးခဲ့တယ်လို့ ကြာ းသိရပါတယ်။
ဆင်းရဲသူတွေကလည်းခေါင်းတစ်လုံးဖိုးအတွက် အတော်ပဲ စိတ်ညစ်ကြရပါတယ်။နာရေးဖြစ်သွားပြီဆိုတာနဲ့ နည်းနည်းကုန်ကျစရိတ်ကြီးတာခေါင်းပဲလေ။ ၄သောင်း၅သောင်းလောက်ကုန်တယ်။
နယ်မြို့တွေမှာက လူသေရင် ဝိုင်းလုပ်ပေးကြတယ်။၃ရက်ထားတယ် နောက်မြေချတယ်ပေါ့။ မြို့စွန်က သိင်္ချိုင်း ကို ထမ်းရတာ၊ အခုတော့ တွန်းလှည်းရှိနေပြီ အလှူရှင်တွေရှိနေပြီ။ဒီမှာ ငွေကြေးလုံးဝမတတ်နိုင်တဲ့
လူတွေက ဦးကျော်မြင့်ကိုပြောကြရင် ဦးကျော်မြင့်ကခေါင်းဖိုးတော့ထုတ်ပေးတယ်။ကုန်ကျခံပြီးမညီးမညူဆောင်ရွက်ကူညီပေးတယ်။နောက်လိုအပ်တာတွေလည်းလိုသလိုဆောင်ရွက်ပေးတာပါပဲ။
ကျွန်တော်ဆိုလိုချင်တာက အားနည်သူကို ဝိုင်းကူပေးတတ်တာဟာ မြန်မာစိတ်ဓါတ်ပါ။မင်္ဂလာတရားတော်ပဲ။နောက် ကောင်းတာကို ကောင်းမြတ်လှပါတယ်လို့ပြောတာ သာဓုခေါ်တာပဲလေ။ကျွန်တော်တို့တွေဟာ
ဘာသာလူမျိုးမခွဲခြားပဲ ကောင်းတာကိုကောင်းတယ်လို့ ထောက်ခံရဲရပါမယ်။ ခရစ်ယာန်အသင်းတော်ကြီးကဦးဆောင်ကာ ဦးကျော်သူနဲ့ အဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံတယ်၊ ကောင်းမြတ်လှပါတယ်လို့ ပြောတာဟာ
သာဓုခေါ်ခြင်းလို့ ကျွန်တော်နားလည်လိုက်ပါတယ်။ဒီလို မျိုး မည်သည့်ကောင်းမြတ်မူကို မဆို အများအကျိုးအတွက် ထမ်းရွက်ရင် သာဓုခေါ်ရမှာပါလို့ကျွန်တော်တွေးမိပါတော့တယ်။

6 comments

  • စိန်ပေါက်ပေါက်

    January 29, 2012 at 12:28 pm

    ခရိယာန် ဘာသာကွဲ ဧမာနွေလဘုရားကျောင်းက ဦးကျော်သူကို P.H.D ပေးလိုက်တော့ ကျနော်တို ့
    မြန်မာဟ…ဗုဒ္ဓဘာသာဟ..ဘုရားဂေါပက ဟဆိုပြီး ကိုယ့်အိတ်ထဲကိုယ်ထည့်နေတဲ့လူတွေအစား ရှက်တောင် ရှက်မိသေးပါရဲ့

    လူမျိုး၊ဘာသာ၊ခလေး၊လူကြီး ကောင်းတာလုပ်သူမှန်သမျှ ချီးကျူးအသိအမှတ်ပြု..ကူညီထောက်ပံ့ပေးစေလိုပါကြောင်း ပြောပါရစေ
    ဆရာထက်ရေ

    Reply

    • ကောင်းတာ လုပ်တာလူမှန်သမျှ
      ကောင်းမှုအားလုံးအတွက်
      ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်ဆိုပါ၏
      (သာဓု၊ သာဓု၊ သာဓု)
      ……………………………………………….
      ကပေါက်ဖော်ရေ ဒါပေမယ့်
      သူကြီးတူမကို ခင်ဗျားသိမ်းမယ့်ကိစ္စ သာဓု မခေါ်နိုင်ဘူး …..
      သိမ်းချင်ရင် ခင်ဗျားနဲ့ ပြိုင်ပစ်မယ် ဂွတော့မဟုတ်ဘူး သရေကွင်းနဲ့ …………. 😛

      Reply

  • htet way

    January 29, 2012 at 8:23 pm

    ကောင်းတာလုပ်တာကို ကောင်းမြတ်ပါတယ်လို့ထောက်ခံ သာဓုခေါ်လိုက်တဲ့
    ဆောင်းပါးလေးပါ။

    Reply

  • ဦးဦးပါလေရာ

    January 30, 2012 at 12:18 am

    ဒီနေ့ သာဓုခေါ်စရာတွေ တယ်များပါတကား။
    အပေါ်က ကွန်မင့်သုံးခုအတိုင်း သဘောတူထောက်ခံပါသဗျို့…

    Reply

  • padonmar

    January 30, 2012 at 1:49 am

    ဒီလို လူသိတင်ရှားမဟုတ်တဲ့ စိတ်စေတနာကောင်းသူတွေ လောကကြီးထဲရှိနေပါတယ်ဆိုတာ ထောက်ပြပေးလိုက်သလိုပါပဲ ဆရာထက်။သာဓုပါနော်။

    Reply

  • htet way

    January 30, 2012 at 11:12 am

    ဖတ်ပြီး သာဓုခေါ်ပေးတဲ့ အတွက် ကျေးဇူးပါဒေါက်တာ

    Reply

Leave a Reply to htet way Cancel Reply

Your email address will not be published.